အတွေးအခေါ်တွေတိုးတက်လာသည့်ခေတ် သို့ တိုးတက်စပြုလာသည့်ခေတ်မှာ အတွေးအခေါ်ကြောင့်
အယူမမှား လမ်းကြောင်းမမှား ရလေအောင် သတိပေးဆောင်းပါအနေနဲ့ အတွေးအခေါ်နှင့် သောင်(ဝ်)
ဟီးသ် ကိုအခြေခံခြင်းဆိုတဲ့ခေါ်င်အောက်မှာ စာအနည်းအကျဉ်းကိုရေးချင်ပါတယ်ခင်ဗျာ။
ယနေ့ကျွန်တော်တို့ မုစ္စလင်မ်များအတွေးအခေါ် ဗဟုသုတအတော်လေးတိုးတက်လာသည်ကိုတွေ့
ရခြင်းကြောင့် အလွန်အမင်ဝမ်းသာပီတိဖြစ်ရပါတယ်။ အချို့ဆိုကိုယ်ပိုင်းအတွေးအခေါ်များနှင့်ပင်ရပ်တည်
နေနိုင်ကြပြီဖြစ်တယ် ဒါဟာလည်း ဂုဏ်ယူစရာပါပဲ။ ဒီလိုဝမ်းသာပီတိဖြစ်စရာ၊ ဂုဏ်ယူစရာ တွေနှင့်အတူ
ဝမ်းနည်းစရာအချို့လည်းပါဝင်လာသည်ကား အခြားမဟုတ် ယနေ့ကျွန်တော်တို့ခေတ်လူငယ်အများစု၏
အတွေးအမြင်များ၌ “သောင်(ဝ်)ဟီးသ် ကိုအခြေခံမှုအားနည်းခြင်း” “သောင်(ဝ်)ဟီးသ် ကိုအခြေခံမှုနှင့်
လုံးလုံးလျားလျားကင်းကွာနေခြင်း” “သောင်(ဝ်)ဟီးသ်ကို ဆန့်ကျင်နေခြင်းတွေ” ကိုတွေ့၊မြင်၊ကြားသိရ
တော့ စိတ်ထဲမကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့လူငယ်တွေအနေနဲ့တွေးရမည် ထွင်ရမည်ဆိုတာ
မှန်သောလည်း ကျွန်တော်တို့ဟာ ကလေမာဖတ် သက်သေထွက်ဆိုပြီး အစ္စလာမ်ကိုလက်ခံထားတဲ့
မုစ္စလင်မ်တွေဖြစ်တဲ့အတွက် ကျွန်တော်တို့ရယ့်လုပ်ရပ်တိုင်း၊ အကြံစည်တိုင်း၊ အတွေးအမြင်တိုင်းမှာ
“သောင်(ဝ်)ဟီးသ်ကိုအခြေခံနိုင်ဖို့၊အခြေခံထားဖို့လိုအပ်ပါတယ်”ယနေ့ခေတ်မှာ ခံစားချက်ကလူကို
ကြိုးကိုင်နိုင်တဲ့ခေတ်မဟုတ်တော့ပါဘူး ဦးနှောက်ကလူကိုကြိုးကိုင်နိုင်တဲ့ခေတ်အသွင်ပြောင်းလည်းလာပါ
ပြီ။ အတွေးအခေါ်မှားရင် အယူမှား၊ အစွဲမှား၊ လမ်းကြောင်လွဲတွေနဲ့ ဘဝဖြတ်သန်းမှုကြီးတစ်ခုလုံး
အဲ့ဒီ့ အယူမှား၊ အစွဲမှား၊ လမ်းကြောင်းလွဲတွေနဲ့မသိမသာကုန်ဆုံးသွားမှာဖြစ်တယ်။ ဒါဟာမိမိတစ်
ယေက်တည်းအဆင့်ပဲရှိပါသေးတယ် အကယ်၍သာမိမိဟာ မိမိ၏ သောင်(ဝ်)ဟီးသ်ကိုအခြေမခံထား
သည့်အပြင် လွဲမှားသောအတွေးအမြင်များအား မိမိပတ်ဝန်းကျင်သို့ အများစုအား ချပြခဲ့သည်
ရှိသော် အထူးသဖြင့်မုစ္စလင်မ်တို့အားချပြခဲ့သည်ရှိသော် မိမိ၏သောင်(ဝ်)ဟီးသ်ကိုအခြေမခံသော်
သို့လွဲမှားသောအတွေးအမြင်များသည် ထိုသူတို့အပေါ်၌အနည်းနှင့်အများ သက်ရောက်မှုရှိမည်ကမလွဲ။
အကြင်သူများအနက် မိမိ၏သောင်(ဝ်)ဟီးသ်ကိုအခြေမခံသောအတွေးသို့လွဲမှားသော်အတွေးတို့ကို
လက်ခံလိုက်နာကျင့်သုံးပြုလျင် အကြင်သူသည်အလိုအလျောက်မိမိ၏နောက်လိုက်ဖြစ်ပြီး မိမိသည်လည်း
အလိုအလျောက် ဦးဆောင်လမ်းသစ်ဖောက်သူဖြစ်သွားမည်မှမုချ။ ထို့အတူသောင်(ဝ်)ဟီးသ်ကိုအခြေမခံ
