အမျိုးသမီးနှင့်ဗလီဝတ်ကျောင်းတော် ..
ဝင်လို့ ပိုင်\မပိုင် .. (သို့ )တားမြစ်တာလား . ကင်းလွတ်ခွင့်ပြုတာလား
.
ဤပို့ စ်တွင်အမျိုးသမီးများ၏ရပိုင်ခွင့်(အခွင့်အရေး)နှင့်ပတ်သတ်ပြီးခေတ်စားနေသောပြသနာများ
အနက်မှတခုဖြစ်တဲ့အမျိုးသမီးများဗလီဝတ်ကျောင်းတော်တွင်းမှာဝင်ရောက်ခြင်းနှင့် လာရောက်စွလားသ်ဝတ်ပြုခြင်း
ဆိုင်ရာကိစ္စပါပဲ ။
အမျိုးသမီးများဗလီဝတ်ကျောင်းတော်တွင်းသို့ ဝင်ရောက်ခြင်း ဝတ်ပြုခြင်းဟာ
ပြုပိုင်တဲ့ကိစ္စတခုဖြစ်ပါတယ် ။ဒါပေမယ့်အမျိုးသမီးများအနေနဲ့မိမိအိမ်မှာဝတ်ပြုခြင်းသာပို၇်ျမွန်
မြတ်ပြီးပို၇်ျအကျိုး(စဝါးဘ်)ရရှိမည်ဖြစ်ကြောင်းရှရီအသ်ကသတ်မှတ်ထားပေးသည် ဒါပေမယ့်
ဝင်ခွင့်မရှိဟူ၇်ျ အစ္စလာမ်ကမတားမြစ်ထားပေ ။ အဲ့ဒါနဲ့ ပတ်သတ်တဲ့အထောက်
ထားတွေက .. ..
(၁) ကျမ်းတော်မြတ်ကုရ်အာန်မှာအလ္လာဟ်အရှင်မြတ်ကအမိန့် ရှိတယ် " အိုလူသားအပေါင်းတို့ 
အသင်တို့ သည်မိမိတို့ အားဖန်ဆင်းသောအရှင်အားကြောက်ရွံ့ (ရိုသေ)ကြကုန်။ထိုအရှင်မြတ်
သည်သင်တို့ အားအသက်တချောင်းတည်းမှဖန်ဆင်းခဲ့သည် ။ ထိုအသက်တချောင်းတည်းမှပင်
၎င်း၏ကြင်ယာဘက်ကိုလည်းဖန်ဆင်းခဲ့၏ ထို့ နောက်ထိုနှစ်ဦးတို့ မှများပြားလှစွာသောယောကျာ်း
မိန်းမတို့ ကိုပျံ့ ပွားစေခဲ့လေပြီ ။
သို့ ဖြစ်ပေရာ သင်တို့ သည်ထိုအရှင်မြတ်ကိုကြောက်ရွံ့ ကြကုန်။
အသင်တို့ သည်ထိုအရှင်မြတ်အားအကြောင်းပြု၇်ျမိမိတို့ အချင်းချင်း(မိမိတို့ ၏အခွင့်အရေးများ
အား)တောင်းဆိုကြကုန်၏ ၄င်းပြင်အသင်တို့ သည်ဆွေမျိုးညာတကာ(တို့ ၏အခွင့်အရေးများကို
ဆုံးရှူံးနစ်နာစေခြင်း)မှလည်းရှောင်ကြဉ်ကြလေကုန် ။ " စူရဟ်နေဆားအ်း ၁
......................................................................
.
