Pages

.

ဟေကာယာတေဆွာဟာဗဟ်ကျမ်း









 (ဟေကာယတေ့ ဆွဟာဗဟ်ကျမ်းစာအုပ်လေးပါ )
ကျမ်းပြုသူ – ရှိုက်ခွလ်ဟဒီးဆ် မော်လာနာ ဇကရီယာ
ပြန်ဆိုသူ – မော်လာနာ မုဟမ္မဒ် မူစာ
                                                    ဒီမှာ ဒေါင်းပါ


http://shihaymam.blogspot.com

သမုဒ္ဒရာအောက်မှ ပုလဲလုံးများ (ကျင့်စဉ်ပိုင်းဆိုင်ရာ စူးရှထက်မြက်သော အထူးကုထုံးများ)

သမုဒ္ဒရာအောက်မှ ပုလဲလုံးများ (ကျင့်စဉ်ပိုင်းဆိုင်ရာ စူးရှထက်မြက်သော အထူးကုထုံးများ)


                                               သမုဒ္ဒရာအောက်မှ ပုလဲလုံးများ
                                        (ကျင့်စဉ်ပိုင်းဆိုင်ရာ စူးရှထက်မြက်သော အထူးကုထုံးများ)

                                                           မွဖ်သီ ကာရီ ယူစွဖ် (အဆ်အဒီ)

                                                      https://www.box.com/shared/k5op16q8n3

အစ္စလာမ့် ဒဿနကျမ်း (The Philosophy of the Teachings of Islam)

ကျမ်းမြတ်ကိုရန်မှ အလ္လာဟ်ရှင်မြတ်၏ အမိန့်တော်လမ်းညွှန်ချက်များကို နားလည်ဖတ်ရှူလိုသူများအတွက်-
အစ္စလာမ့် ဒဿနကျမ်း (The Philosophy of the Teachings of Islam)

ဒေါင်းရန်-http://www.mediafire.com/view/?dzvcg1cbptts9pp

ဤကျမ်းနှင့် ပတ်သက်၍ မှတ်ချက်စကားများ-


ဤကျမ်းသည် အစ္စလာမ်ဘာသာများသာ ဖတ်ရန်မဟုတ်၊ လူကောင်း လူမြတ် ဖြစ်လိုသူမှန်က အထပ်ထပ်ဖတ်အပ်သော ကျမ်းဖြစ်လေရာ ဘာသာကျမ်းစာဖြစ်ခြင်းသာမက လူဟူသမျှနှင့်ဆိုင်သော ကျမ်းစာ ဖြစ်ပေသည်။
(ဆရာကြီး ပီမိုးနင်း)
ဘာသာရေး ဗဟုသုတ စုဆောင်းသူများနှင့် မိုဟမ္မဒ်ဘာသာဝင်မြန်မာတို့တွင် ဤစာအုပ်သည် များစွာ အရေးပါ၍ အရာရောက်လိမ့်မည် ဖြစ်ပါကြောင်း ထိုစာအုပ်၌ လူများသေပြီးနောက် တည်ရှိနိုင်သည်၊ မရှိနိုင်သည်။ ရုပ်နှင့် နာမ်သည် မည်ကဲ့သို့ဖြစ်လာသည်။ မည်ကဲ့သို့ ဆက်သွယ်သည် စသော ပြဿနာများကို ကုရ်အာန်ကျမ်းအရ ဖြေကြားထားသည်ကို တွေ့ရှိရသဖြင့် မိမိတို့ဘာသာနှင့် တူညီချက်၊ ကွဲလွဲချက်များကို နှိုင်းယှဉ်ကြည့်ရန် ကောင်းသော စာအုပ်ကလေး ဖြစ်သည်။
(ဒီးဒုတ် ဦးဘချို)

အစ္စလာမ်နှင့် အမျိုးသမီး

“အစ္စလာမ်”သာသနာသည် ကမ္ဘာ့လူသားထုကြီး တစ်ရပ် လုံးအား တတန်းတစားတည်း ဖြစ်စေလို၏။ “အစ္စလာမ်”တွင် အနိမ့်၊ အမြင့်၊ဘုရင်၊သူတောင်းစား၊သူဌေး၊သူဆင်းရဲ၊ဇာတ်နိမ့်၊ဇာတ်မြင့်၊ ပညာရှိ၊ပညာမဲ့၊အမျိုးသမီး၊အမျိုးသား အားလုံးတို့သည် တန်းတူပင် ဖြစ်ကြပေသည်။ “အစ္စလာမ်”၏ တရားဓမ္မ၊ အဆုံးအမ၊ ဥပဒေ စည်းမျဉ်း၊ အမိန့်ပညတ်၊ ကျင့်စဉ် ကျင့်ရပ် အားလုံးတို့တွင် ဤသည့် အချက်ကို အထင်အရှားတွေ့ရှိရပေသည်။ စကြ၀ဋ္ဌာတစ်ဝန်းနှင့်တကွ လူသားအားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများ သာဖြစ်သည်။ အမျိုးသမီး၊အမျိုးသားအားလုံးတို့သည် ဖခင်ကြီး အာဒမ်နှင့် မိခင်ကြီး ဟောင်ဝါ၏ သားသမီးများသာ ဖြစ်ကြပေသည်။ လူသားအားလုံးတို့သည် တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်တန်းစားတည်းဖြစ်ကြပေသည်။ အမြင်မှန် – ရရှိမှု၊ မရရှိမှု၊ အကျင့်အမူ-ကောင်းမှု၊ မကောင်းမှုအားဖြင့်သာလျှင် လူသားတို့သည် တစ်ဦးထက်တစ်ဦးသာကြပေသည်။ အမြင်မှန်ရရှိ၍ အကျင့်အမူ ကောင်းသောသူများသာလျှင် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပုဂ္ဂိုလ်မွန်ပုဂ္ဂိုလ်မြတ်မည်ကြသည်။


-
အတိတ်ခေတ်အမျိုးသမီးတို့၏ ကြေကွဲဖွယ်အဖြစ်
  အစ္စလာမ်သာသနာမထွန်းကားမီ အီဂျစ်၊ဘာဘီလုံ၊အီရန်၊ ယူနန်၊အိန္ဒိယစသည့်နိုင်ငံကြီးများတွင်  လူနေမှုအဆင့်အတန်းသည် အတော်ပင်မြင့်မားခဲ့ကြပေသည်။ သို့ရာတွင် ယင်းသည့် တိုးတက် မြင့်မားမှုများတွင် အမျိုးသမီးများသည် မည်သည့်အစိတ်အပိုင်း၌မျှ မပါဝင်ခဲ့ကြပေ။ မပါဝင်ခဲ့ကြသည်သာမဟုတ်၊ အမှန်မှာ အမျိုးသမီးများအား မတရားလျစ်လျူပြုထားခဲ့ခြင်းနှိမ်ထားခဲ့ခြင်းသာ ဖြစ်ပေသည်။
 အတိတ်ခေတ်များတွင် နိုင်ငံကြီးများသည် အမျိုးသမီးတို့အား အမျိုးမျိုးမြင်ခဲ့ကြပေသည်။ အမျိုးသမီးတို့နှင့် ပတ်သက်၍ အမျိုးမျိုး ထင်မြင်ယူဆခဲ့ကြလေသည်။ အမျိုးသမီးတို့နှင့် အမျိုးမျိုး ဆက်ဆံ ခဲ့ကြလေသည်။
- ကမ္ဘာ့အရှေ့ပိုင်း၌ အချို့နိုင်ငံများတွင် အမျိုးသမီးသည် အမျိုးသားများအဖို့ “အမည်းစက်ကြီး”ဖြစ်သည်ဟု ယူဆခဲ့သည်။
 - ရောမနိုင်ငံတွင် အမျိုးသမီးသည် “အိမ်အသုံးအဆောင်ပစ္စည်း” ဖြစ်သည် ဟုယူဆခဲ့သည်။
 - ယူနန်ပြည်တွင် အမျိုးသမီးအား “ရှိုင်တွာန်” ခေါ်ခဲ့သည်။
 - အတိတ်ခေတ် အချို့ကျမ်းများတွင် “အမျိုးသမီးများသည် ထာဝရကျိန်ဆဲမှုကို ခံအပ်သည်၊ အမြဲထာဝစဉ် ကရုဏာတော်နှင့် ကင်းဝေးအပ်သည်”ဟု ဆိုထားသည်။
 - အချို့ကျမ်းစာများတွင် “အမျိုးသမီးသည် လူ့ပန်းခြံ၏  ဆူးညှောင့်ဖြစ်သည်” ဟု ဆိုထားသည်။
- ဥရောပကမူ အမျိုးသမီးသည် “ကိုးကွယ်ရာ”တမျှဖြစ်သည်ဟု ဆိုခဲ့သည်။


-
အမျိုးသမီးများနှင့်ပတ်သက်၍ အစ္စလာမ်၏ သဘောထား
  “အစ္စလာမ်”၏ယူဆချက်မှာမူ အားလုံးနှင့်မတူတစ်မူထူးသည်။ “အစ္စလာမ်”က အမျိုးသမီးနှင့်အမျိုးသားတို့သည် ဖခင်ကြီး အာဒမ်နှင့် မိခင်ကြီးဟောင်ဝါ၏ သားသမီးများဖြစ်ကြသည်။ မောင်ရင်းနှမများ ဖြစ်ကြသည်။ အညမညဖြစ်ကြသည်။ အမျိုးသမီးသည် အမျိုးသမီး ဖြစ်သည်။ အမျိုးသားသည် အမျိုးသားဖြစ်သည်။ တာဝန်အသီးသီး အခွင့်အရေး အဖုံဖုံရှိကြသည်။ အမျိုးသမီးသည် အိမ်ရှင်မဖြစ်သည်။ နူးညံ့သိမ်မွေ့သည်၊ အိမ်ထောင်စုသာယာမှု၏ သော့ချက်ဖြစ်သည်ဟု ဆိုသည်။
 ဗုခါရီကျမ်းကြီးတွင်လာရှိသည်မှာ သာဝကကြီး အုမရ် က-
 “ကျွန်ုပ်တို့သည် အမိုက်ခေတ်၌ မက္ကဟ်မြို့တွင် အမျိုးသမီးများအား လုံးဝ တန်ဖိုးမထားခဲ့ကြပါ။ မဒီနာဟ်မြို့တွင် အမျိုးသမီး၏ တန်ဘိုးအနည်းငယ်ရှိခဲ့သည်။ အစ္စလာမ် သာသနာ ထွန်းကားလာပြီး အမျိုးသမီးများနှင့် ပတ်သက်၍ မုက္ခပါဌ်တော်များ ကျရောက်လာသောအခါကျမှ အမျိုးသမီးများ၏ တန်ဖိုးကို သိလာ ခဲ့ကြရပါသည်”ဟု  ထုတ်ဖော်ပြောကြားခဲ့ဖူးလေသည်။
- “အစ္စလာမ်”သာသနာ မထွန်းကားမီ အမိုက်ခေတ်တွင် မိစ္ဆာဝါဒီများသည် သမီးမွေးလျှင် မျက်နှာမသာခဲ့ကြပေ။ သမီးငယ် များကို အရှင်လတ်လတ်ပင် မြေမြှုပ်လေ့ရှိခဲ့ကြသည်။
 ဤသည် အမိုက်ခေတ်တွင် အမျိုးသမီးတို့၏ ကြေကွဲဖွယ် ဘ၀ဖြစ်သည်။
- တစ်နေ့ခရီးသွားနေခိုက် တမန်တော်မြတ်က ကုလားအုတ် ကြိုးကိုင်အား-
 “အို-အန်ဂျရှဟ်၊ သတိ၊ ဤအမျိုးသမီး များသည်အလွန်ကြည်လင်တောက်ပနူးညံ့သိမ်မွေ့လှသော ကြေးမုံ(မှန်) ကလေးများဖြစ်ကြသည်။ ၎င်းင်းတို့နှင့် ယဉ်ကျေးသိမ်မွေ့စွာဆက်ဆံပါ။ ၎င်းင်းတို့အားထောက်ထားညှာတာပါ”ဟု မိန့်ကြား၍ အမျိုးသမီးတို့အား အမွှမ်းတင်တော်မူခဲ့သည်။
အမိုက်ခေတ်တွင် အမျိုးသမီးတို့အပေါ်ထား ရှိသော သဘောထားနှင့် တမန်တော်မြတ်၏ သဘောထားမှာ မိုး-မြေတမျှ ကွာခြားနေသည်ကို ကောင်းစွာ သိနိုင်ပေသည်။
- “အစ္စလာမ်”သာသနာသည် အမျိုးသမီးတို့အတွက် အချို့ အခွင့်အရေးများကိုသတ်မှတ်ပေးခဲ့သည်သာ မဟုတ်။ အမျိုးသမီး တို့အား မိမိတို့၏ နယ်ပယ်၊ မိမိတို့၏ ဘောင်တွင် နေထိုင်လျက် အမျိုးသားတို့နှင့် တန်းတူအခွင့်အရေးပေးကာ လူ့အဆောက်အဦ ကြီးကို ပြည့်ဝစုံလင်စေခဲ့သည်။ အမျိုးသမီးတို့အား အထွတ်အထိပ် သို့ ရောက်အောင် ပို့ဆောင်ခဲ့သည်။
- တမန်တော်မြတ်က -
ယောက်ျားသည် မိမိ၏ အိမ်သူ အိမ်သားများ အပေါ်တွင် ထိန်းသိမ်းစောင့်ရှောက်သော အကြီးအကဲ ဖြစ်သည်။ယောက်ျားသည် မိမိ၏အိမ်သူအိမ်သားများနှင့် ပတ်သက်၍ တာဝန်ကျေ-မကျေ မေးမြန်းခြင်း ခံရမည်။ မိန်းမသည် မိမိခင်ပွန်း၏ အိမ်၏ အိမ်ရှင်မဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်သော အကြီးအကဲ ဖြစ်သည်။ မိန်းမသည် မိမိအိမ်ထောင် ထိန်းသိမ်းရေးနှင့် စပ်လျဉ်း၍ တာဝန်ကျေ-မကျေမေးမြန်းခြင်းခံရမည်ဖြစ်သည်”ဟုမိန့်ကြားတော်မူခဲ့လေသည်။
(ဗုခါရီကျမ်း)
-  ဂျန္နတ်သည် မိခင်မွန်တို့၏ ဖ၀ါးအောက်တွင်ရှိသည်။
(မွတ်စလင်မ်ကျမ်း)
- အချို့ တိုင်းပြည်များတွင် စံမတူအောင် တိုးတက်ခဲ့ကြသည် မှာမှန်ပါ၏။ သို့ရာတွင် ယင်းတိုးတက်မှုများ၌ အမျိုးသမီးများ အဘယ်ကဏ္ဍတွင် ပါဝင်ခဲ့ကြပါသနည်းဟု မေးလျှင် အဖြေကား “နတ္တိ”မရှိဟူ၍ပင် ရရှိပေမည်။
 “အစ္စလာမ်”ကား ဤသို့ မဟုတ်ပေ။
- “အစ္စလာမ်”သာသနာ ထွန်းကားလာသည့်အခါ အမျိုးသား တို့အား အမျိုးသားတို့ ရသင့် ရထိုက်သော အခွင့်အရေးများကို ကျပ်ပြည့်ပေးခဲ့သကဲ့သို့ အမျိုးသမီးတို့အားလည်း အမျိုးသမီးတို့ ရသင့် ရထိုက်သော အခွင့်အရေးများကို ကျပ်ပြည့်ပေးခဲ့ပေသည်။ “အစ္စလာမ်”၏ ကျေးဇူးကြောင့် အမျိုးသမီးတို့သည် ကမ္ဘာ့သမိုင်းတွင် စံမတူအောင် ဆောင်ရွက်နိုင်ခဲ့ကြသည့် အောင်မြင်မှုများသည် ကမ္ဘာ့သမိုင်းတွင် အထင်အရှားပင်။
 ဤတွင် တမန်တော်မြတ်လက်ထက်ရှိ အချို့ မွတ်စလင်မ် အမျိုးသမီးများ၏ ဆောင်ရွက်ချက်များကို အနည်းငယ် ဖော်ပြလိုပေသည်။


