Pages

.

ဖက်တူလာဂူလန်နှင့် တွေ့ဆုံခြင်း အင်တာဗျူး

“ကမ္ဘာ့နံပါတ်တစ် ဥာဏ်ပညာအကြီးမားဆုံး အတွေးအခေါ်ပညာရှင် 
            ဖက်တူလာဂူလန်နှင့် တွေ့ဆုံခြင်း”

         

  ယနေ့ခေတ် နိုင်ငံတကာဆက်ဆံရေးပုံစံသစ်တွင် မွတ်စလင်မ်ကမ္ဘာနှင့် အမြဲပင်ထိပ်တိုက်တိုး
ကာ ပဋိပက္ခများ ဖြစ်ပွားလျှက်ရှိသော အနောက်နိုင်ငံများအနက်တွင် အမေရိကန်နှင့် ဗြိတိန်တို့ နှင့်အ
ကြား ဆက်ဆံရေးမှာ ပိုမိုခက်ထန်သယောင် ရှိနေသည်။ သို့ရာတွင် အံ့သြဖွယ်ရာ ကောင်း လှသည်မှာ အမေရိကန်နှင့် ဗြိတိန်တို့၏ သြဇာအကြီးမားဆုံး မဂ္ဂဇင်းကြီးနှစ်စောင်ဖြစ်သည့် Foreign Policy နှင့် Pr-
ospect မဂ္ဂဇင်းကြီးတို့၏ မကြာသေးမီက ရွေးခြယ်ထုတ်ပြန်ခဲ့သော ကမ္ဘာပေါ်တွင် ဂုဏ်ပညာအကြီးမား
ဆုံး အတွေးအခေါ်ပညာရှင် ( ၁၀၀ ) စာရင်းတွင် တူရကီနိုင်ငံဖွား မွတ်စလင်မ်ခေါင်းဆောင် ဖက်တူ လာဂူလန်မှ ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သည်။ တူရကီဘာသာရေးခေါင်းဆောင် ၊ တွေးခေါ်ပညာရှင် ၊ စာ
ရေး ဆရာနှင့် ခေတ်သစ်မွတ်စလင်မ်ဘာသာရေး အတွေးအခေါ်သစ်များကို မွေးထုတ်သန့်စင်နိုင်ခဲ့သူ ဂူလန်သည် ထောက်ခံမဲအရေအတွက် ငါးသိန်းကျော်ဖြင့် ယင်းနေရာတွင် ရွေးခြယ်ခံခဲ့ရသည်။ အံသြ ဖွယ်ကောင်းသည်မှာ အမေရိကန်နှင့်ဗြိတိန် ထိပ်တန်း မဂ္ဂဇင်းကြီး နှစ်စောင်က ရွေးခြယ်ခဲ့သော ကမ္ဘာ့ ဥာဏ်ကြီးရှင် တွေးခေါ်ပညာရှင် စာရင်းတွင် ထိပ်ဆုံး ဆယ်ဦးမှာ မွတ်စလင်မ်လူမျိုးများဖြစ်ကာ ယင်း
တို့အနက်မှ နှစ်ဦးမှာ နိုဘယ်ဆုရှင်များဖြစ်သည်။ ဗြိတိန် Prospect မဂ္ဂဇင်းကြီး၏ အယ်ဒီတာဖြစ်သူဆို
လျှင် ယခင်က ဂူလန်၏အမည်ကိုပင် မကြားခဲ့ဖူးကြောင်း ၀န်ခံခဲ့သည်။ ယင်းကဲ့သို့ ဂူလန်၏ အောင်မြင် ကျော်ကြားလာမှုကြောင့် လက်ရှိ တူရကီနိုင်ငံရေး အကြပ်အတည်း တစ်ရပ်ဖြစ်သော အစ္စလာမ်အမျိုး
သားရေးဝါဒများနှင့် ဂူလန်၏ မဟာမိတ် အစ္စလာမစ်ဒီမိုကရက်တစ်ပါတီ (AKP) တို့အကြား တင်းမာမှု အခြေအနေများမှာ ပိုမိုစိတ်ဝင်စားဖွယ်ရာကောင်းလာခဲ့သည်။ အသက် ( ၆၇ )နှစ်အရွယ် ဂူလန်သည်  
၁၉၉၈ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံ၌နေထိုင်ခဲ့ပြီး တူရကီနိုင်ငံ၏ ရှေးရိုးစွဲဝါဒီ ဘာသာရေးခေါင်း
ဆောင်များ ကြီးစိုးနေသည့် အုပ်ချုပ်ရေးအပိုင်းအား တွန်းလှန်ရေး ကြိုးပမ်းခဲ့ဖူးသည်။ အနောက်တိုင်း  
