Pages

.

ကျန်နေသေးသော ကိယာမသ် လက္ခဏာ တစ်ရပ် နှင့် စကားကောင်းဆိုခြင်း၏ ကောင်းကျိုး


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျန်နေသေးသော ကိယာမသ် လက္ခဏာ တစ်ရပ် နှင့်
စကားကောင်းဆိုခြင်း၏ ကောင်းကျိုး
====================
ကျွန်ုပ်သည် ရစူလုလ္လာဟ်(S)နှင့်အတူထိုင်နေခိုက် လူနှစ်ဦးရောက်ရှိလာခဲ့၏။ တစ်ဦးသောသူက
၎င်း၏ ဆင်းရဲ နုံချာမှုကို ငြီးငြူလျှောက်တင်၏။ နောက်တစ်ဦးက နေရာအနှံ့ဓားပြတိုက်ခြင်းဖြစ်ပွားနေမှုအပေါ် ငြီးတွားလျှောက်တင်၏။ ရစူလုလ္လာဟ်(S)က '' ခိုးဝှက်ခြင်းနှင့်ဓားပြတိုက်မှုကိုဆိုရပါလျှင် မကြာမီအတောအတွင်း ခရီးသွားကုန်တန်းတစ်ခုသည် မည်သည့်အစောင့်အကြပ်မျှမပါပဲ (မဒီနဟ်မှ) မက္ကဟ်သို့ သွားကြလိမ့်မည်။ ဆင်းရဲနုံချာခြင်းနှင့်စပ်လျဉ်း၍ ဆိုရပါလျှင် အသင်တို့မှ တစ်ဦးတစ်ယောက်သည် လှူဖွယ်ဝတ္ထုများနှင့်တကွ နေရာအနှံ့ လျှောက်သွားသော်လည်း ထိုအရာကိုလက်ခံသူ တစ်ဦးတစ်လေကိုမျှ တွေ့ရလိမ့်မည်မဟုတ်သောကာလ မရောက်မချင်း လောကပျက်သုဉ်းမည့် နောက်ဆုံးနေ့ မရောက်ရှိသေး။ အသင်တို့တစ်ဦးချင်းစီသည် အလ္လာဟ်အရှင်မြတ်၏
ရှေ့တော်မှောက်၌ ရပ်ကြရလိမ့်မည်။ အလ္လာဟ်အရှင်မြတ်နှင့် ထိုသူ့အကြား အတားအဆီးသော်လည်းကောင်း၊ ကြားခံပြောကြားပေးသူသော်လည်းကောင်း ရှိမည်မဟုတ်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား '' ငါအရှင်မြတ်သည် အသင့်ကို ကြွယ်ဝမှု မချီးမြှင့်ခဲ့ပေသလော '' ဟု မေးတော်မူရာ ၄င်းက ပေးတော်မူခဲ့ပါကြောင်း လျှောက်တင်မည်။ တဖန် အရှင်မြတ်က '' ငါအရှင်မြတ်သည် အသင်တို့ထံ တမန်တော် တစ်ပါး မစေလွှတ်ခဲ့လေသလော '' ဟု မေးမြန်းတော်မူပြန်ရာ ၄င်းကလည်း '' စေလွှတ်တော်မူခဲ့ပါကြောင်း '' လျှောက်တင်မည်။
၎င်းနောက် ထိုသူသည် မိမိ၏လက်ယာဖက်သို့ကြည့်လိုက်ရာ ငရဲမီးကိုသာတွေ့ရ၏။ သို့ဖြစ်လေရာ အသင်တို့သည် စွန်ပလွံသီးတစ်ခြမ်းဖြင့်ပင်ဖြစ်စေ လှူဒါန်း၍ မိမိကိုယ်ကို ငရဲမီးမှ ကိုယ်စီကယ်တင်ကြလေကုန်။ အကယ်၍ အသင်တို့သည် စွန်ပလွံသီးတစ်ခြမ်းသော်မျှ မလှူဒါန်းနိုင်ခဲ့လျှင် သန့်စင်ကောင်းမြတ်သော စကားကိုသာဆိုကြလေကုန် '' ဟူ၍ မိန့်ကြားတော်မူခဲ့၏။

