Pages

Pages - Menu

အစ္စလာမ့် စံအိမ်

မွေးဖွားမှုကနေ
ယုံကြည်မှုလမ်းပေါ် လျှောက်လှမ်းတယ်
ယုံကြည်မှုကနေ
ကျိုးနွံနာခံမှုခြေလှမ်းကို လှမ်းတယ်
ကျိုးနွံနာခံမှုကနေ
မျှော်လင့်တောင့်တမှုခြေလှမ်းကို လှမ်းတယ်
မျှော်လင့်တောင့်တမှုကနေ
ဇွဲခတ်ရုန်းကန်မှုခြေလှမ်းကို လှမ်းတယ်
ဇွဲခတ်ရုန်းကန်မှုကနေ
သိမြင်နားလည်မှုခြေလှမ်းကို လှမ်းတယ်
သိမြင်နားလည်မှုကနေ
ဖြောင့်မတ်မှန်ကန်မှုခြေလှမ်းကို လှမ်းတယ်
ဒီလိုနဲ့
အဲဒီလမ်းတစ်လျှောက်မှာ
ဆွလာသ်နဲ့ တိုင်ထူ
ဆွီယာမ်နဲ့ ထိန်းချုပ်
ဆွဗရ်နဲ့ ကာရံ
ဇကားသ်နဲ့ ပြူတင်းဖွင့်
သက္ကဝါနဲ့ အုပ်မိုးလို့
အဲဟ်စာန်နဲ့ အလှဆင်တဲ့
အစ္စလာမ့်ဘဝကို
မုအ်မင်န်တိုင်း
ကိုယ်စီကိုယ်ငှ တည်ဆောက်ခဲ့။    ။
ခွန်ကြည်စိုး (ရုက္ခ

No comments:

Post a Comment

Note: only a member of this blog may post a comment.