အယူအဆအချို့ကို လက်သင့်ခံထားသည့် အစ္စလာမ်ခေတ်သစ် အတွေးအခေါ်မားတစ်ဦးဖြစ်သည့် ဂူလန်သည် စက်တင်ဘာ ၁၁ အကြမ်းဖက် တိုက်ခိုက်ရေးသမား အိုစမာဘင်လာဒင်ကို အကြမ်းဖက် မိစ္ဆာတစ်ဦးအဖြစ် ရှုတ်ချပြစ်တင်ခဲ့ဖူးသူလည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် ၄င်း၏နောက်လိုက် သန်းပေါင်း များစွာ ရှိနေသော်လည်း သူ၏ မိခင်နိုင်ငံ တူရကီနိုင်ငံအတွင်း၌မူ ၄င်း၏အယူအဆများအား လက်မခံ
နိုင်သူ များစွာရှိနေသေးပေရာ ရှားရှားပါးပါး ဂူလန်နှင့် အင်တာဗျူးခွင့်ရစဉ် Foreign Policy မဂ္ဂဇင်းကြီး
က သူ၏ အကြမ်းဖက်ဝါဒအပေါ် အမြင်   နိုင်ငံရေး ရည်မှန်းချက်နှင့် သူ၏ လက်ရှိလှုပ်ရှားမှုများကို မေး
မြန်းထားသည်များအားဖော်ပြလိုက်ရပါသည်။
Foreign Policy    မစ္စတာဂူလန်အနေနှင့် ခုလို ကမ္ဘာပေါ်မှာ ပညာအတတ်ဆုံး ဥာဏ်ပညာရှင်တစ်
ဦးအဖြစ် ကမ္ဘာတစ်ဝန်းက လူထုရဲ့ ထောက်ခံမှုနှင့် ရွေးခြယ်ခံခဲ့ရတဲ့အပေါ် ဘယ်လိုမျိုး ခံစားခဲ့ရပါသ
လဲ။
ဂူလန်    ခုလိုကမ္ဘာပေါ်မှာ အရေးကြီးတဲ့ လူသားတစ်ယောက်အဖြစ် ရွေးခြယ်ခံရဖို့ ဘယ်တုန်းကမှ မစဉ်းခဲ့ဖူးသလို တစ်ခါမှလည်း မမျှော်မှန်းခဲ့ဖူးပါဘူး။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး ဘုရားအပေါ် ရို
သေလေးစားတဲ့ ကျေးကျွန်ကောင်းတစ်ယောက်အဖြစ်နှင့် လူသားပီသတဲ့လူသားမျိုးနွယ်ဝင်တစ်ဦးဖြစ်
ဖို့ပဲ အမြဲကြိုးစားခဲ့ပါတယ်။ ကိုရမ်ကျမ်းစာအရ ပကတိ လူသားအသိုက်အ၀န်းကို အကျင့်ပျက် ခြစားမှု
တွေ ၊ သွေးစွန်းတိုက်ပွဲတွေ မပေါ်ပေါက်စေဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားသလို ဘုရားသခင်ကို 
 ကောင်းမွန်စွာ ယုံကြည်ကိုးကွယ်ဖို့ လမ်းညွှန်ထားပါတယ်။ အလိုအပ်ဆုံး အချက်ကတော့ လူသားအ ချင်းချင်း စာနာ သနား ကြင်နာမှုနှင့်အတူ မေတ္တာတရား ရှေ့ထား ဆက်ဆံဖို့ပါပဲ။ ဒါဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဒဿနအမြင်ပါပဲ။ တစ်ခါမှ ကျွန်တော့်ကိုယ်ကျွန်တော် အမည်နာမ မသတ်မှတ်ဖူးခဲ့တဲ့ ကမ္ဘာ့ ဥာဏ်ပညာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် မဲပေး ရွေးခြယ်ခဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်စကား ဆိုချင်ပါ
တယ်။
Foreign Policy    မစ္စတာဂူလန်ဆီမှာ နိုင်ငံရေးနှင့် ပတ်သက်ပြီးတော့ရောတခြားရည်ရွယ်ချက်မျိုး
တွေ ရှိပါသလား။
ဂူလန်    အရင်ကတည်းက တစ်ခါမှမရှိခဲ့ဖူးသလို နောင်လည်း ရှိလာမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ဘ၀သက်တမ်း တစ်လျှောက်လုံး တစိုက်မတ်မတ်ကြိုးပမ်းခဲ့တဲ့ တစ်ခုတည်းသောအရာဟာ လူသားအ ချင်းချင်း မြတ်နိုးကြဖို့ပါပဲ။ဒါကြောင့်လည်း ကျွန်တော် စာအုပ်ပေါင်း ၆၀ ကျော်အထိ ရေးသား ထုတ်ဝေ
