BY : HARUN YAHYA
ကျမ်းမြတ်ကုရ်အာန်ကပြောသော မုနာဖစ်က်များအကြောင်း
******************************
၂။ မုနာဖစ်က်တို့၏ အခြေခံ ဥာဉ်ဆိုးများ (၁၀)
========================
ရုပ်၊ နာမ် နှစ်မျိုးလုံး မသန့်စင်ကြသူများ
------------------------------
မုနာဖစ်က်အပေါင်းသည် မသန့်စင်သူများ/
အတိအကျညွှန်ပြထားပေသည်။ ဟဒီးဆ်တော်တစ်ရပ်တွင် ဤသို့လာရှိသည်။
“အစ္စလာမ်သည် သန့်ရှင်းစင်ကြယ်၏။ သို့ဖြစ်ရာ သန့်ရှင်းစင်ကြယ်ကြကုန်။ အကြောင်းသော် သန့်ရှင်းစင်ကြယ်မှု မရှိသူသည် သုခဘုံသို့ ၀င်ရောက်ရမည် မဟုတ်”
(Ahmad Diya'al-Din al-Kamushkhanawl, Ramuz al-Ahadith,Vol 1, 96/2)
နှလုံးပုပ်သိုးကြကုန်သည့် မုနာဖစ်က်များသည် ညစ်ညမ်းမှုအပေါ် ညစ်ညမ်းမှုဆင့်လျက် သွေဖည်ငြင်းဆန် ကျေးဇူးကန်းသူ(ကာဖိရ်)များအဖြစ်
ဒွိဟသံသယ၏ သားကောင်များ
------------------------------
မုနာဖစ်က်တစ်ဦး၏ အသိစိတ်၌ စိုးရိမ်ကြောင့်ကြမှု၊ ပူပန်သောကနှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်းတို့
၎င်းတို့သည် ကြီးစွာသော ကြောက်ရွံ့မှုနှင့် မလုံခြုံမှုများဖြင့် နေထိုင်ရှင်သန်နေရသည်။
သက်ဝင်ယုံကြည်သူများကဲ့သို့ ငြိမ်းချမ်းခြင်း၊ စိတ်သက်သာခြင်း၊ မာန်လျှော့ခြင်းမျိုးတို့ကို မည်သည့်အခါမျှ မရရှိ မရယူနိုင်ကြချေ။
မုနာဖစ်က်များသည် မုအ်မင်န်များနှင့်အတူရှိနေသမျှ
ဖယ်ရှားပေးသနားနိုင်တော်မူသောအသ
မုနာဖစ်က်များမှာကား အလ္လာဟ်အသျှင်မြတ်ထံ မိမိကိုယ်ကို နာခံအပ်နှင်းခြင်း မရှိကြလေသဖြင့် မလုံခြုံမှုကိုသာ ခံစားနေကြရ၏။ ၎င်းတို့သည် မိမိသာလျှင် အမှန်ဖြစ်ကြောင်း မိမိကိုယ်ကိုရှင်းပြနိုင်အောင် ကြိုးစားရင်း မိမိကိုယ်ကို
ပျောက်ဆုံးနေရသည့် သောကဂယက်၌ ရစ်ဝဲလျက်ရှိကြကုန်၏။ ယင်းကြိုးပမ်းချက်များက ၎င်းတို့အား အရေခြုံခြင်းတွင်သာ နစ်ဝင်သွားစေတော့သည်။ ထို့ကြောင့် ၎င်းတို့ထံ ငြိမ်းချမ်းမှုရရန် အကြောင်းမရှိ (၀ါ) လုံခြုံမှုနှင့် စိတ်သက်သာမှုကို မခံစားကြရခြင်း ဖြစ်ပေသည်။
စိတ်၏အေးချမ်းတည်ငြိမ်မှု ကင်းမဲ့နေသည်၌ သတင်းတစ်ရပ်ရပ်ထွက်ပေါ်လာတိုင်း မိမိတို့အား ဆန့်ကျင်မည့်ကိစ္စမျိုးဟု တွေးနေမိတတ်ကြ၏။ ၎င်းတို့သည် မိမိတို့၏အရေခြုံမှုများ တစ်ချိန်ချိန် ပွင့်ထွက်သွားမည့်အပေါ် အလွန်အကျူးပင် စိုးရိမ်ကြောင့်ကြ မဆုံးနိုင်အောင် ဖြစ်လျက်ရှိ၏။ ၎င်းတို့၏ စိတ်နေစိတ်ထား တစ်စိတ်တစ်ဒေသကို ကုရ်အာန်မှ ဤသို့ လှစ်ဟပြသထားပါသည်။
၎င်းတို့သည် ဟစ်အော်သံ(ကြားရလေ)တိုင်းကို မိမိတို့အား ဆန့်ကျင်၍ (ဟစ်အော်သည်)ဟု တွေးထင်ယိုးမှတ်နေကြ၏။
(စူရဟ် အလ်မုနာဖိကူးန်၊ ၆၃း၎)
မုနာဖစက်က်တို့သည် အမြဲမပြတ် သောကရောက်နေတတ်သလို မိုက်မဲ့သော အာသာဆန္ဒများ၏ လှည့်စားမှုကိုလည်း မတွန်းလှန်နိုင်ကြောင်း ကုရ်အာန့်ထုတ်ဖော်ချက်မှာ ဤသို့တည်း။
ထိုသူ(မုနာဖစ်က်)တို့သည် “ကျွန်ုပ်တို့သည် (လောကီဘ၀၌) အသင်တို့နှင့်အတူပင် ရှိခဲ့ကြသည်မဟုတ်လော” ဟု ထိုသူ(မုအ်မင်န်)တို့အား ဟစ်အော်ပြောဆိုကြပေအံ့။ (ထိုအခါ) ထိုသူ(မုအ်မင်န်)များမှ “ဟုတ်မှန်လေစွ၊ (ဧကန်ပင်) အတူရှိခဲ့ကြ၏။ သို့ရာတွင် အသင်တို့သည် မိမိကိုယ်ကို ဖြားယောင်းနေခဲ့ကြသည်။ ၎င်းပြင် အသင်တို့သည် (အစ္စလာမ့်အနှစ်သာရကို လက်ခံရန်) နောက်တွန့် ဆုတ်ဆိုင်းနေခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် (သာသနာတော်နှင့်စပ်လျဉ်း၍) ဒွိဟသံသယများနှင့် အချည်းနှီးသောအာသာဆန္ဒများ၏ လှည့်စားမှုကို ခံခဲ့ကြသည်။ သို့ဖြင့် အလ္လာဟ်အသျှင်မြတ်၏အမိန့်တော် (တည်းဟူသော သေခြင်းတရား) ဆိုက်ရောက်လာခဲ့သည်။ ထိုမှတစ်ပါး အလွန်လှည့်စားတတ်သူ (ယှိုင်သွာန်)က အသင်တို့အား အလ္လာဟ်အသျှင်မြတ်နှင့်ပတ်သက်၍ လှည့်စားခဲ့ပေသည်။
(စူရဟ် အလ်ဟဒီးဒ်၊ ၅၇း၁၄)
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment
Note: only a member of this blog may post a comment.