သည့် အခြားအတွေးအခေါ်ရှင်တစ်ဦးဦး၏အတွေးအမြင်များ သို့ မိမိ၏အတွေးအမြင်တို့အား
အတွေးအမြင်ဆိုင်ရာတိုးတက်ရာတိုးတက်ကြောင်း ဗဟုသုတအဖြစ် ဖြန့်ဖြူးခြင်း၊ မျှဝေခြင်း၊ များ
ပြုထိုက်သောလည်း ထိုအတွေးအမြင်များအား မိမိတို့၏ ဘဝဖြတ်သန်းမှု၌အမှန်ဟုမှတ်ယူကာ
လိုက်နာကျင့်သုံးခြင်း၊ ဖြန့်ဖြူးမျှဝေခြင်း၊အလျှင်မပြုသင့်။ ထိုအတွေးအမြင်များအားအမှန်ဟုမှတ်ယူ
လိုက်နာကျင့်သုံး၊ ဖြန့်ဖြူး၊ မျှဝေခဲ့ပါမူ မိမိသည်အလိုအလျောက်ထိုအတွေးအခေါ်ရှင်၏နောက်လိုက်
ဖြစ်သွားပေမည်။ ထိုအတွေးအမြင်များအားအမှန်ဟုမှတ်ယူဖြန့်ဖြူးမျှဝေခဲ့ပါမူ မိမိသည် အလိုအလျောက်
ထိုအတွေးအခေါ်ရှင်၏ အယူအဆ၊ဝါဒများအား ဖြန့်ဖြူးမျှဝေသူအသွင်ရောက်သွားပေမည်။ အကယ်၍
တွေးခေါ်ရှင်၊ တွေးခေါ်သူ သို့မိမိတို့၏အတွေးအမြင်များသည် အစ္စလာမ့်အတွေးအမြင်၊
အစ္စလာမ့်အဆုံးအမများ၊ အစ္စလာမ့်အကြောင်းအရာများနှင့်တူညီနေခဲ့သည်ရှိသော် အစ္စလာမ့်
အတွေးအမြင်များ၊ အစ္စလာမ့်အဆုံးအမများ၊ အစ္စလာမ့်အကြောင်းအရာများကို ကိုးကားသင့်ပေသည်
“ဤသို့ပြုခြင်းဖြစ်သာသနာအားမြင့်တင်ရာလည်းရောက်ပေမည်” “အသုံးပြုသူတို့လည်း
စိတ်ချလက်ချစိတ်အေးလက်အေးရှိပေမည်” တွေးခေါ်ရှင်တွေးခေါ်သူများအနေနှင့် တွေးခေါ်ရှင်
တွေးခေါ်သူအချင်းချင်း သောင်(ဝ်)ဟီးသ်အခြေခံစရာမလိုသူများနှင့် လွတ်လပ်စွာ ဆွေးနွေး၊
ဖြန့်ဖြူး၊ မျှဝေ၊ ကိုးကား၊ မှုများကိုစိတ်ကြိုက်လုပ်နိုင်သောလည်း အစ္စလာမ့်ဝန်းကျင်နှင့်လူငယ်များ၊
ဥာဏ်ရည်မဖွင့်ဖြိုးသေးသူများ၊ ဥာဏ်ရည်မမှီသူများ၏ရှေ့၌မူ သောင်(ဝ်)ဟီးသ် ကိုအခြေခံထားထား
သောအတွေးအမြင်များ၊ အလ္လာဟ်၊ရစူလ်၊အစ္စလာမ်အတွေးအမြင်၊အဆုံးအမများကို အခြေခံ၊ ကိုးကား
၍ချပြသင့်သည်။ ထိုနည်းတူစွာပင်အတွေးအမြင်တို့အား လက်ခံ၊ လိုက်နာ၊ ကျင့်သုံး၊ စံပြု၊ ခံယူ
တော့မည်ဆိုလျင် သောင်(ဝ်)ဟီးသ် ကိုအခြေခံထားထားသောအတွေးအမြင်များ၊
အလ္လာဟ်၊ရစူလ်၊အစ္စလာမ်အတွေးအမြင်၊အဆုံးအမများကို အခြေခံ၊ ကိုးကားခြင်းရှိမရှိစစ်ဆေးပြီးမှ
လိုက်နာ၊ ကျင့်သုံး၊ စံပြု၊ ခံယူသင့်ပေမည်။ ဒီလောက်နဲ့ပဲအဆုံးသက်ပါရစေ
အားလုံးပဲ စလာမ်ပါခင်ဗျာ
ဝန်ခံချက်၊ ကျွန်တော်သည်လည်း အတွေးအခေါ်ဆိုင်ရာပို့များကိုကိုယ်တိုင်ရေးသားမျှဝေလျှက်ရှိပါတယ်
ကိုယ်တိုင်ရေးတွေကိုတော့အတက်နိုင်ဆုံး သောင်(ဝ်)ဟီးသ်ကိုအခြေခံပါတယ် အတွေးအမြင်တိုးတက်
ရာတိုးတက်ကြောင်း အတွေးအမြင်ဆိုင်ရာ copy post တွေကိုလည်းမျှဝေခဲ့ဖူးပါတယ်၊ အကယ်မျှဝေဖြစ်မည်ဆိုရင်မျှဝေပါဦးမည်။
No comments:
Post a Comment
Note: only a member of this blog may post a comment.