 -
အမျိုးသမီးနှင့် သာသနာရေးစစ် 
  သာသနာရေးကိစ္စများတွင် ဓမ္မန္တရာယ်များကို သုတ်သင် ရှင်းလင်းသော “ဂျိဟာဒ်” ခေါ် အစ္စလာမ်သာသနာရေးစစ်သည် အခက်ဆုံးကိစ္စပင် ဖြစ်ပေသည်။ တမန်တော်မြတ်ဧမ”လက်ထက်၌ မွတ်စလင်မ်အမျိုးသမီးတို့သည်လည်း မိမိတို့အသက်တမျှ ယုံကြည် မြတ်နိုးသော အစ္စလာမ်သာသနာကို ကာကွယ်ထိန်းသိမ်းရန်အတွက် တာဝန်သိသိ၊ သစ္စာရှိရှိနှင့် သာသနာရေး စစ်ပွဲများတွင် စွမ်းစွမ်းတမံ ပါဝင်ဆင်နွှဲခဲ့ကြပေသည်။ မိမိတို့၏ စွမ်းရည်သတ္တိများကိုလည်း ကမ္ဘာသိအောင် ပြနိုင်ခဲ့ကြပေသည်။
- “အုဟုဒ်”စစ်ပွဲတွင် အချို့မွတ်စလင်မ်စစ်သည်များ၏ တာဝန် ပေါ့လျော့မှုကြောင့် ရန်သူများသည် စစ်ရေးသာလာခဲ့ကြ၏။ တမန်တော်မြတ်ထံသို့ဦးတည်ပြီးလျှင်ဝိုင်းဝန်းတိုက်လာခဲ့ကြ၏။ တမန်တော်မြတ်ထံပါးတွင်လည်း အသေခံစစ်သည် အနည်း ငယ်သာကျန်ရှိတော့၏။ ထိုအချိန်တွင် မွတ်စလင်မ် အမျိုးသမီးတစ်ဦး ဖြစ်သော အွန်မုအမရာဟ်သခင်မသည် လေးတူးနှင့် ဓားလွယ်ကို ဆွဲကိုင်၍ တမန်တော်မြတ်အနီးသို့ရောက်ရှိ လာခဲ့၏။ မိမိ၏ ရင်ကိုမြေကတုတ်လုပ်ကာ ရန်သူများအား ခုခံတိုက်ခိုက်ခဲ့၏။ တမန်တော်မြတ်အား မိမိအသက်နှင့် လဲ၍ ကာကွယ်ခဲ့၏။ ပြင်းထန်စွာ ဒဏ်ရာဒဏ်ချက်များ ရရှိခဲ့၏။
 အွန်မု အမ္မရာဟ် သခင်မသည် “မုစိုင်လမဟ်” စစ်ပွဲတွင်လည်း သတ္တိပြောင်မြောက်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့၏။ ဒဏ်ရာ(၁၂)ချက်တိတိရရှိခဲ့၏။ လက်တစ်ဘက်ပြတ်သွားခဲ့၏။
- “ခန်ဒတ်က်”စစ်ပွဲတွင် ဆွဖီယဟ်သခင်မသည် ပါဝင် ဆင်နွှဲခဲ့သည်။ အမျိုးသမီးများရှိရာသို့ ရန်သူများ ရောက်လာသည့်အခါ စစ်ပရိယာယ် အမျိုးမျိုးကျင့်သုံး၍ ရန်သူများအား အံ့ဖွယ်သရဲ တွန်းလှန် ကာကွယ်နိုင်ခဲ့သည်။ မိမိတို့ထံသို့ တိုးဝင် လာသော ရန်သူတစ်ဦးအား သတ်ဖြတ်ကွပ်မျက်နိုင်ခဲ့သည်။
- “ဟုနိုင်န်”စစ်ပွဲတွင် အွန်မုစုလိုင်မ်သခင်မသည် ဓားမောက်ဆွဲကိုင်၍ ပါဝင်ဆင်နွှဲခဲ့သည်။
- သမတကြီး အုမရ်သခင် လက်ထက်တွင် ဖြစ်ပွား ခဲ့သော “ယရ်မူက်” စစ်ပွဲတွင်
 အတ်စ်မာ သခင်မ(သာဝကကြီး အဗူဗကရ်၏ သမီး)၊အွန်မုအဗာန်သခင်မ၊အွန်မုဟကီမ်သခင်မ၊ ခေါင်လဟ်သခင်မ၊ ဟင်န္ဒသခင်မ၊
ဂျုဝိုင်ရီယဟ်သခင်မ(တမန်တော်မြတ်၏ ကြင်ရာတော် )တို့သည် သတ္တိပြောင်မြောက်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြသည်။
 အတ်စ်မာသခင်မသည် လက်နက်မရှိသည့် အဆုံးတွင် တံတိုင်းများဖြင့် ရန်သူ(၉)ယောက်တို့အား အံ့ဖွယ်သရဲ ရိုက်သတ် နိုင်ခဲ့ပေသည်။
 မွတ်စလင်မ်အမျိုးသမီးတို့သည် မြေပြင်စစ်ပွဲများတွင်သာ ပါဝင်ဆင်နွှဲခဲ့ကြသည်မဟုတ်၊ ရေပြင်စစ်ပွဲများတွင်လည်း ပါဝင် ဆင်နွှဲခဲ့ကြပေသည်။(Cyprus)ကျွန်းတွင် စစ်ပွဲဖြစ်ပွားခဲ့၏။ ထိုစစ်ပွဲတွင် အွန်မုဟရာမ်သခင်မသည် ပါဝင် ဆင်နွှဲခဲ့ပေသည်။
 စစ်ပွဲများတွင် မွတ်စလင်မ်အမျိုးသမီးများသည် စစ်သည် များအား ရေတိုက်ခြင်း၊ ဒဏ်ရာရသူများအား ဆေးပေးခြင်း၊ ကုသခြင်း၊ ကျဆုံးသော စစ်သည်များနှင့် ဒဏ်ရာရသူများအား စစ်မြေပြင်မှ နေရာရွှေ့ပြောင်းပေးခြင်း၊ မြားများ ကောက်ပေးခြင်း၊ စားရေး သောက်ရေး စီစဉ်ပေးခြင်း၊ ထမင်းဟင်းချက်ပြုတ်ခြင်း၊ သင်္ချိုင်းတွင်းတူးခြင်း၊ စစ်သည်များအား အားပေးစကားပြောခြင်း စသည့်ကိစ္စများကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြပေသည်။
- အာအိရှဟ်သခင်မ၊ အွန်မုစုလိုင်မ်သခင်မ၊ အွန်မုစလီတ်သခင်မတို့သည် “အုဟုဒ်”စစ်ပွဲတွင် ဒဏ်ရာ ရသော စစ်သည်တော်များအား ရေတိုက်ခဲ့ကြ၏။အွန်မုစုလိုင်မ်သခင်မနှင့် အန်ဆွာရီ အမျိုးသမီး များသည် ဒဏ်ရာရသော စစ်သည်တော်များအား ဆေးထည့်ပေး ခဲ့ကြ၏။ ယင်းသို့ဆေးထည့်ကုသပေးနိုင်ရန်အတွက် တမန်တော်မြတ်နှင့် အတူတကွ စစ်ပွဲများတွင် အမြဲတစေ ပါဝင်ဆင်နွှဲခဲ့ကြ၏။
  အွန်မုအတွီယဟ်သခင်မသည် စစ်ပွဲ(၇)ပွဲတွင် စစ်သည်တော်များအား ထမင်းချက်၍ ကျွေးမွေးခဲ့၏။
- “ယရ်မူက်”စစ်ပွဲတွင် တပ်စိတ်တစ်စိတ်သည် တဖြည်းဖြည်း နောက်သို့ဆုတ်လာရင်း ကြင်ရာတော်များရှိရာ စခန်းသို့ ရောက်ရှိလာ သောအခါ ဟင်န္ဒသခင်မ၊ ခေါင်လဟ်သခင်မနှင့် အခြားအမျိုးသမီးများက စိတ်ဓာတ်တက်ကြွစေသော လင်္ကာများ ရွတ်ဆို၍ အားပေးခဲ့ကြ၏။


-
အမျိုးသမီးများနှင့် သာသနာဖြန့်ချီမှု
- သာသနာဖြန့်ချီခြင်းသည် အစ္စလာမ်သာသနာ၏ အဓိက အချက်တစ်ရပ်ဖြစ်သည်။ ဤကိစ္စကိုလည်း မွတ်စလင်မ် အမျိုးသမီး များသည် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ကြပေသည်။
 (ခတ်တွာဗ်၏သမီး)ဖွှာတွိမဟ်သခင်မ၏ ကြိုးပမ်းမှု ကြောင့် သာဝကကြီးအုမရ်သည် အစ္စလာမ် သာသနာကို သက်ဝင် ယုံကြည်လာ ခဲ့ပေသည်။
- စုအ်ဒါသခင်မ၏ ဟောညွှန်ပြမှုကြောင့် သာဝကကြီး အုဆ်မာန်သည် မွတ်စလင်မ်ဖြစ်လာခဲ့ပေသည်။
-အွန်မုစုလိုင်မ်သခင်မ၏ တရားပြမှုကြောင့် သာဝကကြီး အဗူတွာလ်ဟဟ်သည် အစ္စလာမ်ဘောင်တွင်း သို့ရောက်ရှိလာခဲ့ပေသည်။
-  သာဝကကြီး အတ်က်ရမဟ်သည် ၎င်းင်း၏ဇနီး အွန်မုဟကီမ်သခင်မ၏ ဟောပြောမှုကြောင့် အစ္စလာမ် သာသနာကို သက်ဝင် ယုံကြည်လာခဲ့ပေသည်။
-အွန်မုရှရီက်သခင်မသည် အစ္စလာမ် သာသနာကို လျှို့ဝှက်စွာဖြင့်ဖြန့်ချီလေ့ရှိခဲ့ပေသည်။ များစွာသော ကုရိုက်ရှ်မျိုးနွယ် ၀င် အမျိုးသမီးများ အစ္စလာမ်သာသနာအတွင်းသို့ ရောက်ရှိလာခဲ့ ခြင်းမှာ အွန်မုရှရီက်သခင်မ၏ ကျေးဇူးပင် ဖြစ်ခဲ့ပေသည်။


-
 အမျိုးသမီးများနှင့် တိုင်းပြည်ထိန်းသိမ်းမှု
- တိုင်းပြည်ကို မယိမ်းယိုင်အောင် ထိန်းသိမ်းကာကွယ်ခြင်းသည်လည်း အစ္စလာမ်၏အရေးကြီးသော အချက်တရပ်ပင် ဖြစ်သည်။မွတ်စလင်မ်အမျိုးသမီးများသည် ဤကိစ္စကိုလည်း ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ကြပေသည်။
 အထူးသဖြင့် အမျိုးသမီးများတွင် အာအိရှဟ်သခင်မသည် ဤကိစ္စကို ထူးကဲစွာ ဆောင်ရွက်နိုင်ခဲ့ပေသည်။
  ဟိဂ်ျဂျရီသက္ကရာဇ်(၃၅)ခုနှစ်တွင် သမတကြီးအုဆ်မာန် လုပ်ကြံခြင်းခံခဲ့ရ၏။တိုင်းပြည်တွင် အုပ်ချုပ်မှုယိုယွင်းလာခဲ့၏။ မငြိမ်မသက် ဖြစ်လာခဲ့၏။
 ထိုအချိန်တွင် အာအိရှဟ်သခင်မသည် တိုင်းပြည် အခြေအနေကို ထိန်းသိမ်းနိုင်ရန်အတွက် မိမိကိုယ်တိုင် ထွက်၍ ကြိုးစားခဲ့၏။ မက္ကဟ်မြို့နှင့် ဗဆ်ွရဟ်မြို့ရှိ မွတ်စလင်မ်များက အာအိရှဟ်သခင်မ၏ လမ်းစဉ်ကို လက်ခံခဲ့ကြ၏။


