ခင်ဗျားလက်က ကိုင်ထားတဲ့ တယ်လီဖုန်းထဲက နာရီလေးဟာ ဘာ့ကြောင့် အချိန်မှန်ပြနေသလဲ။
ကမ္ဘာလောကကြီးကို အလင်းရောင်ပေးတဲ့ နေမင်းကြီးဟာ ဘာ့ကြောင့် အချိန်မှန်ဝင်ထွက်နေသလဲ။
နာရီထဲမှာ Circuit လေးတခုရှိတယ်။ အဲဒီဆားကစ်ထဲမှာ အချိန် နဲ့ပတ်သက်တဲ့
ပရိုဂရမ် (ညွှန်ကြားချက်) ထည့်ထားတယ်။ ဒါ့ကြောင့် အချိန်မှန်ပြနေတယ်။
နေမင်းကြီးဟာ အလ္လာ့ဟ်အမိန့်ကို နာခံပြီး အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်အရ
ဝင်ထွက်ခြင်းအမှုကိုဆောင်ရွက်ရတယ်။ ဒါ့ကြောင့် အရှေ့ဘက်ကနေ ထွက်ပြူပြီး
အနောက်ဘက်ကို ငုပ်လျှိုးဝင်ရောက်သွားတယ်။
ဒါကို ငြင်းပယ်တဲ့သူဟာ နေမင်းကို ဘယ်သူ ဝင်ထွက်စေလဲဆိုတာကို
ရှင်းပြရလိမ့်မယ်။ သဘာဝလို့တော့ ရောမချလိုက်ပါနဲ့။ သဘာဝဆိုတာ အလ္လာဟ်
ဖန်ဆင်းထားတာပါ။ သဘာဝကို လက်ခံရင် အလ္လာဟ်အရှင်မြတ်ကို
သွယ်ဝိုက်ပြီးလက်ခံတာပဲ။ အဲဒါကြောင့် ကိုးကွယ်ခြင်းခံထိုက်တော်မူတဲ့
အရှင်ဟာ နေမင်းကို ဝင်စေထွက်စေတဲ့ အရှင်သာလျှင်ဖြစ်တယ်။ အဲဒီအရှင်
နှစ်သက်တဲ့ လမ်းစဉ်ကို အစ္စလာမ်လို့ခေါ်တယ်။ အဲဒီအရှင်ဟာ တရားတော်မူတယ်။
သူ့ကိုမယုံကြည်သူတွေကိုလည်း ကျွေးမွေးတယ်။ သူ့ကို ယုံကြည်သူတွေကိုလည်း
ကျွေးမွေးတယ်။ စောင့်ရှောက်တယ်။ သူ့ကို ယုံကြည်လာအောင် ကုဒ်ရသ်လို့ခေါ်တဲ့
တန်ခိုးတော်တွေ ပြသထားတယ်။ ပင်လယ်နှစ်ခုထဲက ရေတွေ မပေါင်းစည်းတာ...
ရေချိုနဲ့ ရေငန် မရောတာ... ဇမ်ဇမ်ရေတွင်းက ရေဟာ ကုန်ခမ်းတယ်မရှိတာ...
ကုရ်အာန်ကျမ်းကို ဖျက်ဆီးတဲ့လူ ဘယ်လောက်ရှိရှိ မူလအတိုင်းကျန်တာ..
မြေပြင်မှာ တောင်တွေစိုက်ထူထားတာ... မြေကြီးအောက်မှာ ရတနာတွေ ရောက်စေတာ....
မွေးကင်းစကလေးတွေကို မိဘတွေ ချစ်တာ.... မိခင်ရဲ့ သွေးဟာ နို့ရည်ပြုဂလင်းက
ထွက်တာနဲ့ ကလေးငယ်အတွက် နို့ရည်ချိုဖြစ်သွားတာ..... ကမ္ဘာကြီးဟာ
ဒေါက်တိုင်မရှိပဲ လည်နေတာ.. လူတို့ အာကာသကို ခရီးဆန့်နိုင်တာ...... စတဲ့
အံ့မခန်းအရာတွေဟာ အလ္လာဟ်အရှင်မြတ်ရဲ့ တန်ခိုးတော်တွေပါ။ လူရဲ့ မျက်စေ့၊
နှာခေါင်း၊ နား၊ အဆုတ်၊ ဦးနှောက်၊ အရိုး၊ .... စတဲ့အရာတွေအားလုံးဟာလည်း
အရှင်မြတ်ရဲ့ တန်ခိုးတော်တွေပါပဲ။ လေကို အတိုင်းအဆမရှိ ပေးထားတာ... ရေကို
ဖော့ဂုဏ်ရှိစေတာ... ကမ္ဘာမှာ ဆွဲအားရှိပြီး နေကို လှည့်ပတ်နေတာ.... မိခင်ရဲ့
သားအိမ် အမှောင်ခန်းထဲမှာ လူကို မမှားမယွင်း ပုံဖော်ပေးတာ.... အဲဒါတွေဟာ
အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်တွေပါ။
ဒါ့ကြောင့် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ကြပါ။
အစ္စလာမ်ဘာသာဝင်ဖြစ်ခွင့်ရအောင် ဆုတောင်းပါ။ ပီသတဲ့ အစ္စလာမ်
ဘာသာဝင်ဖြစ်ခွင့်ရအောင် ကြိုစားကြပါ။ သင့်ထံ အစ္စလာမ့် ဖိတ်ခေါ်ချက်
ရောက်ရှိလာပါက မငြင်းဘဲ လက်ခံဖို့ ကြိုးစားပါ။ သင်နှင့် သင့်မိသားစု
သင့်ပတ်ဝန်းကျင် ထာဝရ ကောင်းစားရေးအတွက် အစ္စလာမ်ဘာသာကို လက်ခံပါ။
အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ပါ။ အစ္စလာမ်သည် တစ်ဘဝ သာသနာမဟုတ် ။
ထာဝရသာသနာဖြစ်ပါတယ်။
အလ်မုဖီးဒ်
No comments:
Post a Comment
Note: only a member of this blog may post a comment.