၁။ အဘူမိုဟမ္မဒ် အဗ်ဒုလ္လဟ် အိဗနေ အဟ်မဒ် အလ်ဘိုင်တိုရ် ဒီယာ အလီဒီန် အလ်မလကီ(ခေါ်) အိဗနေ အလ်ဘိုင်တာရ် ( ၁၂၄၈ ကွယ်လွန်)
မွတ်စလင်အုပ်ချုပ်တဲ့စပိန်နိုင်ငံကအကြီးကဲဆုံးသော သိပ္ပံ ပညာရှင်ကြီးတွေ ထဲမှာ တစ်ဦး အပါအ၀င်ဖြစ်ပါတယ် အလယ်ခေတ်ရဲ့ ရုက္ခဗေဒပညာရှင် ကြီးနဲ့ ဆေးဝါးဖော်စပ်ပညာရှင်ကြီးဖြစ်တယ် ။၁၂ရာစု အဆုံးပိုင်းမှာ စပိန်နိုင်ငံ ရဲ့မြို့တော်မလာကာ မှာဖွားမြင်ခဲ့သူဖြစ်ပါတယ် ။ သူပြုစုခဲ့တဲ့ အဓိကကျမ်းကြီးက ကိသဗ် အလ်ဂျာမီ ဖွီးအလ် အဒ၀ီယာ အလ်မုဖရဒါ ဖြစ်ပြီး အကြီးကဲဆုံးသောရုက္ခဗေဒ ကျမ်းတွေထဲက တစ်ကျမ်းအပါဝင်ဖြစ်ပါတယ်။ လက်တင်ဘာသာပြန်ဆိုပြီး ၁၇၅၈ ခုနှစ်တွင်ထုတ်ဝေခဲ့ပါတယ်
ဒုတိယမော်ကွန်းဝင်ကျမ်းကြီးကတော့ ကိသဗ် အလ်မဃနီနီဖွီး အလ်အဒ၀ီယာ အလ်မု ဖရဒါ ဆိုတဲ့ ဆေးဝါးပညာရပ် စွယ်စုံကျမ်းကြီး တစ်ဆူပဲဖြစ်ပါတယ် ဆေးဝါး များရဲ့ စာရင်း ကို ကုထုံး အလိုက် တန်ဖိုးနဲ့အညီ တင်ပြပေးထားပါတယ် ။ ဥိးခေါင်း၊ မျက်စေ့၊ နားစတဲ့ အင်္ဂါအစိတ်အပိုင်း တွေမှာဖြစ်တက်တဲ့ ရောဂါများ အတွက် အရေးပါလှတဲ့ ဆေးဖတ်ဝင်အပင် များနဲ့ ပတ်သက်ပြီး အခန်းပေါင်း၂၀မှာ ရေးသားထားပါတယ် ။ ခွဲစိတ် ကုသ ဘက်မှာဆိုလည်း မွတ်စလင်မ် ခွဲစိတ်က သမား တော်ကြီးအဘုလ် ကာစင် ဇဟ်ရာစီ အလား မကြာခဏ အကိုး အကားပြုခံခဲ့ရပါတယ် အရဘီဘာသာစကား အပြင် အလ်ဘိုင်တာရ် က အပင်တွေရဲ့ အမည်ကို ဂရိ နဲ့ လက်တင်ဘာသာစကားနဲ့ပါ ပေးထားခဲ့ ပါတယ် ။ သူရဲ့စွမ်းဆောင်ချက် က အရှေ့ပိုင်း နဲ့ အနောက်ပိုင်း ရုက္ခဗေဒ ၊ဆေးဝါး ပညာရပ် အပေါ် မှာနက် နက်ရှိုင်းရှိုင်းသြ ဇာကြီးမားခဲ့ပါတယ် ။ အာလ် ဂျာမီ ကျမ်းကြီးကိုလည်း အနောက်ပိုင်း ဘာသာစကားများနဲ့အတော်လေး နောက် ကျပြီး မှ ဘာသာပြန်ခဲ့ ရိုက်နှပ်ထုတ် ဝေခဲ့ကြပေမဲ့ လည်းများစွားသော သိပ္ပံပညာရှင်တွေက ဒီကျမ်းရဲ့ ကဏ္ဍအမျိုးမျိုးကို စောစောပိုင်း ကတည်း လေ့လာခဲ့၊ အကိုးအကာများစွာ ပြုခဲ့ကြပါ တယ် ။သူဟာခရစ် နှစ် ၁၂၄၈ခုနှစ် မှာ ဒမတ်စကဒ်မြို့တွင်ကွယ်လွန်သွားခဲ့ပါ တယ်