-အမျိုးသမီးများနှင့်  “အိမာမဟ်” ရှေ့ဆောင်မှု
  ဆွလာတ်ဝတ်ပြုရာတွင် “အိမာမဟ်” ရှေ့ဆောင်ခြင်းသည် လည်း သာသနာရေးတွင် အရေးကြီးသော ကိစ္စတရပ်ပင်ဖြစ်သည်။ အချို့မွတ်စလင်မ်အမျိုးသမီးများသည် ဤကိစ္စကိုလည်း တစ်ခါတစ်ရံ ဆောင်ရွက်ခဲ့ကြပေသည်။
 အာအိရှဟ်သခင်မ၊ အွန်မုစလမဟ်သခင်မ၊ (အဗ်ဒုလ္လာဟ်၏သမီး)အွန်မုဝရကဟ်သခင်မ၊(ကိမာမဟ်၏ သမီး)စုအ်ဒဟ်သခင်မတို့သည် အမျိုးသမီးတို့အား ရှေ့ဆောင်၍ ဆွလာတ်ဝတ်ပြုလေ့ရှိခဲ့ကြပေသည်။ အွန်မေ့ဝရကဟ် သခင်မသည် မိမိအိမ်ကိုပင် ဆွလာတ်ဝတ်ပြုရာဌာနအဖြစ် ပြုလုပ်၍ ထားခဲ့ပေသည်။
(-မှတ်ချက်ယခုခေတ်တွင် တစ်နေရာတစ်ဌာနတွင် အမျိုးသမီးများစုရုံး၍ အမျိုးသမီးတစ်ဦးက “အိမာမဟ်” ရှေ့ဆောင်ဝတ်ပြုခြင်းကို မပြုအပ်၊ မပြုပိုင်သော ကိစ္စတရပ်ဟူ၍ပင် အချို့က ထင်မှတ်နေကြသည်။ ဤသည် ဘာသာရေး မလေ့လာမှု၏ အကျိုးတစ်ရပ်သာဖြစ်သည်။ ယင်းတော် ဗမာမွတ်စလင်မ်ရွာကြီးတွင် ဟာဂျီမ ဒေါ်နန်းကြွယ်သည် မွတ်စလင်မ် အမျိုးသမီးတို့အား မိမိအိမ်တွင် စုရုံး၍ မိမိ ကိုယ်တိုင်က အိမာမဟ် ရှေ့ဆောင်ဝတ်ပြုခဲ့သည်သာမက အမျိုးသမီးတို့နှင့် သက်ဆိုင်သည့် ဘာသာရေးဆိုင်ရာသိသင့် သိအပ်သည်များကိုလည်း လက်တွေ့သင်ကြား ပြသလေ့ရှိခဲ့သည်။အားကျဖွယ် ကောင်းလှပေသည်။)


-အမျိုးသမီးများနှင့် အုပ်ချုပ်မှု
  အမျိုးသမီးများသည် အုပ်ချုပ်မှုတွင်လည်း အခါကာလ အားလျော်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြပေသည်။
(ဆွိုင်ဖီ၏သမီး) ရကီကဟ်သခင်မ၊ အာအိရှဟ်(ါ)သခင်မ၊ (အဗ်ဒုလ္လာဟ်၏သမီး)ရှေ့ဖါသခင်မတို့သည် စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက်နိုင်ခဲ့ကြပေသည်။ ရှေ့ဖါသခင်မ၏ အမြော်အမြင်၊အယူအဆ၊အတွေးအခေါ်သည်မှန်ကန်လှ၏။ ရင့်ကျက်လှ၏။ သမတကြီး အုမရ်သခင်သည်ပင် ရှေ့ဖါသခင်မ၏ အတွေးအခေါ် အယူအဆများကို ချီးမွမ်းလေ့ရှိခဲ့သည်။
မကြာခဏ ရှေ့ဖါသခင်မထံသွားရောက်၍ဆွေးနွေးတိုင်ပင်လေ့ရှိခဲ့သည်။ သမတကြီးအုမရ်သည်များသောအားဖြင့် ဈေးများစီမံအုပ်ချုပ်မှု တာဝန်ကိုရှေ့ဖါသခင်မအား လွှဲအပ်ထားခဲ့လေသည်။ မဒီနာဟ်မြို့သို့ မရွှေ့ပြောင်းမီ ကုရိုက်ရှ်မျိုးနွယ်ဝင်များသည် တမန်တော်မြတ်၏ နေအိမ်တော်ကို ၀ိုင်းထားရန် လျှို့ဝှက် ကြံစဉ်ခဲ့ကြ၏။ ဤသည့်သတင်းကို ရကီကဟ်သခင်မသည် တမန်တော်မြတ်အား အချိန်မီ အသိပေးနိုင်ခဲ့လေသည်။အမျိုးသမီးများသည်အခွင့်အာဏာကိုလည်းရရှိခဲ့ကြပေသည်။ အမျိုးသမီးများသည်လည်း ရန်သူတို့အား ခိုလှုံခွင့်ပေးနိုင်ခဲ့ပေသည်။ အမျိုးသမီးများပေးထားသော ခိုလှုံခွင့်ကိုသက်ဆိုင်ရာအာဏာပိုင်တို့က အတည်ပြုခဲ့ကြပေသည်။(သာဝကကြီးအလီသခင်၏နှမ) အွန်မုဟာနီကရန်သူတစ်ဦးအားခိုလှုံခွင့်ပေးခဲ့ရာ တမန်တော်မြတ်က
“အို….အွန်မုဟာနီ၊ အသင်မ ခိုလှုံ ခွင့်ပေးထားသူအား ကျွန်ုပ်လည်းခိုလှုံခွင့်ပေးသည်”ဟုမိန့်ကြားအတည်ပြုတော်မူခဲ့လေသည်။


-
အမျိုးသမီးများနှင့် ပညာရေး
  မွတ်စလင်မ်အမျိုးသမီးတွေသည် (ကိရာအတ်)ကုရ်အာန် ကျမ်းမြတ်ကို ဌာန်ကရိုဏ်းကျနစွာ ရွတ်ဘတ်သရဇ္ဈယ်ခြင်းပညာ၊ (တဖ်စီရ်) ကုရ်အာန်ကျမ်းမြတ်အဖွင့်ဆိုင်ရာပညာ၊ (ဟဒီဆ်) တမန်တော်မြတ်၏သြ၀ါဒတော်များဆိုင်ရာပညာ၊ (ဖိကဟ်) အစ္စလာမ့် ဓမ္မသတ်ပညာ၊ (ဖရာအိသ်) အမွေခန်းပညာ…စသည့် ပညာရပ်များ ကိုကောင်းစွာ တတ်ကျွမ်းခဲ့ကြပေသည်။


-
အမျိုးသမီး“ဟာဖိဇ်”များ
 အာအိရှဟ်သခင်မ၊ ဟဖ်ဆွဟ်သခင်မ၊ အွန်မိစလမဟ်သခင်မ၊ အွန်မိစရကဟ်သခင်မ တို့သည် ကုရ်အာန်ကျမ်းကို အစမှအဆုံးတိုင် အာဂုံဆောင်ထားနိုင် ကြသော“ဟာဖိဇ်”များဖြစ်ကြပေသည်။
စုဝိုက်ဒ်၏သမီး ဟင်န္ဒ သခင်မ၊ဟာရိဆဟ်၏သမီး အွမ္မိဟိရှာမ်သခင်မ၊ ဟိုင်ယာန်၏ သမီး ရာအိတွာသခင်မ၊ စအိဒ်၏သမီး အွမ္မိစအ်ဒ်သခင်မတို့သည် ကုရ်အာန်ကျမ်းမြတ် အချို့အ၀က်ကို အာဂုံဆောင် ထားနိုင်ခဲ့ကြပါသည်။
အွန်မိစအ်ဒ် သခင်မသည် ကုရ်အာန် ကျမ်းမြတ်ကို သင်ကြားပေးလေ့ရှိခဲ့ပါသည်။


-
အမျိုးသမီး“မုဖတ်စ်စိရ်”များ
 အာအိရှာဟ်သခင်မသည် ကုရ်အာန်ကျမ်းမြတ်၏ အဖွင့်တွင် အထူး ကျွမ်းကျင်ခဲ့ပေသည်။
မွတ်စလင်မ်ကျမ်းကြီးတွင် အာအိရှာဟ်သခင်မ၏ အဖွင့်ကို သီးသန့်ဖော်ပြထားပါသည်။


-
အမျိုးသမီး“မုဟဒ်ဒီဆ်”များ
 ဟဒီဆ်သြ၀ါဒတော်များဆိုင်ရာ ပညာတွင် ကြင်ရာတော် များသည် ကျွမ်းကျင်ခဲ့ကြပေသည်။
အထူးသဖြင့် အာအိရှဟ်သခင်မ၊ အွန်မိစလမဟ်သခင်မတို့သည် အထူးတလည် ကျွမ်းကျင်ခဲ့ကြပေသည်။
အာအိရှဟ်သခင်မထံမှတစ်ဆင့် သြ၀ါဒတော် (၂၂၁၀)ကြားသိခဲ့ရ၏။
အွန်မိစလမဟ်သခင်မထံ မှတစ်ဆင့် သြ၀ါဒတော်(၃၇၈)ကြားသိခဲ့ရ၏။
အွန်မိအတွီယဟ်သခင်မ၊(သာဝကကြီး အဗူဗကရိ၏သမီး) အတ်စ်မာ သခင်မ၊ အွန်မိဟာနီသခင်မ၊ (သာဝကကြီးကိုက်စ်၏သမီး) ဖွှာတွိမဟ်သခင်မတို့ထံမှလည်း မြောက်မြားစွာသော သြ၀ါဒတော်များကို ကြားသိခဲ့ရ၏။


-အမျိုးသမီး “မုဖ်သီ”များ
  အာအိရှဟ်သခင်မသည် မြောက်မြားစွာသော ပြဿနာများနှင့်စပ်လျဉ်း၍ “ဖသ်ဝါ”ဓမ္မသတ်အဆုံးအဖြတ်ပေးခဲ့သည်။ အွန်မိစလမဟ်သခင်မသည်လည်း ဓမ္မသတ် အဆုံးအဖြတ် အများအပြားပေးခဲ့သည်။
ဆွဖီယဟ်သခင်မ၊ ဟဖ်ဆွဟ် သခင်မ၊အွန်မိဟဗီဗဟ်သခင်မ၊ ဂျုဝိုင်ရီယဟ်သခင်မ၊ မိုင်မူနဟ်သခင်မ၊ သမီးတော် ဖွှာတွိမဟ် သခင်မ၊ အွန်မိရှိုရိုက်သခင်မ၊ အွန်မိအတွီယဟ်သခင်မ၊ (သာဝကကြီးအဗူဗကရိ၏သမီး) အတ်စ်မာသခင်မ၊(ကာအစ်ဖ်၏သမီး)လိုင်လီသခင်မ၊ ခေါင်လာသခင်မ၊အွန်မိဒရ်ဒါသခင်မ၊(ဇိုက်ဒ်၏သမီး)အာတိကဟ်သခင်မ၊ (စုဟိုင်လ်၏သမီး) စဟ်လဟ်သခင်မ၊ (ကိုက်စ်၏ သမီး) ဖွှာတွိမဟ်သခင်မ၊ အွန်မိယူစုဖ်သခင်မနှင့် အွန်မိစလမဟ်သခင်မတို့သည်လည်း “ဖသ်ဝါ” ဓမ္မသတ် အဆုံးအဖြတ်များ ပေးခဲ့ကြပေသည်။
အမွေခန်းပညာ
အမျိုးသမီးများသည် အမွေးခန်းဆိုင်ရာ ပညာများကိုလည်း တတ်ကျွမ်းခဲ့ကြပေသည်။ အထူးသဖြင့် ဤပညာကို အာအိရှဟ် (ါ)သခင်မ ကောင်စွာ တတ်ကျွမ်းခဲ့ပေသည်။ အမွေခန်းနှင့် စပ်လျဉ်း၍ တစ်ခါတစ်ရံ သာဝကကြီးများသည်ပင်လျှင် အာအိရှဟ် (ါ)သခင်မအား မေးမြန်းခဲ့ကြရပေသည်။


-
ဆေးကုသမှုပညာ
 ဆေးကုသမှုပညာ၊ ခွဲစိတ်ကုသမှုပညာကိုလည်း မွတ်စလင်မ် အမျိုးသမီးများသည် ကောင်းစွာ တတ်ကျွမ်းခဲ့ကြပေသည်။
ရဖီဒဟ် သခင်မ၊အွန်မိမုတွာအ်သခင်မ၊အွန်မိကဗ်ရှဟ်သခင်မ၊ဟမ်နဟ်သခင်မ၊မုအာဇဟ်သခင်မ၊ လိုင်လီသခင်မ၊အုမိုင်မဟ်သခင်မ၊အွန်မိဇိယာဒ် သခင်မ၊ရဗီအ်သခင်မ၊ အွန်မိအတွီယဟ်သခင်မ၊ အွန်မိစုလိုင်မ်သခင်မတို့သည် ဆေးကုသမှု၊ ခွဲစိတ်မှုတွင် အထူးကျွမ်းကျင်ခဲ့ကြပေသည်။
  ရဖီဒဟ်သခင်မ၏နေအိမ်သည် တမန်တော်မြတ်ဗလီကျောင်းတော်အနီး၌ ရှိခဲ့၏။ ထိုသခင်မ၏ နေအိမ်မှာ ခွဲစိတ်ကုသရာဌာနပင် ဖြစ်လျက်ရှိခဲ့ပေသည်။


