ညဉ့် အိပ်ယာဝင်ချိန် ကျင့်စဉ်များ
အလ္လာအရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏
အခါတစ်ပါးက တမန်တော်မြတ်( ဆွ) ကိုယ်တော်က ဟဇရသ် အလီ(ရသွိ) သခင်အား မိန့်တော်မူသည်မှာ အိုအလီ၊ အသင်သည် ညဥ့် စဉ်တိုင်း ၅ခုသော ကောင်းမူကို ပြုမူ၍ အိပ်စက်ပါလေ။
၁။ ဒီနားရ် ဒင်္ဂါ လေးထောင် ဆွဒကာဟ်ပေးလှူ၍ အိပ်လော့၊
၂။ ကုရ်အာန်ကျမ်းမြတ်ကို အစအဆုံး တစ်ကြီမ်ဖတ်၍ အိပ်လော့။
၃။ဂျန္နသ် ဥယျာဉ် ဘုံနန်း၏ အဖိုးအခကိုပေး၍ အိပ်လော့။
၎။ခိုက်ရန် ဖြစ်ပွားနေသူ နှစ်ဦးကို ဖြန်ဖြေ၍ အိပ်လော့။
၅။ ဟဂ်ျ တစ်ကြီမ်ပြုလုပ်၍ အိပ်လော့။
ထိုအခါ ဟဇရသ် အလီ(ရသွိ) သခင်က ပြန်လည်မေးလျှောက်သည်မှာ- ယာရစူလလ္လာဟ် ဤအရာများကား ကြီးလေးခက်ခဲလှပေစွ၊ အဘယ်မှာ ကျွန်တော်မျိုး ပြုမူပါအံနည်း၊ ထိုအခါ ကိုယ်တော်မြတ်က ထပ်ဆင့်၇ှင်းလင်း၍ မိန့်တော်မူသည်မှာ-
၁။စူရာဟ်ဖွာသေဟဟ်(အလ်ဟမ်းဒုလစ်လ္လားဟ်) အစအဆုံး လေးကြိမ်ဖတ်၍ အိပ်ပါလေ၊ဤသည်ကား ဒီနားရ် ဒင်္ဂါလေးထောင် ဆွဒကာဟ်ပေးလှူခြင်းနှင့် ညီမျှသောအကျိုးစ၀ါဗ်ကို သင်၏ အမလ်နာမလ် မှတ်တမ်းတွင် ရေးမှတ်ခြင်းခံ၇ပေအံ။
၂။စူရာဟ် အစ်ခ်လားဆွ် (ကွလ်ဟုဝလ္လားဟုအဟာဒ်) အစအဆုံး သုံးကြိမ်ဖတ်၍ အိပ်ပါလေ၊ ဤသည်ကား ကျမ်းတော်မြတ်ကုရ်အာန် အစအဆုံး တစ်ခေါက်ဖတ်သည်နှင့် ညီမျှသော အကျိုးစ၀ါဗ်ကို ရရှိပေအံ့။
၃။ဒရူးဒ်ရှရီးဖ် သုံးကြိမ်ဖတ်၍ အိပ်ပါလေ၊ ဤသည်ကား ဂျန္နသ် ဥယျာဉ်ဘုံနန်း၏အဖိုးအခကို ပေးဆောင်၇ာမည်ပေသည်။
၎။အစ်သစ်ဂ်ဖာရ်း(အပ်စ်သတ်ဂ်ဖိရွလ္လာ) ဆယ်ကြိမ် ဖတ်၍ အိပ်ပါလေ။ ဤသည်ကား ခိုက်ရန်ဖြစ်ပွားနေသူနှစ်ဦးအား သင့်မြတ်အောင် ဖြန်ဖြေပေးသည်နှင့် ညီမျှပေသည်။
၅။ တတိယကလိမဟ် (ကလိမဟ်သမ်ဂျီးဒ်)ကို လေးကြိမ်ဖတ်၍ အိပ်ပါလော့။ ဤသည်ကား ဟဂ်ျတစ်ကြိမ်ပြုလုပ်သည့် အကျိုးစ၀ါဗ်ရရှိမည်ဖြစ်ပါသည်။
စာဖတ်သူအားလုံး အမာလ်လုပ်နိုင်တဲ့စွမ်းအား အလ္လာအသျှင်ချီးမြှင့်တော်မူပါစေ။ အားမီးန်။
(ချယ်ရီမေ)
အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple
Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install
No comments:
Post a Comment
Note: only a member of this blog may post a comment.