ဖြစ်ခဲ့တာပါ။
Foreign Policy    မစ္စတာဂူလန်ရဲ့ လှုပ်ရှားမှုအပေါ် သံသယရှိနေတဲ့သူတွေ တူရကီမှာ အများကြီး
ရှိနေတယ်လို့ ထင်မြင်ယူဆပါသလား။
ဂူလန    ။ ကျွန်တော့်ရဲ့ လှုပ်ရှားမှုတွေအပေါ် သံသယရှိနေတဲ့ တူရကီနိုင်ငံသားအများကြီး မရှိဘူးလို့ ထင်ပါတယ်။ ကမ္ဘာ့မီဒီယာကြီးတွေအနေနှင့် မွတ်စလင်မ်တွေကို အစွန်းရောက်တွေလို့ သတ်မှတ်ခေါ်
ဝေါ်ခဲ့ကြတယ်။ အခုအချိန်မှာတော့ဖြင့် ကျွန်တော့်ရဲ့ စိတ်ကူး အကြံဥာဏ် လှုပ်ရှားမှုတွေကို အားပေး
ထောက်ခံမှုနှင့်အတူ စိတ်ဝင်တစား စောင့်ကြည့်နေရပါပြီ။
Foreign Policy    လူကြီးမင်းရဲ့ ခေတ်မီပွင့်လင်းတဲ့ အတွေးအခေါ်တွေနှင့်လမ်းသစ်ဖောက်ခဲ့တဲ့  
စာသင်ကျောင်း ရာပေါင်းများစွာဟာ ကမ္ဘာတစ်ဝန်းမှာ -သိပ္ပံနှင့်ဘာသာရေးကို ရောမွှေပြီး သင်ကြား
ပေးနေပါပြီ။ ဒီစာသင်ကျောင်းတွေ အများကြီးကို လူကြီးမင်းရဲ့ ဂူလန်လှုပ်ရှားမှုကနေ ဘယ်လိုထိန်း
ချုပ်မောင်းနှင်နေပါသလဲ။
ဂူလန်    ဒီစာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ရေးမှာ ကျွန်တော့်ရဲ့ အဓိကတာဝန်ဟာ အကြံဥာဏ်ပေး ဖို့နှင့် နောက်ထပ်ကျောင်းသစ်တွေ ထပ်ပြီး ဖွင့်လှစ်နိုင်ဖို့ အားသစ်လောင်း တိုက်တွန်းဖို့ပါပဲ။ ကျောင်း
တွေကို ဗဟိုကနေ ထိန်းချုပ်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ နိုင်ငံပေါင်း တစ်ရာကျော်မှာ ရှိနေတဲ့အတွက် 
သက်ဆိုင်တဲ့ နိုင်ငံအဖွဲ့အစည်းတွေကပဲ တာဝန်ယူပြီး ဖွင့်လှစ်ပေးနေတာပါ။ ကျောင်းအချို့ကတော့ အချင်းချင်း ချိတ်ဆက်ပြီး ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အချို့လည်း အပြန်အလှန် အတွေ့အ
ကြုံတွေ ဖလှယ်နေကြပါတယ်။
Foreign Policy    လူကြီးမင်းရဲ့ ဂူလန်လှုပ်ရှားမှုအပေါ် အများစုက အဓိက အထင်လွဲနေကြတဲ့
ကြောင်းအရာက ဘာများဖြစ်နိုင်မလဲ။
ဂူလန    ဂူလန်ဝါဒနှင့် ဂူလန်ဝါဒ ယုံကြည်သက်ဝင်သူတွေကို ကျွန်တော့်အနေနှင့် လက်မခံနိုင်ပါဘူး။
ကျွန်တော်ဟာ စာရေးဆရာတစ်ဦးဖြစ်ပြီး တရားဟောဆရာ တစ်ဦးမျှပါပဲ။ ကျွန်တော်ဟာ လူပုဂ္ဂိုလ်တစ် ဦးချင်းအပေါ်ကို ဖြစ်စေ လှုပ်ရှားမှုတစ်ခုအပေါ်ဖြစ်စေ တိုက်ရိုက်လွှမ်းမိုးနိုင်စွမ်းလည်း မရှိပါဘူး။ဒါပေ
မဲ့အချို့သောပုဂ္ဂိုလ်တွေက ကျွန်တော့်ရဲ့ အမြင်သဘောထား အယူအဆတွေကိုနှစ်ခြိုက် သဘောကျ
တဲ့အတွက် လေးစားတာမျိုးလည်းရှိပါတယ်။ အချို့တွေကလည်း ကျွန်တော်ဟာ ခေတ်သစ်မွတ်စလင်မ် အယူအဆလှုပ်ရှားမှုတွေရဲ့ ခေါင်းဆောင်လို့ သတ်မှတ်ထားကြတယ်။ တခြားသူတွေ ဆိုးဆိုးဝါးဝါး နား