ဆင့်ပြန်သူ- အဒီ ဘင်န် ဟာသင်မ်(R) ဆွဟီးဟ် အလ်ဗုခါရီကျမ်း အတွဲ ၂၊ ဟဒီးဆ်တော်အမှတ်စဉ် ၄၉၄


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
နောက်ကွယ်၌အတင်းပြောသူတိုင်း၊ မျက်နှာစုံညီစောင်းချိတ်ရှုတ်ချသူတိုင်း ကျိုးယုတ်ပျက်စီးမည်သာတည်း။
ကုရ်အာန် ( ၁၀၄း၁ )

သို့ဖြစ်ပေရာ မည်သူမဆို တစ်စုံတစ်ရာကောင်းမှုကို အဏုမြူမှုန်ခန့်မျှပင် ပြုမူခဲ့သည်ရှိသော် ထိုသူသည် (မိမိကျင့်မူခဲ့သော) ထိုကောင်းမှုကို တွေ့မြင်ရပေမည်။
ထိုနည်းတူစွာ မည်သူမဆို တစ်စုံတစ်ရာမကောင်းမှုကို အဏုမြူမှုန်ခန့်မျှပင် ပြုမူခဲ့ပါလျှင်လည်း ထိုသူသည် (မိမိပြုကျင့်ခဲ့သော) ယင်းမကောင်းမှုကို တွေ့မြင်ရမည်သာတည်း။
ကုရ်အာန် (၉၉း၇-၈)

အလ္လာဟ်အရှင်မြတ်သည် တရားစီရင်သူအပေါင်းတို့ထက် အကောင်းဆုံးတရားစီရင်တော်မူသောအရှင်မြတ်ပင်
ဖြစ်တော်မူသည် မဟုတ်ပေလော။
ကုရ်အာန် (၉၅း၈)

ထိုမှတပါး မည်သို့ပင်ဖြစ်စေကာမူ အသင်သည် မိမိအားဖန်ဆင်းတော်မူသော အရှင်မြတ်၏ကျေးဇူးတော်ကို ထုတ်ဖော်ပြောကြား၍နေပါလေ။
ကုရ်အာန် (၉၃း၁၁)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အစ္စလာမ်က ပြောသော သမီးရင်သွေးငယ်တို့၏ အဆင့်အတန်းတစ်ခု
=====================================
အမျိုးသမီးတစ်ဦးသည် ၄င်း၏သမီးနှစ်ယောက်နှင့်အတူ ကျွန်မထံ လာရောက်တောင်းရမ်းခဲ့၏။ ကျွန်မ၌ စွန်ပလွံသီးတစ်လုံးမှအပ သူမအားပေးကမ်းရန် အခြားဘာမျှမရှိသည်ကို သူမတွေ့ရှိခဲ့၏။ သို့နှင့် သူမသည် စွန်ပလွံသီးကို သူမ၏သမီးငယ်များအား တစ်ဝက်စီပေးလိုက်ပြီး သူမ ကိုယ်တိုင်မှာမူ အလျဉ်းမစားခဲ့ချေ။ ၄င်းနောက် ထပြန်သွားခဲ့ကြ၏။ ၄င်းနောက် တမန်တော်မြတ်(S) ရောက်ရှိလာတော်မူသောအခါ ဤအကြောင်းကို ကျွန်မက လျှောက်တင်၏။ ကိုယ်တော်မြတ်က ဤသို့မိန့်ကြားတော်မူခဲ့ပါသည်။ '' အကြင်မည်သူပင်မဆို ဤသမီးများ (မိမိ၏ရင်သွေးငယ်များ)နှင့် စပ်လျဉ်း၍ စမ်းသပ်မှု အခက်အခဲ ကြုံရသည့်အခါ ၄င်းတို့အား ကြင်နာရက်ရောစွာ ဆက်ဆံမည်ဆိုပါက ဤသမီးများ (ရင်သွေးငယ်များ) သည် ထိုသူအတွက် ငရဲမီးမှ(ကာကွယ်ပေးသော) ဒိုင်းလွှားသဖွယ် ဖြစ်လာကြပေအံ့ ''။

ဆင့်ပြန်သူ - အာအိရှဟ်(R)
ဆွဟီးဟ် အလ်ဗုခါရီကျမ်း အတွဲ ၂၊ ဟဒီးဆ်တော် အမှတ်စဉ် ၄၉၉



July Yeyint

No comments:

Post a Comment

Note: only a member of this blog may post a comment.