(၄)
တမန်တော်မြတ်(စွ)ထံကို
အမျိုးသားကြီးတစ်ဦး ရောက်ရှိလာခဲ့တယ်။ အဲဒီပုဂ္ဂိုလ်ဟာ တမန်တော်မြတ်
(စွ)နှင့် စကားပြောဆိုတဲ့အခါမှာ သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်တွေဟာ
ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်
ခါနေရှာတယ်။ ဒါကြောင့် တမန်တော်မြတ်(စွ)က “ စိတ်အေးအေးထားပါ။ သက်သက်သာသာနေပါ။ ကျွန်ုပ်ဟာ
အာဏာရှင်
ဧကရာဇ်မင်းတစ်ပါး
မဟုတ်ပါဘူး။
အမှန်တကယ် ကျွန်ုပ်ဟာ
အသားခြောက်စားလေ့ရှိတဲ့
အမျိုးသ
မီးတစ်ဦးရဲ့
သားမျှပါပဲ။
” လို့
နှစ်သိမ့်ပြောဆိုခဲ့ရပါတယ်။
သာဝကကြီးအိဗ်နုမတ်စအူးဒ်(ရေဿွ့)
အိဗ်နုမာဂျဟ်ကျမ်း ၊ ဟဒီးဆ်အမှတ် (၃၃၁၂)
(၅)
ကျွန်တော်
တမန်တော်မြတ်(စွ)နှင့်အတူ လမ်းလျှောက်ထွက်ခဲ့တယ်။ တမန်တော်မြတ်(စွ)ဟာ အမြိတ်
ထူတဲ့
နဂ်ျရာန်နယ်ထွက်
ဝတ်ရုံတစ်ထည်ကို
ဝတ်ဆင်ထားတယ်။
တမန်တော်မြတ်(စွ) အပါးကို တောသားတစ်
ဦး
ဗြုန်းစားကြီး
ရောက်ချလာခဲ့ပြီး
တမန်တော်မြတ်(စွ)ရဲ့ ၀တ်ရုံလွှာကို ခပ်ကြမ်းကြမ်း ဆောင့်ဆွဲလိုက်ပါတယ်။
ကျွန်တော်
တမန်တော်မြတ်(စွ)ရဲ့ လည်ကုတ်ဘက်ကို ကြည့်မိတဲ့အခါ သူ့ရဲ့ အရှိန်ပါပါ ဆောင့်ဆွဲချက်ကြောင့်
ဝတ်ရုံအမြိတ်တောင် တွန့်ကြေသွားလေရဲ့။ အဲဒီနောက်
သူက “
ဟေ့ မုဟမ္မဒ် ၊ အသင့်ဆီမှာရှိနေတဲ့ အလ္လာဟ်
အရှင်မြတ်ရဲ့
ပစ္စည်းဥစ္စာတွေထဲက
အချို့ကို
ကျွန်ုပ်အဖို့ပေးဖို့
ပြောပေးစမ်းပါ”
လို့ တမန်တော်မြတ်(စွ)ကို လေ
သံမာမာနှင့်
တောင်းဆိုခဲ့တယ်။
တမန်တော်မြတ်(စွ)ဟာ သူ့ဘက်ကိုလှည့်ပြီး (စိတ်မဆိုးတဲ့အပြင်) ရယ်ပြလိုက်
ပါသေးတယ်။
ပြီးတော့
သူ့ကို တစ်ခုခုပေးလိုက်ဖို့လည်း ညွှန်ကြားပေးခဲ့ပါတယ်။
သာဝကကြီး အနတ်စ်ဘင်မာလိက်(ရေဿွ့)
ဗုခါရီကျမ်း ၊ ဟဒီးဆ်အမှတ် (၅၄၇၂)
(၆)
လူမျိုးစုခေါင်းဆောင်
ကဗျာဆရာကြီး တုဖိုင်းလ်ဘင်န်အမရ်သည် မက္ကာဟ်မြို့သို့ ရောက်ရှိလာခဲ့သည်။
မက္ကာဟ်မြို့မှ ခေါင်းဆောင်များသည် တုဖိုင်းလ်ဘင်န်အမရ်ကို
တမန်တော်မြတ်(စွ)နှင့်
အတွေ့မခံရန် ဖိအားပေး
