(အမာလီကဟ်တိုင်းသူပြည်သား) တို့သည် မဟာလူထွားကြီးများ ဖြစ်ကြ၏။ ၄င်းတို့၏ အရပ်အမောင်းသည်
လူသာမန်များထက် အဆပေါင်းများစွာ မြင့်မားကြပြီး ခန္ဓာကိုယ်အလေးချိန်သည်လည်း
လူသာမန်များထက်
အဆမတန် လေးလံကြပါတယ်။ အမာလီကဟ်ပြည်သူပြည်သားများသည်
တည်ငြိမ်အေးချမ်းမှုကို နှစ်သက်
မြတ်နိုးကြ၏။
လူသားအချင်းချင်း ချစ်ခင်ကြင်နာမှုနှင့်အတူ အပြန်အလှန် ရိုင်းပင်းကူညီတတ်ကြ၏။
အမာလီကဟ်ဘုရင့်ပြည်၏ အခြားတစ်ဖက်တွင်
အတ်ကဇားမ်ဘုရင့်ပြည်တည်ရှိ၏။ ကဇမ် (အတ်
ကဇားမ်တိုင်းသူပြည်သား) တို့သည်
လူသေးလေးများဖြစ်ကြ၏။ ၄င်းတို့၏ အရပ်အမောင်းသည် လူသာမန်
တို့၏ လက်ချောင်းကလေးမျှလောက်သာ ရှိပေသည်။ ခန္ဓာကိုယ်အလေးချိန်မှာမူ
အလွန်ပင်ပေါ့ပါးလေ၏။
အတ်ကဇားမ် တိုင်းသူပြည်သားများသည် ဖြူစင်ရိုးသားသူများ
ဖြစ်ကြ၏။ လူသားများ၏ ကောင်းစားရေးကို
သာကိုလိုလားပြီး အပြန်အလှန် စာနာထောက်ထားတတ်ကြသူများ
ဖြစ်ကြပေသည်။
အမာလီကဟ်ပြည့်ရှင် ဘုရင်မင်းမြတ်၏
သားတော် အင်မလားက်ဗတ်ွရှားန်သည် အလွန်တရာပင်
ယုတ်ညံ့သိမ်ဖျင်းသူဖြစ်သည်။ သူသည် အတ်ကဇားမ် တိုင်းသူပြည်သားများအား
မတရားသဖြင့် ဖိနှိပ်ညှဉ်း
ပမ်းလေ့ရှိ၏။ ကဇမ်လူမျိုးတို့၏ အိုးအိမ်စည်းစိမ်များကို
ဖြိုဖျက်ပစ်ခြင်းသည် ၄င်း၏ စိတ်ဖျော်ဖြေမှု တစ်ခုမျှ
သာဖြစ်သည်။ ကဇမ်လူမျိုးတို့သည် ၄င်းအားမြင်လျှင်
ကြောက်လန့်ခြင်းကြီးစွာဖြင့် အသက်လုကာ ပြေးကြ
သည်ရှိသော် ရယ်ပွဲနွှဲမဆုံးတော့ပေ။
တစ်နေ့သောအခါ အတ်ကဇားမ်ပြည့်ရှင်
ဘုရင်မင်းမြတ်သည် အင်မလားက်ဗတ်ွရှားန်၏ ကြည်
ဖြူလိုလားမှုကို ( ကဇမ်လူမျိုးများအတွက်
မထိအခိုက်မရှိဘဲနှင့် ) ဘယ်သို့ဘယ်ပုံ ရယူနိုင်မလဲဟူသော အ
တွေးဖြင့် ကြာမြင့်စွာ ( မှိုင်တွေငေးမောလျှက်
) ထိုင်နေတော်မူ၏။ ပျားတစ်ကောင်သည် အတ်ကဇားမ်ပြည့်
ရှင် ဘုရင်မင်းမြတ်၏ ထိုအခြေအနေအား သိမြင်သဖြင့်
ရှေ့တော်မှောက်သို့ အခစားဝင်ပြီးလျှင် “ အတ်က