-
လင်္ကာစီကုံးခြင်းပညာ
 မွတ်စလင်မ်အမျိုးသမီးများသည် စာပေလိုက်စားခဲ့ကြသည်။ လင်္ကာများကို ကောင်းစွာသီကုံး ဖွဲ့ဆိုနိုင်ခဲ့ကြပေသည်။လင်္ကာသီကုံး ရာတွင် ခွန်စာသခင်မ၊ စုအ်ဒါသခင်မ၊ ဆွဖီယဟ် သခင်မ၊ အုမာမဟ်သခင်မ၊ (သာဝကကြီး ဟာရိဆ် ၏သမီး) ဟင်န္ဒသခင်မ၊ (အောင်ဝါမ်၏သမီး) ဇိုင်နဗ် သခင်မ၊အရ်ဝါသခင်မ၊ (ဇိုက်ဒ်၏သမီး) အာတိကဟ် သခင်မ၊ (သာဝကကြီး အိဆာဆဟိ၏ သမီး ဟင်န္ဒ သခင်မ၊ အွန်မိအိုင်မန်သခင်မ၊ ကင်နီယဟ် အဗ်ဒရီယဟ်သခင်မ၊(ရာဖိအ်၏သမီး)ကဗ်ရှဟ်သခင်မ၊ မိုင်မူနဟ်ဗလ၀ီယဟ်သခင်မ၊ နစ်အ်မသခင်မနှင့် ရုကိုင်ယဟ်သခင်မတို့သည် အထူးကျော်ကြားခဲ့ကြပေသည်။ခွန်စာသခင်မ၏ လင်္ကာများမှာ ယခုအခါ စာအုပ်အဖြစ်သို့ပင် ရောက်လျက်ရှိချေပြီ။


-
အထွေထွေပညာရပ်များ
- အချို့အမျိုးသမီးများသည် အဆိုပါပညာရပ်များအပြင် သာသနာရေးဆိုင်ရာ နက်နဲမှုများကိုလည်း ကောင်းစွာ တတ်ကျွမ်းခဲ့ကြပေသည်။ ဤတွင် အွန်မိစလမဟ်(ါ)သခင်မ သည် အထူးကျော်ကြားခဲ့သည်။ ဟောပြောမှုတွင် (စကန်၏သမီး) အတ်စ်မာသခင်မသည် အထူးကျော်ကြားခဲ့သည်။ အိပ်မက် ဒိဗ်ဓုမ်ပညာတွင် (အို့မိုက်စ်၏သမီး) အတ်စ်မာသခင်မသည် အထူးကျော်ကြားခဲ့ပေသည်။


လက်မှုပညာ
 မွတ်စလင်မ် အမျိုးသမီးများသည် ယက္က္ကန်းယက် အတတ် ပညာ၊ တောင်သူလယ်လုပ်သည့် အတတ်ပညာ၊ စာရေးသည့်ပညာ၊ ကူးသန်း ရောင်းဝယ်မှုပညာ၊ သားရေနယ်လုပ်သည့်ပညာ၊ စက်ချုပ် ပညာများကိုကောင်းစွာ တတ်ကျွမ်းခဲ့ကြပေသည်။ တမန်တော်မြတ် လက်ထက်တွင်မွတ်စလင်မ်အမျိုးသမီးများသည် အထူးတလည် ယက္က္ကန်းယက်လေ့ရှိခဲ့ကြသည်။ ယက္က္ကန်းယက်သည့်ပညာဖြင့် အသက် မွေးဝမ်းကြောင်းရှာခဲ့ကြပေသည်။ တမန်တော်မြတ်လက်ထက် မက္ကဟ်မြို့ရှိ အမျိုးသမီးများသည် လယ်ယာမလုပ်ခဲ့ကြပေ။ မဒီနာဟ် နှင့်အခြားစိုပြေသောမြို့ရွာများရှိအမျိုးသမီးများသည်လယ်ယာလုပ်ခဲ့ ကြပေသည်။မဒီနာဟ်ရှိ အန်ဆွာရီအမျိုးသမီးများသည် အထူးသဖြင့် လယ်ယာလုပ်ခဲ့ကြသည်။မက္ကဟ်မြို့မှရွှေ့ပြောင်းလာသော အမျိုးသမီး များအနက် အတ်စ်မာသခင်မလည်း လယ်ယာလုပ်ခဲ့သည်။ တမန်တော်မြတ် လက်ထက်တွင် မွတ်စလင်မ် အမျိုးသမီးများသည် စာရေးတတ်ခဲ့ကြပေသည်။
စာရေးရာတွင် သာဝကကြီးအဗ်ဒုလ္လာဟ်၏သမီး ရှေ့ဖါသခင်မသည် အထူးကျော်ကြားခဲ့သည်။ ရှေ့ဖါသခင်မသည် အစ္စလာမ် သာသနာ မထွန်းကားမီ အမိုက်ခေတ်ကပင် စာရေးတတ်ခဲ့ပေသည်။
ထို့အတူ ဟဖ်ဆွဟ်သခင်မ၊ (အကဗဟ်၏သမီး) အွန်မိ ကုလ်ဆူမ်သခင်မ၊ (သာဝကကြီးမစ်က်ဒါဒိ၏သမီး) ကရီမဟ်သခင်မတို့လည်း ကောင်းစွာရေးတတ်ကြပေသည်။ အာအိရှဟ်သခင်မနှင့် အွန်မိစလမဟ်သခင်မတို့သည် ကောင်းစွာတတ်နိုင်ခဲ့ကြပေသည်။


-
ကူးသန်းရောင်းဝယ်မှု
တမန်တော်မြတ်လက်ထက်တွင် အချို့မွတ်စလင်မ် အမျိုးသမီးများသည် ကူးသန်းရောင်းဝယ်မှု ပြုခဲ့ကြပေသည်။ ခဒီဂျဟ်သခင်မသည် အရေးဗီးယားပြည်တွင်းသာမက နိုင်ငံခြားနှင့်ပင် ဆက်သွယ်၍ အကြီးအကျယ်အရောင်းအ၀ယ်ပြုခဲ့ပေသည်။ထို့အတူ ဟောင်လာသခင်မ၊ မုလိုင်ကဟ်သခင်မတို့သည် လည်းအရောင်းအ၀ယ်ပြုလုပ်ခဲ့ကြပေသည်။ဗင်န်တိမခ်ရဗဟ် သခင်မသည် နံ့သာ၊ ကတိုးများကို အရောင်းအ၀ယ်ပြုခဲ့လေသည်။
 ဤသည်တို့ကို ထောက်ရှုခြင်းအားဖြင့် အတိတ်ခေတ် မွတ်စလင်မ် အမျိုးသမီးများသည် သာသနာကာကွယ်ရေး၊ သာသနာ ဖြန့်ချိရေး၊ နိုင်ငံတော်အရေး၊ ကုရ်အာန်ကျမ်းမြတ်ကို ဌာန်ကရိုဏ်း ကျနစွာရွတ်ဖတ်မှု၊ကုရ်အာန်ကျမ်းမြတ်အဖွင့်၊ သြ၀ါဒတော်၊ ဓမ္မသတ်၊ အမွေခန်း၊ဟောပြောမှု၊ အိမ်မက်ဒိဗ်ဓုမ်၊ ဆေးကုသမှု၊ ခွဲစိတ်ကုသမှု၊ လင်္ကာသီကုံးမှု၊ လက်မှုပညာ၊ ရောင်းဝယ်မှု…. စသည့် လောကီရေး လောကုတ္တရာရေးများတွင်စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြပေသည်။
ယခုခေတ် မွတ်စလင်မ်အမျိုးသမီးတို့သည် အတိတ်ခေတ် အာဇာနည် မွတ်စလင်မ် အမျိုးသမီးကြီးတို့အား အတုယူသင့်ကြ ပေသည်။ နမူနာပြုသင့်ကြပေသည်။ ၄င်းတို့ကဲ့သို့ပင် လောကီရေး၊ လောကုတ္တရာရေးများတွင်ကိုယ်စွမ်းရှိသမျှ၊ဉာဏ်စွမ်းရှိသမျှလက်တွေ့ လိုက်နာကျင့်သုံးအပ်ကြပေသည်။

 http://burmamuslim.wordpress.com
-(သီရိပျံချီ အလ္လာမဟ် ဃာဇီ မုဟမ္မဒ် ဟာရှင်မ်ရေး မိခင်မွန်ကျမ်းမှ ကောက်နှုတ်ဖော်ပြသည်။)

မယားပြိုင်ဝါဒ

မယားပြိုင်ဝါဒ
ရှီလာဟ်။    ။ အစ္စလာမ်ဘာသာသည် ယောက်ျားတစ်ယောက်အား မိန်းမအများ နှင့်လက်ထက်ခွင့်  “Polygamy” ကို အဘယ်ကြောင့်  ခွင့်ပြုရပါသနည်း။

ဒေါက်တာဇာကိရ်။    ။အမှန်စင်စစ်  “Polygamy” ဆိုသည်မှာ လူပုဂ္ဂိုလ် တစ်ယောက်တွင် တစ်ယောက်ထက်ပိုသော ကြင်ဖော်များရှိခြင်းဖြစ်သည်။  ဤကိစ္စတွင် အမျိုးအစားနှစ်မျိုးခွဲခြားနိုင်သည်။
 
  “Polygeny” ခေါ် မယားပြိုင်ထားခြင်း (အမျိုးသားတစ်ယောက်တွင် ဇနီးမယားတစ်ယောက်ထက် ပို၍ရှိခြင်း)နှင့်  “Polyendry”ခေါ် လင်ပြိုင်ထားခြင်း (အမျိုးသမီးတစ်ယောက်တွင် လင်ယောက်ျား တစ်ယောက်ထက် ပို၍ရှိခြင်း) ဟူ၍ဖြစ်သည်။ များစွာသော လူပုဂ္ဂိုလ်များမှ  ‘Polygamy’ ဟူသောစကားရပ်အတွက် `ယောက်ျားတစ်ယောက်မှ ဇနီးမယား တစ်ဦးထက်ပို၍ လက်ထပ်နိုင်ခြင်း (၀ါ)မယားပြိုင်ထားခြင်းဟူ၍ ထင်မြင်နေကြသည်။ အမှန်စင်စစ် ထိုသဘောသာမက အမျိုးသမီးတစ်ဦးတွင် တစ်ဦးထက်ပိုသော လင်ယောက်ျား ကြင်ဖော်များရှိခြင်းသည်လည်း အကျုံးဝင်၏။
ယောက်ျားတစ်ဦးသည် ဇနီးတစ်ဦးထက်ပို၍ လက်ထပ်ထိမ်းမြားခြင်းကို  “Polygeny” ဟုခေါ်ပြီး မိန်းမတစ်ဦးတွင် ခင်ပွန်းတစ်ဦးထက်ပို၍ လက်ထပ်ထိမ်းမြားခြင်းကို  “Polyendry” ဟု ခေါ်သည်။ ညီမတော်မှ မေးသောမေးခွန်းမှာ အဓိကအားဖြင့် `ယောက်ျားတစ်ယောက်ကို အဘယ်ကြောင့် ဇနီးတစ်ဦးထက်ပို၍ လက်ထပ်ခွင့်ပြု ရပါသနည်း။´ တစ်နည်းဆိုသော် မယားပြိုင်ထားခြင်း (Polygeny)ကို ဘာကြောင့် အစ္စလာမ်မှ ခွင့်ပြုထားရပါသနည်းဟူသော အမေးဖြစ်သည်။ ကျွန်ုပ်မှ ဤမေးခွန်းကို ဖြေပါမည်။
 
 
ကျမ်းမြတ်ကုရ်အာန်သည် ကမ္ဘာမြေပေါ်ရှိ ဘာသာရေး ကျမ်းဂန်များအနက် `ဇနီးတစ်ဦးတည်းသာ လက်ထပ်ပါ´ဟု ဖော်ပြထားသော တစ်အုပ်တည်းသော စာအုပ်ဖြစ်ပါသည်။ သင်သည် ဂီတကျမ်း၊ ဝေဒကျမ်း၊ ရာမယနကျမ်း၊ မဟာဘာရတကျမ်း၊ သမ္မာကျမ်းအားလုံးကို ဖတ်ကြည့်ပါ။ `တစ်ဦးတည်းကိုသာ လက်ထပ်ပါ´ဟူ၍ ဖော်ပြထားသော နေရာတစ်နေရာမျှမရှိပါ။ ကုရ်အာန် ကျမ်းတစ်အုပ်တည်းတွင်သာ `တစ်ဦးတည်းကိုသာ လက်ထပ်ပါ´ဟု ဖော်ပြထားသည်ကို တွေ့နိုင်သည်။
အမှန်စင်စစ် သင်သည် ဟိန္ဒူကျမ်းဂန်များကို ဖတ်ရှုလေ့လာပါက များစွာသောဘုရင်များတွင် ဇနီးအများရှိသည်ကို တွေ့နိုင်သည်။ ဥပမာ- ဘုရင်ဒါရှရတ်တွင် ဇနီးတစ်ဦးထက်ပို၍ရှိသည်။ ခရစ်ရှနာတွင်လည်း ဇနီးတစ်ဦးထက် ပို၍ရှိသည်။ သင်သည် ဂျူးကျမ်းဂန်များကို ဖတ်ရှုကြည့်ပါက ဂျူးဥပဒေ၏ (၁၁)ရာစုတွင်  Polygeny ခေါ် ဇနီးတစ်ဦးထက် ပို၍လက်ထပ်ထိမ်းမြားခွင့်ပြုထားကြောင်း တွေ့ရပေမည်။ ရာဘီဂါတ်ဒ်ရွှန်(မ်) ဘင်ဂျာဟူဒါ (Gurdshom Benjahuda)မှ Signordအား တင်ပြပြီး ဇနီးတစ်ဦးထက်ပို၍ လက်ထပ်ခြင်းခွင့်မပြုသင့်ကြောင်း တင်ပြခဲ့သည်။ သို့တိုင်အောင် မွတ်စ်လင်မ် နိုင်ငံများတွင်ရှိသော စက်(ပ်)ထရာနစ် ဂျူးလူ့အဖွဲ့အစည်း (Septranic Jewish Community)တွင် (၁၉၅၀)တိုင်အောင် ကျင့်သုံးမှုရှိခဲ့သည်။ အစ္စရေးနိုင်ငံ၏ အကြီးအကဲဖြစ်သူမှ ဤသို့ကျင့်သုံးမှုအပေါ် တားမြစ်ပိတ်ပင် ခဲ့သည်။
 