တိုက်တွန်းခဲ့ကြသည်။ ၄င်းတို့က “
မုဟမ္မဒ်ပြောတဲ့ စကားတွေဟာ စုန်းကဝေအတတ်တွေနှင့် ညှို့ယူဖမ်းစားသ
လိုပါပဲ။ ကျွန်ုပ်တို့အသိုင်းအ၀ိုင်းထဲကို
သွတ်သွင်းလာတဲ့အယူဝါဒမျိုး ခင်ဗျားတို့ဆီကို သယ်ဆောင်သွတ်သွင်းမ
လာနိုင်အောင် တားဆီးကာကွယ်ထားဖို့ လိုအပ်လိမ့်မယ်။
သူ့ရဲ့စည်းရုံးဟောပြောချက်တွေကြောင့် (အစွမ်းကုန်
တားဆီးကာကွယ်နေတဲ့ကြားထဲကနေ) လင်နှင့်မယား ၊
မိဘနှင့်သားသမီးတွေကြားမှာ တစ်ယောက်တစ်မျိုး အ
ကွဲကွဲအပြားပြား ဖြစ်ကုန်ကြရတယ်။ နောက်ဆုံး သူ့ကို
ဝတ်ပြုကျောင်းတော်ထဲ (လုံးဝ) အ၀င်မခံဘူး ၊ တကယ်
လို့ (၀တ်ပြုကျောင်းတော်ထဲ) သူဝင်လာမယ်ဆိုရင်လည်း
မကြားဝံ့မနာသာစကားတွေနှင့် ထိုးနှက်တိုက်ခိုက်ကြ
မယ်လို့ ညှိနှိုင်းထားကြပါတယ်။
သူပြောတာတွေကို မကြားရအောင်လည်း ကျွန်ုပ်တို့ရဲ့နားတွေကို ဂွမ်းစနှင့်ပိတ်
ဆို့ထားရတယ်။ သူ့ကို မခံမရပ်နိုင်ဖြစ်စေမဲ့ အညှီအဟောက်စကားတွေနှင့် ကျွန်ုပ်တို့တွေ နှောက်ယှက်သရော်ခဲ့
ကြတယ်။ ဒါတွေကို မကြားရအောင်လို့ သူ့ရဲ့နားနှစ်ဖက်ကို
ဂွမ်းစနှင့်ပိတ်ဆို့ထားပြီး ၀တ်ပြုကျောင်းတော်ထဲကို
(၀င်ဖြစ်အောင်) ၀င်သွားခဲ့တယ် ” စသည်ဖြင့်
တုဖိုင်းလ်ဘင်န်အမရ်ကို ၀ိုင်းဝန်း စည်းရုံးကြ၏။ ထိုစည်းရုံးရေးစ
ကားများသည် တုဖိုင်းလ်ဘင်န်အမရ်ကို အကြီးအကျယ်
အံ့အားသင့်စေခဲ့သည်။ ထို့ကြောင့်ပင် တုဖိုင်းလ်ဘင်န်
အမရ်၏ စိတ်ထဲတွင် ဆန္ဒတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပေသည်။ “ ငါဟာ
စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ပဲ။
ဆိုးသည်ဖြစ်စေ ၊ ကောင်းသည်ဖြစ်စေ ဘယ်လိုအကြောင်းကိစ္စကမျှ
ငါ့ကို သိမ်းသွင်းခေါ်ဆောင်သွားနိုင်မှာမှ မ
ဟုတ်တာဘဲ။ မုဟမ္မဒ်ပြောတဲ့ အကြောင်းအချက်တွေကို ငါ နားထောင်ကြည့်ချင်တယ်။
တကယ်လို့ သူပြောတာ
တွေဟာ မျှမျှတတရှိမယ် ၊ ရိုးဖြောင့်မယ်ဆိုရင်တော့ လက်ခံရမှာပါပဲ။
သို့မဟုတ်ရင်လည်း ခပ်ဝေးဝေးရှောင်ရုံပဲ
ပေါ့ ” ဟု ပြောဆိုကာ တုဖိုင်းလ်ဘင်န်အမရ်သည် တမန်တော်မြတ်(စွ)ထံ
သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
တုဖိုင်းလ်ဘင်န်အမရ်က
မန်တော်မြတ်(စွ)အား “ အို မုဟမ္မဒ် ၊ ခင်ဗျားရဲ့ သာသနာအကြောင်း
ကျွန်ုပ်ကို ရှင်း
ပြပေးပါလား ” ဟု တောင်းဆို၏။
တမန်တော်မြတ်(စွ)သည် ၄င်းကို အစ္စလာမ်သာသနာ၏ သိမှတ်ဖွယ်ရာ စည်း
ကမ်းနည်းလမ်းများကို ရှင်းလင်းပြောပြခဲ့သည်။ ထိုအခါ
တုဖိုင်းလ်ဘင်န်အမရ်သည် အစ္စလာမ်သာသနာ့ဘောင်
သို့ ကူးပြောင်း သက်ဝင်ယုံကြည်ခဲ့ပေသည်။
အိမားမ်
အဇ္ဇဟ်ဗီ၏ စီယရ် အအ်လားမ် အန္နုဗလားအ်ကျမ်း ၊ အတွဲ (၁) စာမျက်နှာ (၃၄၅)
(၇)
အမျိုးသမီးတစ်ယောက်ဟာ သမီးလေးနှစ်ယောက်နှင့်အတူ ကျွန်မဆီကို ရောက်ရှိလာခဲ့ပြီး တစ်စုံတစ်
ခုကို ပေးကမ်းစွန့်ကြဲဖို့ တောင်းပန်ခဲ့ပါတယ်။ ကျွန်မဆီမှာလည်း ပေးစရာဆိုလို့
စွန်ပလွန်သီးတစ်လုံးမှအပ ဘာ
မှမရှိ ဖြစ်နေလေရဲ့ရှင်။ ကျွန်မ သူ့ကို ရှိသမျှသော စွန်ပလွန်သီးလေးတစ်လုံးကို
ပေးကမ်းလိုက်ပါတယ်။ ဒီအခါ
မှာ အဲဒီအမျိုးသမီးက ကျွန်မပေးကမ်းလိုက်တဲ့ စွန်ပလွန်သီးလေးတစ်လုံးကို
သမီးလေးနှစ်ယောက်အတွက် အ
ညီအမျှ ခွဲခြမ်းပေးလိုက်ရှာတယ်။ ပြီးတော့ ကျွန်မအပါးကနေ
ထပြန်သွားလိုက်ကြပါတယ်။ တမန်တော်မြတ်(စွ)
ရောက်ရှိလာတဲ့အခါမှာ တမန်တော်မြတ်(စွ)ကို အဲဒီအဖြစ်အပျက်လေးအား
ကျွန်မပြောပြလိုက်တယ်လေ။ တ
မန်တော်မြတ်(စွ)က “ တစ်စုံတစ်ယောက်ယောက်က ဒီသမီးငယ်လေးတွေကို ကျွေးမွေးစောင့်ရှောက်ပေးမယ် ၊
ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်ဆိုရင် (အဲဒီသမီးငယ်လေးတွေအပေါ် ပြုခဲ့သောကောင်းမှုများကြောင့်) ထို
သူ့အဖို့
ဂျဟန္နမ်ငရဲမီးဘေးကနေ
လွတ်မြောက်စေမဲ့
အကာအကွယ်တစ်ရပ်ကို
ရရှိလိုက်တာပဲ
ဖြစ်ပါတယ်
” လို့
အလေးအနက်
မိန့်ကြားတော်မူခဲ့ပါတယ်။
မိခင်မွန် အာအိရှဟ်(ရေဿွ့)
(ဗိုခါရီကျမ်း - ဟဒီးဆ်အမှတ်
(၅၅၃၆)
နေနိုင်သူ(ကျောက်ဖျာ)
ဆက်ရန်ရှိသည်




No comments:
Post a Comment
Note: only a member of this blog may post a comment.