Pages

.

မေတ္တာရှင်ကြိုး…ဆွဲလျှောက်ကြစို

  • မြတ်တမန်ချစ်တဲ့ အွမ္မသ်သီ
    မြတ်တမန်နှုတ်မှာ သီးနေသည်။
    အချိန်တိုင်းရင်မှာ တသသ
    အွမ္မသ်သီအတွက် “ရဟ်မသ်”…ပ။
  • ညစဉ်နိုးထ ဆွလာသ်မှာ
    ငိုကြွေးလျက် မြတ်သျှင်ထံ
    အပြစ်ငရဲမှ လွတ်ငြိမ်းကြောင်း
    အွမ္မသ်သီအတွက် “မဂ်ဖွေရသ်”…တောင်း။
  • နောင်အနာဂတ်ရဲ့ အွမ္မသ်သီ
    မြတ်တမန်သောက ရှိနေသည်
    လမ်းဖြောင့်လမ်းမှန် လျှောက်နိုင်စွမ်း
    အွမ္မသ်သီအတွက် “ဟေဒါယသ်”…လမ်း။
  • ရုပ်ခန္ဓာကြွင်း၍ နာမ်ခွာချိန်
    ရင်မှသောက လျှံထွက်ချိန်
    မြတ်တမန်ရဲ့ နောက်ဆုံးစကား
    အွမ္မသ်သီ… အွမ္မသ်သီနဲ့ ရွတ်ဆို…သွား
    အွမ္မသ်သီအတွက် မေတ္တာတရား။
  • မြတ်ရှင်အချစ်ကို ရဖို့ရည်
    မြတ်တမန်ခြေထပ် လိုက်ရမည်
    သက်ရှိကုရ်အာန်လို့ ပမာတင်စား
    မြတ်တမန်ရဲ့ အကျင့်တရား
    စံပြုလောက်တဲ့ စွန္နသ်လမ်း
    အွမ္မသ်သီအတွက် “ရှဖါအသ်”…နန်း။
  • လိုက်နာကြပါ အွမ္မသ်သီ
    ဂိုဏ်းဂဏမစွဲရင် “သောင်ဟီးဒ်”…ညီ
    လူ့ဘောင်လောက အကျိုးပြု
    “အဲဟ်စာန်”ကိုလည်း ကျင့်သုံးပြု
    နှစ်ဘဝရဲ့ အောင်မြင်မှု
    မေတ္တာရှင် မျက်နှာတော် ရွှင်ပမှု။ ကိုမိုးဝေ (သမိုင်း)
 http://coatnw.wordpress.com/

No comments:

Post a Comment

Note: only a member of this blog may post a comment.