ခရစ်ယာန်လူ့အဖွဲ့အစည်းများတွင်လည်း လွန်ခဲ့သော နှစ်ရာစုခန့်ထိ (၁၈ ရာစု) Polygeny ခေါ် `မယားပြိုင်ထားခြင်း´ကို ခွင့်ပြုကြောင်း သမ္မာကျမ်းတွင် တွေ့နိုင်သည်။ ထိုရာစုနောက်ပိုင်းတွင် `ခရစ်ယာန်အသင်းတော်´မှ တားမြစ်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ တရားရေး (ဥပဒေရေးရာ)ကို လေ့လာပါက အိန္ဒိယနိုင်ငံ၏ တရားဥပဒေသည်  ဟိန္ဒူအမျိုးသားများအား ဇနီးတစ်ယောက်ထက်ပို၍ လက်ထပ်ထိမ်းမြား ခွင့်ပြုထားကြောင်းတွေ့ရသည်။ (၁၉၅၄)ခုနှစ်တွင်မှ ဟိန္ဒူလက်ထပ်ထိမ်းမြားမှု အက်ဥပဒေပြဋ္ဌာန်းခဲ့ပြီး၊ ၎င်းတွင် စည်းကမ်းသတ်မှတ်ချက်တစ်ခု ပါဝင်သည်။ ယင်းမှာ ဟိန္ဒူယောက်ျားများသည် ဇနီးတစ်ဦးထက်ပို၍ လက်ထပ်ခွင့်မပြုဟူသောအချက် ဖြစ်သည်။
“အစ္စလာမ်တွင်ရှိသော အမျိုးသမီးများ၏ အဆင့်အတန်း´´နှင့် ပတ်သက်၍ တင်ပြသောကော်မတီ၏ (၁၉၇၅) ခုနှစ် စာရင်းဇယားအရ၊ စာမျက်နှာ (၆၆၊ ၆၇)တွင် ဇနီး တစ်ယောက်ထက်ပို၍ လက်ထပ်ထိမ်းမြားသော ရာခိုင်နှုန်းကို တင်ပြထားသည်။ ယင်းထုတ်ပြန်ထားသော စာရင်း၊ ဇယားအရ၊ ဟိန္ဒူဘာသာဝင်များအတွင်း တစ်ဦး ထက်ပိုသော လက်ထပ်ထိမ်းမြားမှုရာခိုင်နှုန်းမှာ (၅.၀၆)ဖြစ်ပြီး၊ အစ္စလာမ်ဘာသာဝင် များအတွင်း ရာခိုင်နှုန်းမှာ(၄.၃၁)ဖြစ်သည်။ ဤစာရင်းဇယားများကိုထားပြီး ကျွန်ုပ်တို့၏ အဓိကအချက်ဖြစ်သော “အစ္စလာမ်မှ  ဇနီးတစ်ဦးထက်ပိုသော လက်ထပ်ထိမ်းမြားခြင်း (၀ါ) မယားပြိုင်ထားခြင်းကို အဘယ်ကြောင့် ခွင့်ပြုထားရပါသနည်း´´ဟူသောအချက်  ကို ဆွေးနွေးကြပါစို့။
 

ကျွန်ုပ်တစ်ခါတင်ပြထားပြီးဖြစ်ပါသည်။ အမျိုးသမီးကဏ္ဍ၊ ကျမ်းပိုဒ် (၃) တွင်
“မိမိတို့နှစ်ခြိုက်သော (အခြား) အမျိုးသမီးများအနက် (ယောက်ျား တစ်ဦးလျှင်) မိန်းမနှစ်ယောက်စီနှင့်ဖြစ်စေ၊ သို့မဟုတ် မိန်းမ သုံးယောက်စီနှင့်ဖြစ်စေ၊ သို့မဟုတ် မိန်းမလေးယောက်စီနှင့်ဖြစ်စေ ထိမ်းမြားကြကုန်။ တဖန် အကယ်၍ အသင်တို့သည် (မိန်းမ တစ်ယောက်ထက်ပို၍ ထိမ်းမြား ရာတွင်) တရားမျှတမှုကို ပြုနိုင်ကြမည်မဟုတ်ဟု စိုးရိမ်မကင်း ဖြစ်ကြပြန် သော် (ဇနီးမိန်းမ) တစ်ဦးတည်းနှင့်ပင် (တင်းတိမ်ကြရမည်)။´´ (၄း၃)
ထို့ကြောင့် `တစ်ဦးတည်းကိုသာလက်ထပ်ပါ´ ဟူသော စကားသည် ကျမ်းမြတ်ကုရ်အာန်တစ်အုပ်တည်းတွင်သာ ဖော်ပြထားသော ဖော်ပြချက်ဖြစ်သည်။ အခြားမည်သည့် ဘာသာရေးကျမ်းဂန်တွင်မှ ညွှန်ကြားထားခြင်းမရှိပါ။ အစ္စလာမ်မပေါ်ထွန်းမီ အချိန်ကာလက အာရေးဗီးယားကျွန်းဆွယ်ရှိ အာရဗ်လူမျိုး ယောက်ျားများသည် ဇနီး အများအပြား ယူလေ့ရှိသည်။ အချို့သောသူများတွင် ဇနီးဦးရေ ရာချီ၍ပင် ရှိတတ်သည်။ အစ္စလာမ်မှ ဇနီးများယူခြင်းနှင့် ပတ်သက်၍ အမြင့်ဆုံး ကန့်သတ်ချက်ဖြစ်သော `(၄) ဦး´ကို သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ သင့်အနေနှင့် ဇနီးတစ်ဦးထက်ပိုယူပါက ထိုနှစ်ဦး၊ ထိုသုံးဦး၊ ထိုလေးဦးအကြားတွင် တရားမျှတမှုနှင့် ဆက်စပ်မှုပြုရမည်ဖြစ်သည်။ ထိုသို့မဆက်ဆံနိုင်ပါက တစ်ဦးထဲသာ လက်ထပ်ပါ။ ထို အမျိုးသမီးကဏ္ဍ၊ ကျမ်းပိုဒ် (၁၂၉)၌ ထပ်၍ ညွှန်ပြထားသည်။
“ထိုမှတပါးတုံ အသင်တို့သည် (မည်မျှပင် တရားမျှတစေရန်) ဆန္ဒထား ရှိကြသော်လည်း (မိမိတို့၏တဦးထက်ပိုသော) ဇနီးမိန်းမတို့၏ စပ်ကြားဝယ်(အဘက်ဘက်မှ) တရားမျှတအောင် အလျင်း ပြုနိုင်ကြမည် မဟုတ်ပေ။´´ (၄း၁၂၉)
ထို့ကြောင့် ဇနီးတစ်ဦးထက်ပို၍ ယူခိုင်းခြင်းကိစ္စမှာ ချွင်းချက်ဖြစ်သည်။ ၎င်းင်းသည် စည်းမျဉ်း ဥပဒေသမဟုတ်။ များစွာသော လူပုဂ္ဂိုလ်များမှ `အစ္စလာမ်မှ ယောက်ျားများကို ဇနီး တစ်ဦးထက်ပိုပြီး ဇနီးလေးဦးထိ မဖြစ်မနေယူရမည်ဟု သတ်မှတ်ထားသည်´ဟု ထင်မြင်နေကြသည်။
အစ္စလာမ်တွင် လုပ်ရန်နှင့် မလုပ်ရန် အမျိုးအစား (၅)မျိုး သတ်မှတ်ထားသည်။
 

(၁) الواجب “ မလုပ်မနေရတာဝန် ´´
(၂) المستحب “ ထောက်ခံသည်။ အားပေးသည်။´´
(၃) الحلال “ ခွင့်ပြုချက်ရှိသည်။´´
(၄) الكمكروه “မထောက်ခံ အားမပေးပါ။´´
(၅) المحرم “တားမြစ်ပိတ်ပင်သည်။´´ တို့ဖြစ်သည်။
 

ကျမ်းမြတ်ကုရ်အာန်၊ တမန်တော်မြတ်(صلي الله عليه و سلم)၏ ဟဒီးဆ်သြ၀ါဒများ၏ မည်သည့်နေရာတွင်မှ `ဇနီး တစ်ယောက်ထက်ပို၍ လက်ထပ်ထိမ်းမြားသူသည် ဇနီးတစ်ဦးတည်း လက်ထပ် သူထက်ပို၍ သာလွန်ကောင်းမွန်သော မွတ်စ်လင်ဖြစ်သည်´ဟု ရေးသား ဖော်ပြထားခြင်းမရှိပါ။
ကျွန်ုပ်တို့အနေနှင့် အစ္စလာမ်မှ အဘယ်ကြောင့် ဇနီးတစ်ဦးထက်ပို၍ လက်ထပ်ခွင့်ပြုရသည်ကို ယုတ္တိဗေဒနည်းကျကျ ဆန်းစစ် ဝေဖန်ကြည့်ကြပါစို့။ သဘာဝတရားအရ ယောက်ျားကလေးများနှင့် မိန်းကလေးများသည် တူညီသော အချိုးအစား နှင့် မွေးဖွားလာခဲ့ကြသည်။ သို့သော် ဆေးသိပ္ပံမှ ပြောကြားသည့်အချက်မှာ သန္ဓေသားအဆင့်တွင်ပင် မိန်းကလေးသန္ဓေသားသည် ယောက်ျားလေးသန္ဓေသားထက်ပို၍ ခံနိုင်ရည်ရှိ၍ ပို၍အားကောင်းသန်မာသည်။ ကလေးများ၏ ကျန်းမာရေးနှင့် ပတ်သက်၍ အထူးပြုလေ့လာထားသော အသိပညာ ဗဟုသုတအရ မိန်းကလေးများသည် ယောက်ျားလေးများထက်ပို၍ ခုခံအားကောင်းပြီး၊ ရောဂါများနှင့် ပိုးမွှားများကို ပို၍ခုခံနိုင်စွမ်း ရှိသည်။ ထို့ကြောင့် ကလေးအရွယ်တွင်ပင် ယောက်ျားလေး အချိုးသည် မိန်းကလေး အချိုးထက်ပို၍နည်းသည်။ ကလေးအဆင့်တွင်ပင် ယောက်ျားများထက် မိန်းကလေးများ၏ ကျန်းမာရေး အဆင့်အတန်းပို၍ မြင့်မားသည်ကိုတွေ့ရ၏။