၂ ။အိဗနေ ရုရှ်ဒ် ( ၁၁၂၈- ၁၁၉၈ )
အဘုလ်ဝလီးဒ် မုဟမ္မဒ် အိဗနေ အဟ်မဒ် အိဗနေ မုဟမ္မဒ်အိဗနေ ရုရှ်ဒ် ကို အနောက်တိုင်းက အေဗွီ၇ိုးစ် Av erroes လိုသိထားကြပါတယ် ။ သူဟာ စွယ်စုံ ပညာရှင်ကြီး များဖြစ်ကြတဲ့ အဘူဂျအ်ဖရ် နဲ့ အိဗနေဂျာဟိုရ်ထံမှာ ဒဿနိဗေဒနဲ့ ဥပဒေပညာရပ်တို့ကို ဆည်းပူးသင်ယူခဲ့ပါတယ်။ ဆေးပညာကိုလည်း လေ့လာလိုက်စား ခဲ့သူဖြစ်ပါ တယ် ။ ရုရှ်ဒ်ကဒဿနိက ဗေဒ ၊ ဆေးဝါးယုတ္တိဗေဒ ၊ဂီတနဲ့ ဥပဒေပညာ ရပ်တို့မှာ ထူးထူးခြားခြား အကျိုးပြု သွားခဲ့သူ ဖြစ်ပါတယ် ။
ဆေးဝါးပညာရပ်မှာတော့ သူရဲ့နာ မည် ကျော် ကိသာဘုလ် ကုလ်ယတ် ဖွီး အလ်သီဘ် ကျမ်းကြီးကို ခရစ်နှစ် ၁၁၆၂ အလျင်က ရေးသားခဲ့တာဖြစ်ပါတယ် ။ ဒီကျမ်းရဲ့ဘာသာ ပြန် လက်ရာ ကိုတော့ ကော်လီ ဂျက် Colliget ရယ်လို့ လူသိများ လှပါတယ်။ ဒဿနိကပညာ ရပ်မှာ ဆိုရင်လဲ သူရဲ့အရေးပါဆုံး သောလက်ရာ ဖြစ်တဲ့ တုဟဖုတပ်အလ်တုဟဖုလ် ကျမ်း ဖြစ်ပြီး အလ်ဂဇာ လီ ရဲ့ကျမ်းကို ခုခံချေပထားချက်လဲဖြစ်ပါတယ် ။
ဂီတနယ်ပယ်မှာဆိုလည်း ရုရှ်ဒ်က အရစ္စတိုတယ်ရဲ့ ဒီ အဲနီမာ De Anima ကျမ်းကို ဋီကာ ဖွင့်ကျမ်းတစ်ဆူပြုစု သွားခဲ့ပါတယ် ။ နက္ခတ္တဗေဒနဲ့ပတ်သက်ပြီးလည်း စက်လုံး ရဲ့ရွေ့ လျားမှု အကြောင်းစာတမ်း တစ်စောင်ဖြစ်တဲ့ကိသဗ် ဖွီးဟရကတ် အလ်ဖွလာက် ကျမ်းကို ရေးသားခဲ့ပါတယ်။ တရားဥပဒေပညာရပ်နဲ့ပတ်သက်ရင်လည်း ဗီဒါယသ် အလမုဂျတဟိဒ် ၀နီဟယသ် အလ်မတ်ကတဆီဒ် ကျမ်းကို အိဗနေဂျာဖရ် ဆဟဗီက လက်စွဲပြုခဲ့ရပါတယ် မာလီကီမဇ်ဟဘ် နဲ့ပတ်သတ်လို့ အကောင်းဆုံးကျမ်းကြီးအဖြစ် ဆိုစမှတ်ပြု တာကိုခံခဲရ ပါတယ် ။ သူ့ရဲ့ဒဿနိက ကျမ်းတွေထဲမှာအများစုကို ဟီဘရုး ဘာသာ လက်တင်ဘာသာ တို့နဲ့ပြန်ဆို ထားခဲ့ကြပါတယ် ။ အိဗနေ ရုရှဒ် က ပလေတိုရဲ့ ရီပတ်ဗလစ် ကျမ်းကြီးနဲ့ ပတ်သက်လို့ အကျယ်ဋီကာ ဖွင့်ချက်တွေရေးသား သွားခဲ့သလို ဂေပင်ရဲ့ အဖျားရောဂါအကြောင်း စာတမ်း၊ အလ်ဖာရာဘီ ရဲ့ယုတ္တိဗေဒ ကျမ်းစတာတွေကို လည်းအကျယ်ဖွင့်ဆို သွားခဲ့ပါတယ် သူပြုစုခဲ့တဲ့ကျမ်းတွေထဲက ကျမ်းပေါင်း ၈၇ကျမ်းဟာ ယနေ့တိုင် တည်ရှိနေပါတယ်။သူဟာ ခရစ်နှစ် ၁၁၉၈ မော်ရိုကိုတွင် ကွယ်သွားခဲ့ပါတယ် ။
