အမှန် တရား ပေါ်ထွက် ဖို့အတွက် အနစ်နာ ခံပေးဆပ်မှု တို့ဖြင့် နိဒါန်း ပျိုးရ သည်ကား လောက ဓမ္မတာ ပင်။ မဒီနဟ် မြို့သို့ ဧည့်သည် အဖြစ် ရောက်ရှိ သွားသော တမန်တော် မုဟမ္မဒ်ဟာ နှစ်အချို့ ကြာပြီး တဲ့ နောက်ပိုင်းမှာ မဒီနဟ် မြို့၏ ခေါင်းဆောင် တစ်ဦး သဖွယ် ဖြစ်လာပြီး တမန်တော် မုဟမ္မဒ် ၏ ဟော ကြား ပို့ချချက် များသည်လည်း မဒီနဟ် မြို့သား များကို မုစ်လင်မ် ဖြစ်သွား စေခဲ့ရုံ မက အာ ရပ် ဒေသ အတော် များများထံ ပျံ့နှံ့ နေခဲ့ပြီး ဖြစ်သည်။ ကြားကာလ များတွင် မဒီနဟ် အထိ လာရောက် နှောက် ယှက် နေသည့် မက္ကဟ် မြို့သား များနှင့် စစ်ပွဲ အချို့ ဖြစ်ပွား ခဲ့ပေမယ့် စစ်ပွဲတိုင်းမှာ မုစ်လင်မ် တွေဖက်မှ သွားရောက် စိန်ခေါ် တိုက်ခိုက်တာ မျိုးလုံးဝ မရှိတဲ့ အပြင် စစ်ပွဲ တိုင်းမှာ မုစ်လင်မ် တွေဖက်က လက်နက်ကော လူအင်အားပါ အလွန့် အလွန် အားနည်း ချို့တဲ့ ခဲ့ရသည်။ ဖန်ဆင်း ရှင်၏ ဖေးမ မှုဖြင့် စစ်ပွဲ အချို့ အနိုင်ရ ခဲ့သော်လည်း ရှုံးခဲ့ ရသည့် စစ်ပွဲလည်း ရှိခဲ့သည်။ စစ်ပွဲ များကို တိုက်ခိုက် ခဲ့သည့် မုစ်လင်မ် များ၏ ရည်ရွယ်ချက် ကလည်း ရန်သူ တွေရဲ့ အန္တရာယ်ကို ခုခံ ကာကွယ်ရန် သာဖြစ်ပြီး အစ္စလာမ် သာသနာ ပြန့်ပွားဖို့ ဆိုတဲ့ကဏ္ဍ လုံးဝ မပါဝင် ခဲ့ကြောင်းကို နယ်ပယ်စုံမှ ဘာသာခြား သမိုင်း ပညာရှင်များ ကပင် ထောက်ခံ ထားသည်။
နောက်ပိုင်းမှာ တမန်တော် မုဟမ္မဒ်သည် မက္ကဟ် မြို့သား တွေနှင့် ငြိမ်းချမ်း ရေးစာချုပ် တစ်ခု ချုပ်ဆို ခဲ့သည်။ ၎င်းစာချုပ် ကိုလည်း မက္ကဟ် မြို့သား တွေဖက်မှ စတင် ချိုးဖောက်ပြီး မုစ်လင်မ် တွေကို ကျူးကျော် တိုက်ခိုက် ခဲ့ပြန်သည်။ ထို့ကြောင့် တမန်တော် မုဟမ္မဒ်ဟာ မိမိရဲ့မွေးရပ် ဌာနေ ဖြစ်သော၊ မုစ်လင်မ်တို့ အထွတ် အမြတ် ထားရာ ကအ်ဗဟ် ကျောင်းတော် တည်ရှိသော မက္ကဟ်မြို့ကို သိမ်းပိုက် ရယူရန် ပြင်ပါ တော့သည်။ လွန်ခဲ့သည့် ၇ နှစ် ကာလက တမန်တော် မုဟမ္မဒ်နှင့် နောက်လိုက် များအား ဒုက္ခပေး နှိမ်နှင်းခဲ့ ကြသော မက္ကဟ် မြို့သား များ၏ ရင်ထဲ၌ ယခု အချိန်တွင် ခုခံလို စိတ်ထက် ကြောက် စိတ် လန့်စိတ် များက စိုးမိုး နေလျက် ရှိပေသည်။ တမန်တော် မုဟမ္မဒ် ဦးဆောင်သော အဖွဲ့မှာ မည်သည့် တိုက်ခိုက် မှုမှ ကြီးကြီး မားမား မကြုံလိုက် ရဘဲ မက္ကဟ် မြို့အား အောင်နိုင် သွားလေ တော့သည်။ မက္ကဟ် မြို့သားများမှာ မိမိတို့၏ အပြစ်များ အပေါ်အရေးယူ ခံရမှာကို စိုးကြောက်ရင်း အိမ်ထဲမှာပင် ပုန်းအောင်း နေတော့သည်။သို့သော်တမန်တော်မုဟမ္မဒ်မှာခွင့်လွှတ်လို့မရနိုင် လောက်အောင် ပြစ်မှုကြီး မားသော ၁၂ ဦးမှ လွဲ၍ ကျန် သူများ အားလုံး ကို ခွင့် လွှတ် ချမ်း သာပေးရုံ မက ၎င်းတို့ မ တရား သိမ်း ပိုက် ထားသော မုစ်လင်မ် တို့၏ ပစ္စည်း များ ကိုပင် ပြန်လည် ရယူခြင်း မရှိခဲ့ပေ။
တမန်တော် မုဟမ္မဒ်နှင့် နောက်လိုက် များသည် မက္ကဟ် မြို့တွင် လူနည်းစု အဖြစ် ရှိခဲ့စဉ် ကလည်း လူများစု ဘာသာခြား များအား တစ်စုံတရာ အန္တရာယ် မပြုခဲ့သည့် အပြင် လူများစုဖြင့် မက္ကဟ်မြို့ သို့တစ်ကြော့ တဖန် ပြန်လည် ရောက်ရှိ လာချိန် မှာလည်း နိုင်ထက် စီးနင်းမှု လုံးဝ မပြုခဲ့ပေ။ ဤသည်ကား အစ္စလာမ်၏ သင်ကြားမှု ပင်ဖြစ်ပေသည်။ အစ္စလာမ် သာသနာ ၀င်များသည် မိမိတို့၏ သာသနာကို ဟောကြား ပို့ချမှုနှင့် လက်တွေ့ ကျင့်ကြံ ပြသမှု တို့ဖြင့်သာ သာသနာပြု ခဲ့ကြသည်။ အစ္စလာမ့် သမိုင်းတွင် မည်သည့် သာသနာ့ ခေါင်းဆောင် ကမှ သာသနာ ပြန့်ပွားရေး ဟူသည့် ခေါင်းစဉ်ဖြင့် စစ်မက် တိုက်ခိုက် ခြင်းလုံးဝ မရှိခဲ့ သလို သာသနာကို ထိန်းသိမ်း စောင့်ရှောက်ရန် ဟုဆိုကာ ဘာသာခြား များအား သုတ်သင် ရှင်းလင်း ခြင်းမျိုး လုံးဝ မရှိခဲ့ပေ။
Written By Nurullah MUG
အစ္စလာမ့် အဆုံးအမများ Facebook စာမျက်နှာမှ ကူးယူ ဖော်ပြသည်။
No comments:
Post a Comment
Note: only a member of this blog may post a comment.