(၂)အေမာမ်အဘူဒါဝူးဒ်နှင့်တခြားဟဒီးဆ်ဆင့်ပြန်သူများက နာဖေ့အ် သခင်ဘက်မှဆင့်ပြန်ခဲ့သည် ၄င်းကအဗ်ဒွလ္လာဟ်ဗင်န်အိုမရ် သခင်ဘက်မှဆင့်ပြန်ခဲ့သည်မှာ " တမန်တော်မြတ်ကအမိန့် ရှိခဲ့
သည် ' ငါတို့ ဒီတံခါးပေါက်ကိုအမျိုးသမီးတွေအတွက်ထားထားလျှင်ကောင်းမည် ထိုကဲ့သို့ ပြော
ပြီးသည်မှစ၇်ျသေသည့်အချိန်ထိအဗဒွလ္လာဟ်ဗင်န်အိုမရ် သည်ထိုတံခါးပေါက်မှ(ဗလီထဲသို့ )မ
ဝင်ခဲ့ပေ " (အဘူဒါဝူးဒ် ကျမ်း)
ဒီဟဒီးဆ်မှာတမန်တော်ကအမျိုးသမီးတွေအတွက်သီးသန့် တံခါးပေါက်ထားရခြင်းအကြောင်းက
သူမတို့ အနေနဲ့ အမျိုးသားတွေနဲ့ ရောထွေးပြီးမလိုလားအပ်တဲ့နောက်ဆက်တွဲပြသများမပေါ်၏
ပေါက်စေရန်အတွက်ဖြစ်သည် ။
.........................................................................
(၃) အိမ်မှာဝတ်ပြုခြင်းကပို၇်ျကောင်းမွန်တာနဲ့ ပတ်သတ်လို့ တမန်တော်ကအခုလိုအမိန့် ရှိခဲ့တယ်
'' သူမတို့ ရဲ့အိမ်တွေဟာ(စွလားသ်ဝတ်ပြုရန်)သူမတို့ အတွက်အကောင်းဆုံးဖြစ်သည် '' (အဘူဒါဝူးဒ်ကျမ်း )
သို့ ရှိရာမည်သည့်မိန်းကလေးမဆိုဗလီသို့ လာမည်ဆိုလျှင်ဟေဂျားဘ်(ပရ်ဒါ)ဝတ်ဆင်ပြီးလာရမည်
အမွှေးနံ့ သာများကိုလည်းမသုံးစွဲထားရဘူး ပြီးတော့အသံကျယ်စွာပြောဆိုရွတ်ဖတ်ခြင်းတွေကို
လည်းမပြုရပေ ဗလီကိုလာတဲ့အခါအမျိုးသားတွေထက်နောက်ကျမှလာရပြီး စွလားသ်ဝတ်ပြုရန်
အမျိုးသားတို့ ရဲ့ လိုင်းအနောက်မှစီရမည်ဖြစ်သည် ။
တမန်တော်ကအမိန့် ရှိခဲ့သည်'' အမျိုးသားတွေအတွက်အကောင်းဆုံးလိုင်းကပထမဦးဆုံးလိုင်းဖြစ်
ပြီးအဆိုးဆုံးကနောက်ဆုံးလိုင်းဖြစ်တယ် အမျိုးသမီးတွေအတွက်အကောင်းဆုံးလိုင်းကနောက်ဆုံး
ဖြစ်ပြီးအဆိုးဆုံးကရှေ့ဆုံးလိုင်းဖြစ်သည် '' (စွဟီးဟ် မွစ်လင်မ် ကျမ်း)
. ဒီကိစ္စနဲ့ ပတ်သတ်လို့ သာသနာ့ပညာရှင်တွေအတွင်းမှာအဆိုကွဲလွဲလျှက်နှစ်မျိုးရှိနေပြန်တယ် ။
အဆိုတခုကဝင်ရောက်ဝတ်ပြုခြင်းကိုလက်ခံအတည်ပြုတယ် (အများစုအဆို )နောက်အဆိုတခု
ကမလာခြင်းကိုအားပေးတယ်။
မည်သို့ ပင်ဆိုစေကာမူကျနော်တို့ သိထားရမှာကအစ္စလာမ်မှာအမျိုးသမီးတွေကို
ဗလီတွင်းသို့ ဝင်ရောက်ခြင်းကိုအမျိုး
သမီးတွေကိုဗလီဝတ်ကျောင်းကိုလာရောက်ဝတ်မပြုရန်တားမြစ်ထားချက်ဆိုတာမရှိပါဘူး ။
.