ဇားမ်ပြည့်ရှင် ဘုရင်မင်းမြတ်ကြီးရှင် ၊ အဘယ်ကြောင့်
စိတ်မသက်မသာ ဖြစ်နေရပါသလဲရှင် ” ဟု လျှောက်
ထားမေးမြန်းလေ၏။ ထိုအခါ ဘုရင်မင်းမြတ်က ပျာအား အင်မလားက်ဗတ်ွရှားန်နှင့်
(အနှိမ်ခံ) ကဇမ်လူမျိုး
များ၏ အခြေအနေကို ပြောပြအဖြေပေးတော်မူလေသည်။
ပျားသည် အတန်ငယ်မျှ စဉ်းစားပြီးလျှင် “ ကျွန်မ အသင်ဘုရင်မင်းမြတ်ကို မကြာမီ
ကူညီပါ့မယ် ”
ဟု ပြောလိုက်သည်။ ထို့နောက် မိမိဘက်မှ ကူညီနိုင်မည့်
အတိုင်းအတာနှင့် လမ်းကြောင်းတို့ကို ဘုရင်မင်း
မြတ်အား ရှင်းလင်းပြောပြ၏။
တစ်နေ့တွင် အမာလီကဟ်ပြည့်ရှင်၏သားတော်
အင်မလားက်ဗတ်ွရှားန်သည် ကဇမ်လူမျိုးတို့ကို
ရိုက်နှက်နှိပ်စက်လေ၏။ ထို့နောက် ထုံးစံအတိုင်း အော်ဟစ်
ရယ်မောလေ၏။ ( ထင်ရာပြု၍ ) မိမိဘာသာ
မောပန်းသွားသောအခါ (ထိုနေရာဝန်းကျင်တွင်ပင်)
အိပ်စက်နေတော့၏။ ၄င်း၏ အိပ်မက်ထဲတွင် မိမိအိပ်
ရာမှ နိုးလတ်သော် ကဇမ်လူမျိုးတို့အား မည်သို့ပြုရမည်ကို
မြင်မက်နေလောက်ပေမည်။
အင်မလာက်ဗတ်ွရှားန်သည် မိမိနားအတွင်းမှ
ကျယ်လောင်စူးရှသော အသံတစ်သံကြောင့် အိပ်
ရာမှနိုးလာ၏။ ထိုအသံပြင်းကြီးသည် အခြားမဟုတ်ပေ။ ၄င်း၏နားအတွင်းသို့
ပျား ၀င်ရောက်အော်မြည်နေ
ခြင်းဖြစ်သည်။ အင်မလာက်ဗတ်ွရှားန်သည် မိမိနားအတွင်း၌
ကျယ်လောင် စူးရှသော အသံပြင်းကြီးကြောင့်
အသံကုန်အော်ဟစ်ကာ ကူပါကယ်ပါတစ်ဆာဆာဖြင့် ခုန်ပေါက်နေတော့၏။
မည်သည့် အင်မလာက်လူမျိုး
တစ်ဦးတစ်ယောက်ကမျှ ၄င်းခံစားနေရသော ဝေဒနာမှ သက်သာရာရစေရန်
ရပ်တည် ကုသပေးကြသည်မ
ရှိပေ။ ၄င်း၏အခြေအနေသည် တစ်နေ့တစ်ခြား အဆိုးဘက်သို့
ဆိုက်ရောက်လာ၏။ အိပ်၍လည်း မရသည့်
ဖြစ်အင်။ နာကျင်မှုကြောင့် အော်ကြီးဟစ်ကျယ် မြည်တမ်းလျှက်သာ
ရှိ၏။
အတ်ကဇားမ်ပြည့်ရှင် ဘုရင်မင်းမြတ်သည် အင်မလားက်ဗတ်ွရှားန်ထံသို့ လူမမာမေးမြန်ရန်
အ
လို့ငှာ ရောက်ရှိလာတော်မူခဲ့သည်။ ထို့နောက် အင်မလားက်ဗတ်ွရှားန်အား
“ ကျွန်ုပ် သင့်ကိုကူညီဖို့ အသင့်