စစ်ဖြစ်ပွားသောကာလ၌ဆိုလျှင် ယောက်ျားများသည် မိန်းမများထက်ပို၍ အသတ်အဖြတ်ခံရပါသည်။ ယခု လောလောဆယ် ကမ္ဘာတွင် ဖြစ်ပွားနေသော စစ်ပွဲများ အထူးသဖြင့် အာဖဂန်နစ္စတန်တွင် ဖြစ်ပွားခဲ့သောစစ်ပွဲတွင် လူပေါင်း (၁.၅)သန်းကျော် သေဆုံးခဲ့ရပြီး ၎င်းင်းတို့အနက် အများစုမှာ ယောက်ျားများဖြစ်သည်။ စာရင်းဇယားများအရ မတော်တဆထိခိုက်ဒဏ်ရာရမှုနှင့် စီးကရက်သောက်မှုကြောင့် သေဆုံးသူများတွင် ယောက်ျားဦးရေမှာ မိန်းမဦးရေ ထက်ပိုများသည်ကို တွေ့ရ၏။ ထို့ကြောင့် ကမ္ဘာပေါ်တွင် မိန်းကလေးဦးရေမှာ ယောက်ျားဦးရေထက်ပိုများသည်ကို တွေ့နိုင်သည်။
အာရှနှင့် အာဖရိကနိုင်ငံအချို့အပြင် အိန္ဒိယနိုင်ငံသည်  ယောက်ျားကလေးဦးရေသည်   မိန်းကလေးဦးထက် ပိုများသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိန်းကလေးသန္ဓေသား ဖျက်ချမှုမှာ နှစ်စဉ်နှစ်တိုင်း တစ်သန်းကျော် အထက်၌ရှိသည်။ မိန်းကလေးကို ပဋိသန္ဓေဆောင်သည်ဟုသိသည်နှင့် တစ်ပြိုင်နက် သန္ဓေသားဖျက်ချတတ်သော မိစ္ဆာဓလေ့ဆိုးကြီးကြောင့် မိန်းကလေး ဦးရေမှာ တစ်ဖြည်းဖြည်းနည်းပါးလာရပြီး၊ ကျားဦးရေများလာရခြင်းဖြစ်သည်။ (သို့မဟုတ်) မိန်းကလေး သန္ဓေသားကို ဖျက်ချတတ်သည့် ဓလေ့ဆိုးကြီးကို ပယ်ဖျက် ပစ်နိုင်ပါက အခြားနိုင်ငံများမှာကဲ့သို့ပင် ယောက်ျားလေးဦးရေမှာ မိန်းကလေး ဦးရေထက် ပိုနည်းနေဦးမှာဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် မိန်းမဦးရေသည် ယောက်ျားဦးရေထက် (၇.၈)သန်းပိုနေပါသည်။ နယူးယောက်မြို့တစ်မြို့တည်း၌ပင် ယောက်ျားလေး အရေအတွက်နှင့်ယှဉ်လျှင် မိန်းကလေးအရေအတွက်သည် တစ်သန်းကျော် ပိုနေပါသည်။ နယူးယောက်မြို့တွင် နေထိုင်လျှက်ရှိကြသော ယောက်ျားဦးရေ၏ သုံးပုံ တစ်ပုံမှာ မိန်းမလျှာများဖြစ်နေကြသည်။ အမေရိကန်တစ်နိုင်ငံလုံးမှာ လိင်တူ ဆက်ဆံသူဦးရေမှာ နှစ်ဆယ့်ငါးသန်းမက ရှိနေပါသည်။ ဗြိတိန်နိုင်ငံတွင်မူ မိန်းမ ဦးရေသည် ယောက်ျားဦးရေထက် (၄)သန်းကျော်ပိုနေပြီး၊ ဂျာမနီနိုင်ငံတွင်မူ (၅)သန်းကျော်၊ ရုရှားနိုင်ငံအတွက်မူ (၇)သန်းကျော် ပိုများနေသည်ကို တွေ့ရပါသည်။ တစ်ကမ္ဘာလုံး၌ရှိကြသည့် ယောက်ျားနှင့် မိန်းမဦးရေကို နှိုင်းယှဉ်ကြည့်လျှင် မိန်းမဦးရေ သန်းပေါင်းမည်မျှ ပိုများနေမည်ကို အလ္လာဟ်အရှင် တစ်ပါးတည်းသာ သိရှိတော်မူနိုင် မည်ဖြစ်သည်။
အကယ်၍ ကျွန်ုပ်၏ညီမသည် အမေရိကန်ပြည်ထောင်စု၌ရှိသော အပျိုကြီးတွေထဲမှ တစ်ယောက်ဟု ဆိုကြပါစို့။ အကယ်၍ ယောက်ျားတိုင်းမှာ ဇနီးမယားတစ်ဦးကျစီ ရှိနေလျှင်တောင်၊ အမေရိကန်ပြည်တစ်ပြည်တည်းတွင် ယောက်ျားရစရာလမ်းမရှိမည့် မိန်းမသားဦးရေသည် သန်းသုံးဆယ်ကျော်နေပါသည်။ သူမတို့အတွက် ရွေးချယ်စရာလမ်းနှစ်သွယ်သာလျှင် ကျန်ပါတော့သည်။ မိန်းမရှိပြီး သားယောက်ျားတစ်ယောက်နှင့် လက်ထပ်လျှင် လက်ထပ်၊ ဒါမှမဟုတ်လျှင် အများပိုင် ပစ္စည်းလုပ်ချင်လုပ် စသည့် ဤလမ်းနှစ်သွယ်သာလျှင် ရှိပါတော့သည်။ တတိယ ရွေးချယ်စရာ လမ်းကြောင်းမရှိချေ။

ကျွန်ုပ်ကိုယုံပါ။ အထက်ဖော်ပြပါ ပြဿနာကို မွတ်စ်လင်မ်မဟုတ်သူ ယောက်ျားသားများကိုတင်ပြ၍  ၎င်းတို့၏ အပျိုကြီးညီမ၊ အစ်မများအတွက် ဘယ်ကဲ့သို့ ပြုလုပ်ကြမည်နည်းဟု မေးခွန်းမေးကြည့်ပါ။ မည်သူတစ်ဦးတစ်ယောက်ကမျှ အများပိုင်ပစ္စည်းလုပ်ဖို့ကို လိုလားကြလိမ့်မည်မဟုတ်ချေ။ အချို့တော်သောပုဂ္ဂိုလ်များကတော့ ၎င်းတို့၏ ညီမ၊ အစ်မများကို အပျိုစင် (အပျိုကြီး)အဖြစ် နေစေမည်ဟု ဆိုကြပါသည်။ ကျွန်ုပ်ကိုယုံပါ။ ဆေးသိပ္ပံ၏တွေ့ရှိချက်အရ ယောက်ျားတစ်ယောက် (သို့) မိန်းမတစ်ယောက်သည် သူတို့ရဲ့ ဘ၀တစ်လျှောက်လုံး အပျိုစင်၊ လူပျိုစင်အဖြစ် မနေနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ခန္ဓာကိုယ်ထဲမှ ဟော်မုန်းများသည် နေ့စဉ်နဲ့အမျှ လှုံ့ဆော်နေပါသည်။ ယင်းကဲ့သို့ လှုံ့ဆော်မှုကြောင့် တရားမ၀င်သော လိင်ဆက်ဆံမှု (သို့) လိင်ဖောက်ပြန်မှုများ ကျူးလွန်ရန်၊ လိင်နှင့် ဇိမ်ခံမှုပြုလုပ်ကောင်း ပြုလုပ်နိုင်ပါသည်။ တရားကျင့်ရန် ဟိမ၀န္တာတောအတွင်းသို့ ၀င်သွားကြသော သူတော်စင်၊ သူတော်ကောင်း အချို့ကလွဲ၍ ကျန်သောလူများသည် မည်သည့်အရာများကို ပြုကျင့် ကြပါသနည်း။ သင်သည် ဖောက်ပြန်သူ များမှ  အဘယ်သို့ နေထိုင်သွားကြပါသနည်း။ မည်သည့်အရာများ ပြုလုပ်ကြပါသနည်း။  ဆိုသည့်အချက်ကို တွေ့ရှိရ ပေမည်။ အစီရင်ခံစာတစ်ခုအရ အင်္ဂလန်နိုင်ငံရှိ ခရစ်ယာန်အသင်းတော်တစ်ခု၏ လက်အောက် ၌ရှိသော  မယ်သီလရှင်များနှင့် ဘုန်းတော်ကြီးများအတွင်းမှ အများစုသည် တရားမ၀င် လိင်ဆက်ဆံခြင်းနှင့် လိင်တူဆက်ဆံခြင်းဆိုသောလုပ်ရပ်ကို ပြုလုပ်နေကြကြောင်း ဖော်ပြထားပါသည်။ ထို့ကြောင့် အပျိုကြီး၊ လူပျိုကြီးအဖြစ် နေထိုင်မည်ဆိုသည်ကား မဖြစ်နိုင်ချေ။ (မှတ်ချက်- လူမျိုးနှင့် ယဉ်ကျေးမှုအရ မိမိတို့ကိုယ်ကို အပျိုစင်၊ လူပျိုစင်များအဖြစ် ထိန်းသိမ်းနိုင်ကြသော သူများလည်း ရှိနိုင်ပါသည်။) ထို့ကြောင့် ဖြစ်နိုင်သောလမ်းကြောင်းမှာ သင်သည် ဇနီးရှိပြီးသားယောက်ျားတစ်ဦးကို လက်ထပ်ဖို့သာဖြစ်သည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း

အလယ်ခေတ် စွယ်စုံရ ဂန္တ၀င်မွတ်စလင် ၀ိဇ္ဖသိပ္ပံ ပညာရှင်ကြီးများ (၁)

ရှေးကျလွန်းတဲ့ခေတ်ကိုတော့ အယူသီးခေတ်လို့ဆိုကြပြီး ယနေ့အခါမှာတော့ ကျွန်ုပ်တို့က သိပွံခေတ်ကြီး ထဲမှာရောက် နေပါတယ် လက်ရှိ ပစ္စက္ခ လိုအထွတ် အထိပ်နေ့ကြီး ကိုမရောက်ခင် ကဆိုရင် ခေတ်သစ် သိပ္ပံ ခေတ်ကြီးက သုံး ခုသောအဆင့်တွေကိုဖြတ်ပြီး ရောက်ရှိလာခဲ့ရ တာဖြစ်ပါ တယ် ပထမအဆင့် ကိုတော့ အယူသီးတဲ့ စိတ်ဓါတိကို အမြစ်ပြတ်သုတ်သင် ခြင်းနဲ့ အမှတ်သညာ ပြုကြပါတတယ် ဒုတိယ အဆင့် ကိုတော့သိပ္ပံရေးရာသု တေသနပြုချက်ရဲ့ လက်တွေ့ကျကျ အစဥိးပိုင်းများကို မြင်တွေ့ခဲ့ကြ ရပါတယ် တတိယအဆင့်ကတော နှစ်ဆယ်ရာစုရဲ့ ဒုတိယရာစုသစ်ထဲက သိပ္ပံဆိုင်ရာ နည်းစဉ်ရဲ့ အံ့မခန်းဆုံးဖွယ်ရာ အဆုံးရ လာဒ်တို့ဖြစ်ပါတယ် အဲဒီအဆင့် ၃ဆင့်ထဲက ပထမအဆင့် ၂ဆင့်ကို ၄င်းရဲ့ နှစ် တစ်ရာ သက်တမ်းထဲမှာပဲ အစ္စလာမ်က ဖြည့်ဆည်းပေးသွားခဲ့ပါတယ် ၊ကမ္ဘာက အလေး ထား ဂုဏ်ပြု မော်ကွန်း တင်ခဲ့ရတဲ့အဲဒီခေတ် ရဲ့ စွယ်စုံရ ပညာရှင် မွတ်စလင်ကြီး ၁၂ဦး အကြောင်းကို မိတ်ဆက်အနေနဲ့ တင်ပြသွားပါမယ် … ဆက်ဖတ်ရန်
၁။ အဘူမိုဟမ္မဒ် အဗ်ဒုလ္လဟ် အိဗနေ အဟ်မဒ် အလ်ဘိုင်တိုရ် ဒီယာ အလီဒီန် အလ်မလကီ(ခေါ်) အိဗနေ အလ်ဘိုင်တာရ် ( ၁၂၄၈ ကွယ်လွန်)
မွတ်စလင်အုပ်ချုပ်တဲ့စပိန်နိုင်ငံကအကြီးကဲဆုံးသော သိပ္ပံ ပညာရှင်ကြီးတွေ ထဲမှာ တစ်ဦး အပါအ၀င်ဖြစ်ပါတယ် အလယ်ခေတ်ရဲ့ ရုက္ခဗေဒပညာရှင် ကြီးနဲ့ ဆေးဝါးဖော်စပ်ပညာရှင်ကြီးဖြစ်တယ် ။၁၂ရာစု အဆုံးပိုင်းမှာ စပိန်နိုင်ငံ ရဲ့မြို့တော်မလာကာ မှာဖွားမြင်ခဲ့သူဖြစ်ပါတယ် ။ သူပြုစုခဲ့တဲ့ အဓိကကျမ်းကြီးက ကိသဗ် အလ်ဂျာမီ ဖွီးအလ် အဒ၀ီယာ အလ်မုဖရဒါ ဖြစ်ပြီး အကြီးကဲဆုံးသောရုက္ခဗေဒ ကျမ်းတွေထဲက တစ်ကျမ်းအပါဝင်ဖြစ်ပါတယ်။ လက်တင်ဘာသာပြန်ဆိုပြီး ၁၇၅၈ ခုနှစ်တွင်ထုတ်ဝေခဲ့ပါတယ်
ဒုတိယမော်ကွန်းဝင်ကျမ်းကြီးကတော့ ကိသဗ် အလ်မဃနီနီဖွီး အလ်အဒ၀ီယာ အလ်မု ဖရဒါ ဆိုတဲ့ ဆေးဝါးပညာရပ် စွယ်စုံကျမ်းကြီး တစ်ဆူပဲဖြစ်ပါတယ် ဆေးဝါး များရဲ့ စာရင်း ကို ကုထုံး အလိုက် တန်ဖိုးနဲ့အညီ တင်ပြပေးထားပါတယ် ။ ဥိးခေါင်း၊ မျက်စေ့၊ နားစတဲ့ အင်္ဂါအစိတ်အပိုင်း တွေမှာဖြစ်တက်တဲ့ ရောဂါများ အတွက် အရေးပါလှတဲ့ ဆေးဖတ်ဝင်အပင် များနဲ့ ပတ်သက်ပြီး အခန်းပေါင်း၂၀မှာ ရေးသားထားပါတယ် ။ ခွဲစိတ် ကုသ ဘက်မှာဆိုလည်း မွတ်စလင်မ် ခွဲစိတ်က သမား တော်ကြီးအဘုလ် ကာစင် ဇဟ်ရာစီ အလား မကြာခဏ အကိုး အကားပြုခံခဲ့ရပါတယ် အရဘီဘာသာစကား အပြင် အလ်ဘိုင်တာရ် က အပင်တွေရဲ့ အမည်ကို ဂရိ နဲ့ လက်တင်ဘာသာစကားနဲ့ပါ ပေးထားခဲ့ ပါတယ် ။ သူရဲ့စွမ်းဆောင်ချက် က အရှေ့ပိုင်း နဲ့ အနောက်ပိုင်း ရုက္ခဗေဒ ၊ဆေးဝါး ပညာရပ် အပေါ် မှာနက် နက်ရှိုင်းရှိုင်းသြ ဇာကြီးမားခဲ့ပါတယ် ။ အာလ် ဂျာမီ ကျမ်းကြီးကိုလည်း အနောက်ပိုင်း ဘာသာစကားများနဲ့အတော်လေး နောက် ကျပြီး မှ ဘာသာပြန်ခဲ့ ရိုက်နှပ်ထုတ် ဝေခဲ့ကြပေမဲ့ လည်းများစွားသော သိပ္ပံပညာရှင်တွေက ဒီကျမ်းရဲ့ ကဏ္ဍအမျိုးမျိုးကို စောစောပိုင်း ကတည်း လေ့လာခဲ့၊ အကိုးအကာများစွာ ပြုခဲ့ကြပါ တယ် ။သူဟာခရစ် နှစ် ၁၂၄၈ခုနှစ် မှာ ဒမတ်စကဒ်မြို့တွင်ကွယ်လွန်သွားခဲ့ပါ တယ်
၂ ။အိဗနေ ရုရှ်ဒ် ( ၁၁၂၈- ၁၁၉၈ )

အဘုလ်ဝလီးဒ် မုဟမ္မဒ် အိဗနေ အဟ်မဒ် အိဗနေ မုဟမ္မဒ်အိဗနေ ရုရှ်ဒ် ကို အနောက်တိုင်းက အေဗွီ၇ိုးစ် Av erroes လိုသိထားကြပါတယ် ။ သူဟာ စွယ်စုံ ပညာရှင်ကြီး များဖြစ်ကြတဲ့ အဘူဂျအ်ဖရ် နဲ့ အိဗနေဂျာဟိုရ်ထံမှာ ဒဿနိဗေဒနဲ့ ဥပဒေပညာရပ်တို့ကို ဆည်းပူးသင်ယူခဲ့ပါတယ်။ ဆေးပညာကိုလည်း လေ့လာလိုက်စား ခဲ့သူဖြစ်ပါ တယ် ။ ရုရှ်ဒ်ကဒဿနိက ဗေဒ ၊ ဆေးဝါးယုတ္တိဗေဒ ၊ဂီတနဲ့ ဥပဒေပညာ ရပ်တို့မှာ ထူးထူးခြားခြား အကျိုးပြု သွားခဲ့သူ ဖြစ်ပါတယ် ။
ဆေးဝါးပညာရပ်မှာတော့ သူရဲ့နာ မည် ကျော် ကိသာဘုလ် ကုလ်ယတ် ဖွီး အလ်သီဘ် ကျမ်းကြီးကို ခရစ်နှစ် ၁၁၆၂ အလျင်က ရေးသားခဲ့တာဖြစ်ပါတယ် ။ ဒီကျမ်းရဲ့ဘာသာ ပြန် လက်ရာ ကိုတော့ ကော်လီ ဂျက် Colliget ရယ်လို့ လူသိများ လှပါတယ်။ ဒဿနိကပညာ ရပ်မှာ ဆိုရင်လဲ သူရဲ့အရေးပါဆုံး သောလက်ရာ ဖြစ်တဲ့ တုဟဖုတပ်အလ်တုဟဖုလ် ကျမ်း ဖြစ်ပြီး အလ်ဂဇာ လီ ရဲ့ကျမ်းကို ခုခံချေပထားချက်လဲဖြစ်ပါတယ် ။
ဂီတနယ်ပယ်မှာဆိုလည်း ရုရှ်ဒ်က အရစ္စတိုတယ်ရဲ့ ဒီ အဲနီမာ De Anima ကျမ်းကို ဋီကာ ဖွင့်ကျမ်းတစ်ဆူပြုစု သွားခဲ့ပါတယ် ။  နက္ခတ္တဗေဒနဲ့ပတ်သက်ပြီးလည်း စက်လုံး ရဲ့ရွေ့ လျားမှု အကြောင်းစာတမ်း တစ်စောင်ဖြစ်တဲ့ကိသဗ် ဖွီးဟရကတ် အလ်ဖွလာက် ကျမ်းကို ရေးသားခဲ့ပါတယ်။ တရားဥပဒေပညာရပ်နဲ့ပတ်သက်ရင်လည်း ဗီဒါယသ် အလမုဂျတဟိဒ် ၀နီဟယသ် အလ်မတ်ကတဆီဒ် ကျမ်းကို အိဗနေဂျာဖရ် ဆဟဗီက လက်စွဲပြုခဲ့ရပါတယ် မာလီကီမဇ်ဟဘ် နဲ့ပတ်သတ်လို့ အကောင်းဆုံးကျမ်းကြီးအဖြစ် ဆိုစမှတ်ပြု တာကိုခံခဲရ ပါတယ် ။ သူ့ရဲ့ဒဿနိက ကျမ်းတွေထဲမှာအများစုကို ဟီဘရုး ဘာသာ လက်တင်ဘာသာ တို့နဲ့ပြန်ဆို ထားခဲ့ကြပါတယ် ။ အိဗနေ ရုရှဒ် က ပလေတိုရဲ့ ရီပတ်ဗလစ် ကျမ်းကြီးနဲ့ ပတ်သက်လို့ အကျယ်ဋီကာ ဖွင့်ချက်တွေရေးသား သွားခဲ့သလို ဂေပင်ရဲ့ အဖျားရောဂါအကြောင်း စာတမ်း၊ အလ်ဖာရာဘီ ရဲ့ယုတ္တိဗေဒ ကျမ်းစတာတွေကို လည်းအကျယ်ဖွင့်ဆို သွားခဲ့ပါတယ် သူပြုစုခဲ့တဲ့ကျမ်းတွေထဲက ကျမ်းပေါင်း ၈၇ကျမ်းဟာ ယနေ့တိုင် တည်ရှိနေပါတယ်။သူဟာ ခရစ်နှစ် ၁၁၉၈ မော်ရိုကိုတွင် ကွယ်သွားခဲ့ပါတယ် ။
၃။အဗူအလီဟဆန် အိဗနေ အလ်ဟိုင်သမ် ( ၉၆၅-၁၀၄၀)

အဗူအလီ အိဗနေ အလ်ဟိုင်သမ် ဟာ အထင်အရှား အကျော်ကြားတဲ့ ရုပဗေဒပညာရှင်များ အနက် တစ်ဦးဖြစ်ပါတယ်။ အမြင်ပညာ (Optic )ရဲ့သိပ္ပံနည်းကျနည်း လမ်းများ (Scientific methods ) တို့တွင် ထူးချွန်လွန်းလှသူပဲဖြစ်ပါတယ်။ အနောက်တိုင်းမှာေ တာ့ သူ ကို အလ်ဟာဇင် အဖြစ် လူသိများပါတယ် ။ အလ်ဟိုင်သမ်ကို ဘဆရာမြို မှာ ခရစ်နှစ် ၉၆၅ တွင် မွေးဖွားပါတယ်။ ဘဆရာနဲ့ဘဂ္ဂဒတ်မြိုတွေမှာပညာသင်ကြားခဲ့သူပါတယ် ။ကြားခံ အမျိုး အမျိုး ကို အလင်းက ဘယ်လိုဖြတ် သန်းသွာပုံကိုနှံနှံစပ် စပ်လေ့လာသု တေ သနပြု ခဲ့ပြီး အလင်းယိုင်ခြင်း နိယာမ များကို Law of reflection ကိုတွေ့ရှိ ဖေါ်ထုတ်ခဲ့ သူဖြစ်ပါတယ် ။သူရေးသားခဲ့တဲ့ ကီသာဘ် အလ်မနာဒီရန် ကျမ်းကို အလယ်ခေတ်တုန်းက လက် တင် ဘာ သာ ပြန်ဆိုခဲ့ကြပြီးသူရဲ့ နေ၀င်ချိန်အရောင်များနဲ့ ပတ်သက်တဲ့ တခြားစာအုပ် ကို လည်း ဘာသာပြန်ခဲ့ကြသေးတယ်။
အရိပ်များ၊ နေကြက် လကြတ်ခြင်းသက်တန့်တို့ရဲ့ ရူ့ပဗေဒ လက္ခဏာရပ် အမျိုးမျိုးဆိုင်ရာ သီအိုရီကို လည်းအကျယ်တ၀င့် လေ့လာ တင်ပြ သွား ခဲ့ပါ တယ်။ အလင်း ရောင်  ရဲ့ရုပ်ပိုင်းသဘာ ၀နဲ့ပတ်သက်ပြီးလည်း တွေးဆတင်ပြ သွားခဲ့ ပါ တယ်။ ရှေးအကျဆုံး ကင်မရာCamera obscura အသုံးပြုပုံတီ ထွင်သူလို့ လည်း ထင် ရှားခဲ့ သူပါ။ သူရဲ့ကျမ်းဟာ အနောက်တိုင်းသိပ္ပံပညာရှင်များအပေါ် ဥပမာ ရော်ဂျာ ကွန်နဲ့ ကက် ပလာ တို့အပေါ်မှာ အတော်ကြီးကို သြဇာလွမ်းနေခဲ့ပါတယ်။ သူ့လက်ရာ မီဇန်အလ် ဟစ်ကမဟ် ကျမ်းထဲမှာ လေထုရဲ့သိပ်သည်းဆနဲ့အမြင် တို့အကြား ပတ်သက်မှုကိုလည်း ဆွေးနွေးထားပါ တယ် ကမ္ဘာလေထု ဆိုင်ရာအလင်း ယိုင်ခြင်း (atmospheric refraction ) ကိုလည်း လေ့ လာသုတေသနပြုခဲ့ ပါတယ် ။ နေဟာမိုးကုတ်စ က်ဝန်းရဲ့အောက် ၁၉ဒီကရီ မှာ ဆည်းဆာ ရပ်တဲ့သွားတာ သို့မဟုတ် စတင်တာကို  သူရှာ ဖွေ ဖေါ် ထုတ်ခဲ့ပါ တယ်။ ဒီအခြေခံအရ လေ ထု ရဲ့အမြင့်ကို တိုင်းတာဖို့ကို လည်း အား ထုတ်ခဲ့ ပါ တယ်။ သချာင်္ပညာ နဲ့ သိပ္ပ ပညာ တို့မှာ သူရဲ့အခန်းကဏ္ဍကြီးမားကျယ်ပြန့်လှပါတယ် သချာင်္ ပညာ ရပ်များ အက္ခရာ သချာင်္နဲ့ ဂျီသြ မေထရီ ပညာရပ်များအကြား ကွင်းဆက်ကို တည် ဆောက် ပြီး အနာလစ်ကခ် ကယ်ဂျီသြမေ ထရီပညာ ကို ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ပါ တယ် ။
အလယ်ခေတ်တွေ အတွင်မှာပဲ သူရဲ့စကြာဝဠာ ဗေဒ Cosmology ကျမ်းကြီးကိုလည်းဟီဘရုး၊လက်တင် နဲ့အခြား ဘာသာများနဲ့ ပြန်ဆို မှုပြုခဲ့ကြပါတယ် ။အိဗနေ အလ် ဟိုင်သမ် ဟာ ယေဘုယျအားဖြင့် ရူပသိပ္ပံပညာရပ်တွေမျာ သြဇာကြီးမားခဲ့ပါတယ်။အမှန်တကယ်ဆို အမြင် ဆိုင်ရာ သုတေသန ပညာရပ်များ သီအိုရီ အရာေ ရာ၊ လက်တွေ့အရပါ ခေတ်သစ် တစ်ခုကို ဖွင်ပေး သွးခဲ့သူတစ်ဦးဖြစ် ပါတယ်။အမြင် ဆိုင်ရာပညာရပ် မှာဒီလိုကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုချက်ကြောင့် လည်း သူကို ခေတ်သစ် အမြင်ပညာရပ်  ၏ဖခင်ကြီး Father of Modern Optic အဖြစ် သတ်မှတ်ခံ ခဲရပါ တယ်။ဒြပ်ဝတ္ထုများ ထဲက အင်နာ ရှား သီအိုရီ (the theory of inertia )ကိုတိုးတက်အောင်လုပ်သွားခဲ့တဲ့ ပထမဆုံး ပုဂ္ဂိုလ်အဖြစ် သမိုင်းတင် ခံရ သူဖြစ်ပါတယ်
၎။ အဗူအလ်ဟဆန် အလ်မ၀ါရီဒီ ( ၉၇၂-၁၀၅၈)
ခရစ်နှစ် ၉၇၂မှာ ဘဆရာမြိုမှာမွေးဖွားခဲ့ပါသည်။ ဥပဒေပညာရှင်ကြီး အဗူအလ်ဝါဟီဒ် အလ်စိ မာရီ ထံမှာ ဖိကာဟ် ကိုသင်ယူခဲ့ပါတယ်။ ကာသွီတရားသူကြီး အဖြစ် စတင်ခန့်ထား ရအပြီးမှာ တ ဖြည်း ဖြည်းချင်း ရာထူးက တိုးမြင့်လာပြီး အဆုံးမှာ ဘဂ္ဂဒတ် နေပြည်တော်မှာတရား  သူကြီး ချုပ် အဆင့် ဖြစ်လာခဲ့ပါတယ်။ အလ်မ၀ါရီဒီ ဟာဥပဒေပ ညာရှင်ကြီး ဖြစ် သလိုမုဟဒ္ဒိဆ်း ဟဒီဆ် ပညာရှင် လူမှုရေးပညာရှင်၊ နိုင်ငံရေးသိပ္ပံ အရာမှ လည်းပါရဂူ မြောက် သူတစ်ဦး လည်းဖြစ် ခဲ့ပါတယ်။ နိုင်ငံရေး သိပ္ပံနဲ့ လူမှုရေးပညာရပ် ဆိုင်ရာ ဂန္တ၀င် မြောက်ကျမ်းပေါင်းများစွာကို ပြုစုရေးသားသွားခဲ့ပြီးး အကျော် အကြားအ ထင် ရှား ဆုံး ကျမ်းတွေက ကိသာဗ် အလ်အဟကမ် အလ်ဆုလ်တာနီးယား၊ ကာနွန်း အလ် ၀ဇာ ရဟ်ကျမ်း နဲ့ ကီသဗ် နဆီဟဟ် အလ်မုလ်က်ကျမ်း တို့ပဲဖြစ်ပါတယ်။
ဒီကျမ်းတွေက နိုင်ငံရေးသိပ္ပံ ဆိုင်ရာ စည်းမျဉ်းတွေ ကိုဆွေးနွေးထားရာမှာ ခလီဖွာများ၊ ၀န်ကြီး ချုပ် များ၊ ၀န်ကြီးများ ရဲ့လုပ်ငန်းဆောင်တာ နဲ့ တာဝန်များ အကြောင်းကိုလည်း အထူး တ လည် ဆွေးနွေတင်ပြထားပါတယ် ပြည်သူနဲ့အစိုးရအကြားအခန်းကဏ္ဍအမျိုးမျိုး၊အစိုးရ ကိုအား ကောင်း စေမဲ့ အကြောင်းအရာများနဲ့ စစ်ရေးစစ်ရာ မှာ အောင်မြင်မှုရရှိ စေမယ့် ဗျုဟာများ အ ကြောင်း လည်းပါဝင်ပါတယ်။ဒီကျမ်းတွေကို ထုတ်ဝေဖြန်ချီရာ မှာလည်း ဘာသာ စကား အသီး သီး နဲ့လည်း ဘာသာပြန်ဆို ခဲ့ကြပါတယ်။ ကိုယ်ကျင့်တရားလူကျင့်ဝတ် ဆိုင်ရာ ပညာရပ်နဲ့ ပတ် သက်လို့လည်း ကိသဗ် အဒဗ် အလ် ဒွနူယာ ၀အလ်ဒီန်း ကျမ်းကိပြုစု သွားခဲ့ရာ ဒီပညာရပ် ဘက် မှာဆို အတော်ကို လူသိများထင်ရှားခဲ့ပါတယ်ယ။ တစ်ချိုသော အစ္စလာမ် နိုင်ငံ တွေ မှာ ဆို ရင် ကနေ အထိ ဒီကျမ်းကို ဖတ်ရှုလေ့လာနေကြတုန်းပါပဲ
မှတ်ချက် ရှေးခေတ် မွတ်စလင်ပညာရှိကြီးများသည် ဘာသာရပ်တစ်ခုတည်း ကိုသာ ပါရဂူမြောက် ထူးချွန်ကြသူများ မဟုတ်ကြပဲ ဘာသာရပ်မျိုးစုံ စွယ်စုံရ ပညာရှင်ကြီးများ ဖြစ်ကြတာကိုသတိပြုစေလိုပါသည်။
ရေးသားတင်ပြသူ – ၀ါးခယ်မမောင်မင်းနိုင်
REF ; AS SALAM