ဒါဆိုဘာလို့ သာသနာ့ ပညာရှင်တချို့ ကဘာလို့ မလာခိုင်းတာလဲ …. ဒါကိုပထမဆုံးရှင်းပြပါ့မယ်
အမျိုးသမီးများဗလီဝတ်ကျောင်းတော်မှာလာရောက်ဝတ်မပြုပါနဲ့လို့ ပြောတဲ့သူတို့ စကားက
တားမြစ်လိုက်တာမဟုတ်ဘူး'' ကင်းလွတ်ခွင့်ပေးလိုက်တာပါ '' ။ တားမြစ်တာနဲ့ ကင်းလွတ်ခွင့်ပြုတာ
ကကွာခြားတာကိုအားလုံးသတိထားဆင်ခြင်သင့်တယ် .. စကားတခုကိုကြားလိုက်တာနဲ့ ချက်ချင်း
ဆိုသလို (negative way ) အဆိုးမြင်ငြင်းဆန်တဲ့ဘက်ကနေနားလည်မလွဲသင့်ဘူး ။ ဟုတ်ပြီဒါဆို
အဲ့ဒိပညာရှင်တချို့ ကဘာအတွက်ကြောင့်ဘယ်လိုကင်းလွတ်ခွင့်ပြုရတယ်ဆိုတာကိုအရင်ဆုံး
စဉ်းစားကြရအောင် …
.
အမျိုးသမီးများဗလီမှာလာရောက်ဝတ်မပြုပါနဲ့ လို့ ပြောရတယ်အကြောင်းက
အမျိုးစုံရှိပါတယ် .. အဲ့ဒီအထဲကမှအနည်းငယ်ပြောပါ့မယ် ..
အမျိုးသမီးတွေကို (မိုနာဖစ်က်)လို့ ခေါ်တဲ့သာသနာ့အမည်ခံအတ္တသမားတွေဟာသူတို့ ရဲ့မျိုးစုံ
သောရည်ရွယ်ချက်တွေအတွက်အမျိုးသမီးတွေနဲ့ သူမတို့ နဲ့ ပတ်သတ်သူတွေကိုပါခုတုံးလုပ်
မဟုတ်မမှန်သမုတ်ပြောဆိုရန်ဝန်မလေးတတ်ကြပေ ။
သည်အခါမှာပညာရှင်တချို့ ကဒါကိုမျှော်မြင်
ပြီးဒီလိုစွတ်စွဲမှုတွေပြသနာတွေရဲ့အစကဗလီမှာဝတ်ပြုခြင်းကစရတာပါ ပြောစကားမဖြစ်လာစေရန်
လာရောက်ဝတ်မပြုကြနဲ့ လို့ ပြောလိုက်ခြင်းဖြစ်သည် ။ အဲ့လိုပဲနောက်တချက်ကအမျိုးသမီးများ
ဟာတယောက်တည်းရှိစဉ်ခိုက်မှာအန္တရာယ်ပြုခြင်းခံရမှာစိုးသဖြင့်ထိုကဲ့သို့ ပြောခဲ့ရခြင်းဖြစ်သည် ။
.
နောက်တဖက်က …. အမျိုးသမီးများဟာမိမိအသက်အရွယ်နဲ့ အခြေနေအထိုက်အလျှောက်တာဝန်
တချို့ နဲ့ သဘာဝရဲ့သတ်မှတ်ချက်တွေကိုထမ်းဆောင်နေကြရတယ် .. ဥပမာ ..