ရှိပါတယ်။ အသင့်ရဲ့ဝေဒနာ ပျောက်ကင်းသက်သာသွားပြီးတဲ့အခါမှာ
ကဇမ်လူမျိုးတို့ကို တရားလက်မဲ့ နှိပ်
စက်ညှင်းပမ်းတာမျိုး မလုပ်တော့ပါဘူးဆိုတဲ့
ကတိတစ်ခုတော့ ပေးရပါလိမ့်မယ် ” ဟု တောင်းဆိုတော်မူ၏။
ထိုအခါ အင်မလားက်ဗတ်ွရှားန်က “ ကျွန်ုပ်ကတိပေးပါတယ်။ သဘောတူပါတယ်။ သင်ကူညီမယ်လို့ ကျွန်ုပ်
ယုံကြည်မျှော်လင့်ပါတယ် ” ဟု
အားကိုးတကြီးဆိုလာ၏။
အတ်ကဇားမ်ပြည့်ရှင်ဘုရင်မင်းမြတ်က
အင်မလားက်ဗတ်ွရှားန်အား ပက်လက်အနေအထား အိပ်
စေ၏။ ထို့နောက် ကဇမ်လူမျိုးများထဲမှ ခွန်အားဗလတောင့်တင်းသည့်
လူအမြောက်အများတို့ကို ၄င်း၏ရင်
ဘတ်ပေါ်သို့ တက်စေပြီးလျှင် တုတ်ချောင်းများဖြင့်
ရိုက်ရန်အမိန့်ပေး၏။ ထိုကဲ့သို့ ပြုလုပ်ရခြင်းမှာ အတ်က
ဇားမ်ပြည့်ရှင် ဘုရင်မင်းမြတ်နှင့် ပျားတို့အကြား
ကြိုတင်တိုင်ပင်ထားခြင်း ဖြစ်သည်။ ပျားသည် အချက်ပေး
သံကို ကြားရသော် အင်မလားက်ဗတ်ွရှားန်၏ နားတွင်းမှ
လျင်မြန်စွာထွက်၍ ဝေးရာသို့ ပျံသန်းသွားလေ၏။
ထို့နောက်ပိုင်းတွင် အင်မလားက်ဗတ်ွရှားန်သည်
ပြန်လည်ကျန်းမာလာခဲ့၏။ ကဇမ်လူမျိုးတို့အား
(မိမိပေးခဲ့သည့် ကတိစကားနှင့်အညီ) ကူညီစောင့်ရှောက်၏။ အတူတကွ ဆော့ကစား၏။ ညှဉ်းပမ်းနှိပ်စက်
ခြင်း မပြုတော့ပါချေ။
အမာလီကဟ်ပြည့်ရှင် ဘုရင်မင်းမြတ်
နတ်ရွာစံသောအခါ သားတော်အင်မလားက်ဗတ်ွရှားန် နန်း
တက်၏။ ထိုအခါ ၄င်းသည် ကဇမ်လူမျိုးတို့အား ကူညီရိုင်းပင်းပါမည့်အကြောင်း
၊ ကာကွယ် စောင့်ရှောက်ပါ
မည့်အကြောင်း မကြာခဏ ထုတ်ဖော် မိန့်ကြားတော်မူ၏။
ဤသည် ဘ၀သင်ခန်းစာတစ်ခုကို သင်ယူခဲ့ခြင်း
၏ ရလဒ်ပင်ဖြစ်သည်။ သေးငယ်လှသော ပျားလေးတစ်ကောင်သည်
မဟာလူထွားကြီးတစ်ဦးကို အရေးယူ
နိုင်ကြောင်း မှတ်သားထားရန် လိုအပ်ပေသတည်း။
အလ်အာလင်မ် ညီညီနိုင်။
http://www.naynaingthu4.blogspot.com/
No comments:
Post a Comment
Note: only a member of this blog may post a comment.