၃။အဗူအလီဟဆန် အိဗနေ အလ်ဟိုင်သမ် ( ၉၆၅-၁၀၄၀)
အဗူအလီ အိဗနေ အလ်ဟိုင်သမ် ဟာ အထင်အရှား အကျော်ကြားတဲ့ ရုပဗေဒပညာရှင်များ အနက် တစ်ဦးဖြစ်ပါတယ်။ အမြင်ပညာ (Optic )ရဲ့သိပ္ပံနည်းကျနည်း လမ်းများ (Scientific methods ) တို့တွင် ထူးချွန်လွန်းလှသူပဲဖြစ်ပါတယ်။ အနောက်တိုင်းမှာေ တာ့ သူ ကို အလ်ဟာဇင် အဖြစ် လူသိများပါတယ် ။ အလ်ဟိုင်သမ်ကို ဘဆရာမြို မှာ ခရစ်နှစ် ၉၆၅ တွင် မွေးဖွားပါတယ်။ ဘဆရာနဲ့ဘဂ္ဂဒတ်မြိုတွေမှာပညာသင်ကြားခဲ့သူပါတယ် ။ကြားခံ အမျိုး အမျိုး ကို အလင်းက ဘယ်လိုဖြတ် သန်းသွာပုံကိုနှံနှံစပ် စပ်လေ့လာသု တေ သနပြု ခဲ့ပြီး အလင်းယိုင်ခြင်း နိယာမ များကို Law of reflection ကိုတွေ့ရှိ ဖေါ်ထုတ်ခဲ့ သူဖြစ်ပါတယ် ။သူရေးသားခဲ့တဲ့ ကီသာဘ် အလ်မနာဒီရန် ကျမ်းကို အလယ်ခေတ်တုန်းက လက် တင် ဘာ သာ ပြန်ဆိုခဲ့ကြပြီးသူရဲ့ နေ၀င်ချိန်အရောင်များနဲ့ ပတ်သက်တဲ့ တခြားစာအုပ် ကို လည်း ဘာသာပြန်ခဲ့ကြသေးတယ်။
အရိပ်များ၊ နေကြက် လကြတ်ခြင်းသက်တန့်တို့ရဲ့ ရူ့ပဗေဒ လက္ခဏာရပ် အမျိုးမျိုးဆိုင်ရာ သီအိုရီကို လည်းအကျယ်တ၀င့် လေ့လာ တင်ပြ သွား ခဲ့ပါ တယ်။ အလင်း ရောင် ရဲ့ရုပ်ပိုင်းသဘာ ၀နဲ့ပတ်သက်ပြီးလည်း တွေးဆတင်ပြ သွားခဲ့ ပါ တယ်။ ရှေးအကျဆုံး ကင်မရာCamera obscura အသုံးပြုပုံတီ ထွင်သူလို့ လည်း ထင် ရှားခဲ့ သူပါ။ သူရဲ့ကျမ်းဟာ အနောက်တိုင်းသိပ္ပံပညာရှင်များအပေါ် ဥပမာ ရော်ဂျာ ကွန်နဲ့ ကက် ပလာ တို့အပေါ်မှာ အတော်ကြီးကို သြဇာလွမ်းနေခဲ့ပါတယ်။ သူ့လက်ရာ မီဇန်အလ် ဟစ်ကမဟ် ကျမ်းထဲမှာ လေထုရဲ့သိပ်သည်းဆနဲ့အမြင် တို့အကြား ပတ်သက်မှုကိုလည်း ဆွေးနွေးထားပါ တယ် ကမ္ဘာလေထု ဆိုင်ရာအလင်း ယိုင်ခြင်း (atmospheric refraction ) ကိုလည်း လေ့ လာသုတေသနပြုခဲ့ ပါတယ် ။ နေဟာမိုးကုတ်စ က်ဝန်းရဲ့အောက် ၁၉ဒီကရီ မှာ ဆည်းဆာ ရပ်တဲ့သွားတာ သို့မဟုတ် စတင်တာကို သူရှာ ဖွေ ဖေါ် ထုတ်ခဲ့ပါ တယ်။ ဒီအခြေခံအရ လေ ထု ရဲ့အမြင့်ကို တိုင်းတာဖို့ကို လည်း အား ထုတ်ခဲ့ ပါ တယ်။ သချာင်္ပညာ နဲ့ သိပ္ပ ပညာ တို့မှာ သူရဲ့အခန်းကဏ္ဍကြီးမားကျယ်ပြန့်လှပါတယ် သချာင်္ ပညာ ရပ်များ အက္ခရာ သချာင်္နဲ့ ဂျီသြ မေထရီ ပညာရပ်များအကြား ကွင်းဆက်ကို တည် ဆောက် ပြီး အနာလစ်ကခ် ကယ်ဂျီသြမေ ထရီပညာ ကို ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ပါ တယ် ။
အလယ်ခေတ်တွေ အတွင်မှာပဲ သူရဲ့စကြာဝဠာ ဗေဒ Cosmology ကျမ်းကြီးကိုလည်းဟီဘရုး၊လက်တင် နဲ့အခြား ဘာသာမျ
၎။ အဗူအလ်ဟဆန် အလ်မ၀ါရီဒီ ( ၉၇၂-၁၀၅၈)
ဒီကျမ်းတွေက နိုင်ငံရေးသိပ္ပံ ဆိုင်ရာ စည်းမျဉ်းတွေ ကိုဆွေးနွေးထားရာမှာ ခလီဖွာများ၊ ၀န်ကြီး ချုပ် များ၊ ၀န်ကြီးများ ရဲ့လုပ်ငန်းဆောင်တာ နဲ့ တာဝန်များ အကြောင်းကိုလည်း အထူး တ လည် ဆွေးနွေတင်ပြထားပါတယ် ပြည်သူနဲ့အစိုးရအကြားအခန်းကဏ္ဍအမျိုးမျိုး၊အစိုးရ ကိုအား ကောင်း စေမဲ့ အကြောင်းအရာများနဲ့ စစ်ရေးစစ်ရာ မှာ အောင်မြင်မှုရရှိ စေမယ့် ဗျုဟာများ အ ကြောင်း လည်းပါဝင်ပါတယ်။ဒီကျမ်းတွေကို ထုတ်ဝေဖြန်ချီရာ မှာလည်း ဘာသာ စကား အသီး သီး နဲ့လည်း ဘာသာပြန်ဆို ခဲ့ကြပါတယ်။ ကိုယ်ကျင့်တရားလူကျင့်ဝတ် ဆိုင်ရာ ပညာရပ်နဲ့ ပတ် သက်လို့လည်း ကိသဗ် အဒဗ် အလ် ဒွနူယာ ၀အလ်ဒီန်း ကျမ်းကိပြုစု သွားခဲ့ရာ ဒီပညာရပ် ဘက် မှာဆို အတော်ကို လူသိများထင်ရှားခဲ့ပါတယ်ယ။ တစ်ချိုသော အစ္စလာမ် နိုင်ငံ တွေ မှာ ဆို ရင် ကနေ အထိ ဒီကျမ်းကို ဖတ်ရှုလေ့လာနေကြတုန်းပါပဲ
မှတ်ချက် ရှေးခေတ် မွတ်စလင်ပညာရှိကြီးများသည် ဘာသာရပ်တစ်ခုတည်း ကိုသာ ပါရဂူမြောက် ထူးချွန်ကြသူများ မဟုတ်ကြပဲ ဘာသာရပ်မျိုးစုံ စွယ်စုံရ ပညာရှင်ကြီးများ ဖြစ်ကြတာကိုသတိပြုစေလိုပါသည်။
ရေးသားတင်ပြသူ – ၀ါးခယ်မမောင်မင်းနိုင်
REF ; AS SALAM
http://muslimtime.wordpress.com
No comments:
Post a Comment
Note: only a member of this blog may post a comment.