လည်မှု လွဲနေတဲ့ အကြောင်းရင်း တစ်ခုကတော့ စာသင်ကျောင်းတွေ တည်ထောင်ဖို့ ဘဏ္ဍာငွေတွေ ဘယ်က လာနေသလဲဆိုတဲ့ အချက်ကိုပါ။ နောက်တစ်ချက်က တူရကီနိုင်ငံသား အချို့ဟာ ကျွန်တော့်
ရဲ့ လှုပ်ရှား မှုတွေမှာ နိုင်ငံရေးရည်ရွယ်ချက်တွေ ပါဝင်နေတယ်လို့ ထင်မြင်နေတာပါပဲ။
Foreign Policy     လူကြီးမင်းပြောလေ့ရှိတဲ့ အစ္စလာမ်ဘာသာဟာ သမာသမတ်ကျပြီး စိတ်ရှည်
သည်း ခံမှုတွေနှင့် ပါဝင်ဖွဲ့စည်းထားတာပါ။အကြမ်းဖက်ဝါဒဖြစ်ပွားလာစေတဲ့ အကြောင်းရင်းတွေက
ရော ဘာတွေဖြစ်နိုင်ပါသလဲ။
ဂူလန်     အစ္စလာမ်ဘာသာတရားဟာ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လှုပ် ရှားမှု မှန်သမျှကို ရွံရှာ
 မုန်းတီးတဲ့အပြင် လုံးဝကို ရှုတ်ချထားပါတယ်။ အစ္စလာမ်ဘာသာဝင်စစ်စစ်တစ်ဦးဟာ ဘယ်တော့မှ  
အကြမ်းဖက်သမားတစ်ဦး ဖြစ်မလာနိုင်သလို အကြမ်းဖက်သမား တစ်ဦးဟာလည်းပဲ ဘယ်တော့များ မှ အစ္စလာမ် ဘာသာဝင် စစ်စစ်တစ်ဦး မဖြစ်နိုင်တဲ့အကြောင်း ကျွန်တော် မကြာခဏ ပြောခဲ့ပြီးပါပြီ။ ဒါ အစ္စလာမ်ဘာသာရေး စည်းမျဉ်းတွေကို ချိုးဖောက်တာပါပဲ မွတ်စလင်မ်နိုင်ငံတွေ အများစုဟာ နိုင်ငံ အတွင်း ၀ိဝါဒကွဲပြားမှုတွေ ဒီမိုကရေစီကျင့်စဉ် မထွန်းကားမှုတွေနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြမ်းဖက် မှုတွေကြောင့် ပြီးခဲ့တဲ့ရာစုနှစ် အတွင်းမှာပဲ သိပ္ပံနှင့်နည်းပညာကဏ္ဍမှာ ကမ္ဘာ့နိုင်ငံအများ
 စုရဲ့နောက်မှာ ပြတ်ကျန်ခဲ့ပါပြီ။ အကြမ်းဖက်ဝါဒဆိုတာက အခြေခံ လူမှုပြဿနာတွေ အစွန့်ပစ် လျစ်
လျူ ရှုခံရတာတွေ၊ ဆင်းရဲမှုဒဏ်တွေနှင့် အကြောက်တရားတွေက နေတစ်ဆင့် ပေါက်ဖွားလာတာပါ။ ဒီအကြမ်း ဖက်ဝါဒကိုနှိမ်နင်းဖို့ဆိုရင် ကျွန်တော်တို့တွေ ပိုပြီးလူသားဆန်ကြဖို့ လိုပါလိမ့်မယ်။ပြီးရင် ဒီမို ကရေစီဆိုတဲ့ အသိုက်အ၀န်းထဲက အကြောက်တရားကနေ လွတ်မြောက်နိုင်အောင် ကြိုးပမ်းရပါလိမ့်
မယ်။ မတူညီမှုတွေအားလုံးကို ကျော်ဖြတ်နိုင်မဲ့ အဖြေကတော့ ဆွေးနွေးညှိနှိုင်းမှုနှင့် ပညာရေးကနေ တစ်ဆင့်သာ သွားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
Foreign Policy     အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် မစ္စတာဂူလန်ကို အထူးပဲ ကျေးဇူးတင် ပါတယ်။
ဂူလန်    ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။

(UNITY WEEKLY NEWS စက်တင်ဘာ ၂၂ ရက် ၂၀၁၂ စနေနေ့ ၊အတွဲ
၊အမှတ် ၂၆ စာမျက်နှာ ၃၁ နိုင်ငံတကာ အင်တာဗျူး မင်းထက်မြတ်။)

No comments:

Post a Comment

Note: only a member of this blog may post a comment.