အမျိုးသမီးတွေဟာအိမ်ထောင်မပြုခင်မိမိမိဘမောင်နှမတွေအတွက်အစားအသောက်ချက်ပြုတ်
ခြင်းတွေလျှော်ဖွတ်ခြင်းတွေ .. စသည်ဖြင့်သူတို့ ရဲ့ဝေယျာဝစ္စတွေကိုယေဘူယျအားဖြင့်လုပ်ပေး
ကြရတာချည်းပဲ အဲ့လိုအလုပ်တွေဟာလည်းသူမတို့လုပ်မှပုံစံကျမြန်ဆန်သည် အမျိုးသားများ
ကားသူမတို့ ကဲ့သို့ မကျွမ်းကျင်လှပေ ။
အဲ့ဒီနောက်သူမအိမ်ထောင်ပြုသွားတဲ့အခါမှာလည်းမိမိခင်
ပွန်းသည်ရဲ့အိမ်တွင်းမှုတာဝန်တွေကိုသားသမီးတို့ရဲ့တာဝန်တွေကို အိမ်ရှင်မတို့ ရဲ့ဝတ္တရားတွေကိုစီမံကြရပြန်တယ် .. ခင်ပွန်း
သည်တွေကအိမ်ရဲ့ပြင်ပကိစ္စတွေစားဝတ်နေရေးအပါအဝင်အိမ်ထောင်ဦးစီးတို့ ရဲ့တာဝန်တွေကို
ယူကြရတယ် ။
ဒါဟာနိုင်ငံတိုင်းလူအဖွဲ့ အစည်းတိုင်းမှာဘာသတ်မှတ်ချက်မှမလိုပဲအလိုလိုဖြစ်နေတဲ့
လှလှပပအချက်ကျနေတဲ့လူ့ ယန္တရားလေးတခုပါ ။ တချို့ အနည်းစုကတော့ဒီလိုမဟုတ်တဲ့အခြေ
နေမှာလည်းရှိနေတတ်ကြတယ် ။
နောက်တချက်အမျိုးသမီးတွေမှာလစဉ်လာတဲ့အခါတချို့ သောနာကျင်ကိုက်ခဲတာတွေ မူးဝေတာ
တွေလည်းရှိကြပြန်တယ် .. နောက်ပြီးသူမတို့ ဟာသိပ်မွန်မြတ်ပြီးအလွန်အရေးပါအလွန်ဂရုစိုက်
ရတဲ့ကိုယ်ဝန်ဆောင်ခြင်းဆိုတဲ့တာဝန်လဲထမ်းကြရတယ် .. စသည်ဖြင့် စသည်ဖြင့် ..
ထိုကဲ့သို့ သောတာဝန်ဝတ္တရားတွေကိုယောကျာ်းများကဲ့သို့ အားကောင်းမောင်းသန်မဟုတ်ပဲနဲ့ 
လဲထမ်းဆောင်နေနေရတာကိုထပ်ပြီးတနေ့ငါးကြိမ်ဗလီဝတ်ကျောင်းတော်မှာလာပြီးဝတ်ပြုဦးလို့ 
တာဝန်ထပ်ပေးလျှင်ဘယ်လိုဖြစ်မည်နည်း … ? သေချာတခုကသူမတို့ အတွက်ပိုပြီးအကျိုးရှိတဲ့ပုံစံ
ကနေလွဲနေတာပါဘဲ ။ ဒါကြောင့်တမန်တော်မြတ်ဟာအမျိုးသမီးတို့ အဖို့ မိမိအိမ်မှာဝတ်ပြုခြင်း
ဟာပိုပြီးကောင်းမွန်ပြီး သာပို၇်ျအကျိုး(စဝါးဘ်)ရှိကြောင်းသတ်မှတ်ခဲ့ပေးခြင်းပင်ဖြစ်သည် ။
အမျိုးသားတို့ အနေနဲ့ ကားထိုကဲ့သို့ အကျိုး(စဝါးဘ်)မျိုးကိုဗလီမှာဂျမာအသ်နှင့်ဝတ်ပြုမှသာ
ရနိုင်ပေသည် ။ အမျိုးသမီးများကဲ့သို့ အိမ်မှာဝတ်ပြုခြင်းဖြင့်မရနိုင်ပေ ။ ဤသည်အစ္စလာမ်က
အမျိုးသမီးတို့ အပေါ်ခပ်ဝတ်ကိုးကွယ်မှု၌ထောက်ထားသက်ညှာသမှုပြုထားခြင်းပင် ။
နိဂုံးချုပ်အနေနဲ့ ပြောချင်တာက ..
အကယ်၇်ျအကြင်အမျိုးသမီးဟာအမျိုးသားများကဲ့သို့  ဗလီဝတ်ကျောင်းတော်ထဲသို့ ဝင်ရောက်ချင်တယ် လာ
ရောက်ဝတ်ပြုရန်ဆန္ဒရှိနေတယ်ဆိုရင် ဝင်ရောက်နိုင်သည် လာရောက်ဝတ်ပြုနိုင်ပေသည် ။ အစ္စလာမ်ကမတားမြစ်
ထားပေ ။
Credit to: ----> Faiz Bilaal - Nay win tun
effort.zodiacs@gmail.com
No comments:
Post a Comment
Note: only a member of this blog may post a comment.