 http://muslimtime.wordpress.com

ကုရ်အာန်နီ ဒိုအာများ.......


رَ‌بَّنَا تَقَبَّلْ مِنَّا ۖ إِنَّكَ أَنتَ السَّمِيعُ الْعَلِيمُ ﴿١٢٧
အိုကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့ထံမှ (ဤကောင်းမှုကို မိမိ၏အနန္တကျေးဇူးတော်ဂုဏ်ဖြင့်)သဘောတူလက်ခံယူတော်မူပါ၊ ဧကန်မုချ အရှင်သည်သာလျှင်(ကျွန်တော်မျိုးတို့ တောင်းဆိုသော ဆုများကို) ကြားတော်မူသောအရှင် (ကျွန်တော်မျိုး တို့၏အာသာန္ဒများကိုလည်း)သိတော်မူသော အရှင်ဖြစ်တော်မူပါ၏။(2;127)


2:128
 

 အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ အရှင်သည် ကျွန်တော်မျိုးတို့အား မိမိ၏ အမိန့်တော်ကိုခံယူသူ မွတ်စ်လင်မ်နှစ်ဦးဖြစ်စေတော်မူပါ၊ ထိုနည်းတူစွာကျွန်တော်မျိုးတို့၏ သားစဉ်မြေးဆက် ကိုလည်း အရှင်၏ အမိန့်တော်ကို နာခံကြသူ မွတ်စ်လင်မ်များ ဖြစ်စေတော်မူပါ၊ ထိုမှတပါးအရှင်မြတ်သည် ကျွန်တော်မျိုး အား သာ သနာရေး၌ လိုက်နာကြရမည်ဖြစ်သော နည်းနာနိသျည်း အစီအစဉ်တို့ကိုလည်းစံနစ်တကျ ကျင့်သုံးနိုင်ကြစေခြင်းငှာ သင်ကြားပြသပေးသနားတော်မူပါ၊ ထို့ပြင်လည်း အရှင်မြတ်သည် ကျွန်တော်မျိုးတို့ဖက်သို့ ကရုဏာတော်ဖြင့် လှည့်တော်မူပါ၊ ဧကန်ဆတ်ဆတ်အရှင်မြတ်သည်သာလျှင် ကရုဏာ တော်ဖြင့် အကြိမ်ကြိမ်အဖန်ဖန် လှည့်တော်မူသော အရှင်၊ အစဉ်အမြဲ သနားကြင်နာညှာတာတော်မူသောအရှင် ဖြစ်တော်မူပါ၏။(2;128)
 


 رَ‌بَّنَا آتِنَا فِي الدُّنْيَا حَسَنَةً وَفِي الْآخِرَ‌ةِ حَسَنَةً وَقِنَا عَذَابَ النَّارِ‌ ﴿٢٠١
အို-ကျွန်တော်မျိုး တို့အားမွေးမြူ တော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ကို ဤပစ္စုပ္ပန်ဘ၀၌၎င်း၊ နောင် တမလွန်ဘ၀၌၎င်း၊ (နှစ်ဘ၀ လုံး၌ပင်) ကောင်းကျိုး ချမ်းသာမင်္ဂလာများကို ပေးသနားတော် မူပါ။ ငရဲမီး၏ ဘေးဒဏ်မှလည်း ကယ်ဆယ်တော်မူပါဟု ဆုတောင်းပတ္တနာ ပြုကြလေသည်။(2;201)


  رَ‌بَّنَا أَفْرِ‌غْ عَلَيْنَا صَبْرً‌ا وَثَبِّتْ أَقْدَامَنَا وَانصُرْ‌نَا عَلَى الْقَوْمِ الْكَافِرِ‌ينَ ﴿٢٥٠
 အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူ သောအရှင်၊ အရှင် မြတ်သည် ကျွန်တော်မျိုးတို့ အပေါ်ဝယ် ဇွဲသတ္တိကို သွန်း လောင်း၍ ပေးသနား တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုး တို့၏ခြေများကို ခိုင်မြဲစွာ ရပ်တည်စေတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန် တော်မျိုးတို့အား ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန် သောသူတို့အပေါ်၌ အောင်မြင်မှုရရန်ကူညီစောင်မ တော်မူပါဟု ရွတ်ဆို(ပတ္ထနာ) ပြုကြကုန်၏။(2;250)


 رَ‌بَّنَا لَا تُؤَاخِذْنَا إِن نَّسِينَا أَوْ أَخْطَأْنَا ۚ رَ‌بَّنَا وَلَا تَحْمِلْ عَلَيْنَا إِصْرً‌ا كَمَا حَمَلْتَهُ عَلَى الَّذِينَ مِن قَبْلِنَا ۚ رَ‌بَّنَا وَلَا تُحَمِّلْنَا مَا لَا طَاقَةَ لَنَا بِهِ ۖ وَاعْفُ عَنَّا وَاغْفِرْ‌ لَنَا وَارْ‌حَمْنَا ۚ أَنتَ مَوْلَانَا فَانصُرْ‌نَا عَلَى الْقَوْمِ الْكَافِرِ‌ينَ ﴿٢٨٦
  အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသောအရှင်၊ ကျွန်တော် မျိုးတို့မေ့လျော့၍ဖြစ်စေ၊မှားယွင်း ချွတ်ချော်၍ဖြစ်စေ (ပြုမိသော မကောင်းမှုနှင့်စပ်လျဉ်း၍) အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။ထို့ပြင်တဝ အို-ကျွန်တော်မျိုးတို့အား မွေးမြူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အလျင် ရှေးအထက်အဆက်ဆက်က လူမျိုးတို့အပေါ်၌ တင်ထားတော်မူသကဲ့သို့ ကျွန်တော်မျိုးတို့ အပေါ်၌ လေးလံသောဝန်ကို တင်တော်မမူပါနှင့်။ ထို့ပြင် အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့ မတတ်စွမ်းနိုင်သောတာဝန်ကိုလည်း အရှင်မြတ် သည် ကျွန်တော်မျိုးတို့အားထမ်းရွက်စေတော် မမူပါနှင့်။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော် မျိုးတို့ကို ခွင့်လွှတ်တော်မူပါ၊ ၄င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (အပြစ်များမှ) လွတ်ငြိမ်း ချမ်းသာခွင့်ကိုပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့ အပေါ်ဝယ်၊ သနားညှာတာတော်မူပါ။ အရှင်မြတ်သည်သာလျှင် ကျွန်တော်မျိုးတို့အား ကူညီစောင်မတော် မူသော အရှင်ဖြစ်တော်မူပါ၏၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား”ကာဖိရ်” မယုံမကြည် သွေဖည်ငြင်းဆန် သောသူ များအပေါ်ဝယ် (အောင်နိုင်စေခြင်းငှါ) ကူညီစောင်မတော်မူပါ။(2;286)

  سَمِعْنَا وَأَطَعْنَا ۖ غُفْرَ‌انَكَ رَ‌بَّنَا وَإِلَيْكَ الْمَصِيرُ‌ ﴿٢٨٥
 “ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏အမိန့်တော်များကို) ကြားနာ ကြ ပါပြီ။ ထို့ပြင်တဝ (ကြားနာသည့်အတိုင်း) လိုက်နာကြ ပါပြီ။ အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသော အသျှင် (ကျွန်တော်မျိုးတို့သည် အပြစ်များမှ) အသျှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တော်မူခြင်းကိုသာ (ထာဝစဉ် လိုလားတောင့်တကြပါ သည်)။ တဖန်(ကျွန်တော်မျိုးတို့၏ ပြန်လည်ရောက်ရှိရာ)နောက်ဆုံး စခန်းသည် လည်း အရှင်မြတ်၏ အထံတော်၌ပင် ဖြစ်ပါသည်” ဟုလျှောက်ထား ပန်ကြားကြလေသတည်း။(2;285)
  
رَ‌بَّنَا إِنَّنَا آمَنَّا فَاغْفِرْ‌ لَنَا ذُنُوبَنَا وَقِنَا عَذَابَ النَّارِ‌ ﴿١٦
  ကျွန်တော်မျိုးတို့သည် မလွဲဧကန် (အရှင်မြတ်ကို)သက်ဝင်ယုံကြည်ကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ ပြစ်မှုဒုစရိုက်တို့ကို ခွင့်လွှတ်တော်မူပါ။ ၎င်းပြင်(နောင်တမလွန်ဘ၀တွင်) ကျွန်တော်မျိုးတို့အား ငရဲ မီးဘေးမှလည်း ကာကွယ်စောင့်ရှောက်တော်မူပါဟု လျှောက်ထားပန်ကြားကြလေသည်။(3;16)

 اللَّـهُمَّ مَالِكَ الْمُلْكِ تُؤْتِي الْمُلْكَ مَن تَشَاءُ وَتَنزِعُ الْمُلْكَ مِمَّن تَشَاءُ وَتُعِزُّ مَن تَشَاءُ وَتُذِلُّ مَن تَشَاءُ ۖ بِيَدِكَ الْخَيْرُ‌ ۖ إِنَّكَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ‌ ﴿٢٦
 အာဏာတန်ခိုး အမျိုးမျိုးကို စိုးပိုင်တော်မူသော အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် မိမိနှစ်လို တော်မူသောသူအား တန်ခိုးအာဏာကို ပေးသနား တော်မူ၏။ ထိုနည်းတူစွာ အရှင်မြတ်သည် မိမိ အလိုရှိတော်မူသော သူ၏ထံမှ သြဇာအာဏာကိုပြန်လည်ရုပ်သိမ်းတော်မူ၏။ ထိုနည်းပမာ အရှင် မြတ်သည်မိမိနှစ်လိုတော်မူသောသူကို ဂုဏ်အင်ဒြပ် ချီးမြှင့်တော်မူ၏။ထိုနည်းအတိုင်းပင် အရှင်မြတ် သည် မိမိအလိုရှိတော်မူသောသူကို ဂုဏ်အင်ဒြပ် နှိမ့်ချယုတ်လျော့စေတော်မူ၏။ကောင်းမြတ်ခြင်း အဖြာဖြာတို့သည် အရှင်မြတ်၏လက်တော်၌သာလျှင်ရှိ၏။ မုချဧကန် ကိုယ်တော်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင်တည်း(3;26)

 رَ‌بِّ هَبْ لِي مِن لَّدُنكَ ذُرِّ‌يَّةً طَيِّبَةً ۖ إِنَّكَ سَمِيعُ الدُّعَاءِ ﴿٣٨
  အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးကို မိမိ အထံတော်မှစင်ကြယ်သန့်ရှင်း အပြစ်ကင်းသော သားကောင်းရတနာတစ်ပါး ကို ပေးသနားတော်မူပါ။ မလွဲဧကန် အရှင်မြတ်သည် ဆုတောင်းပတ္ထနာများကို ကြားတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူ ပေသတည်း ဟု လျှောက်ထားပန်ကြားခဲ့လေသည်။(3;38)


3:53
 အို-ကျွန်တော်မျိုးတို့၏ အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထုတ်ပြန် ပို့ချတော်မူသော အမိန့်တော်များကို ယုံကြည်၍(အရှင်မြတ် စေလွှတ်တော်မူသော) ရစူလ်တမန်တော် [အီစာ(အလိုင် ဟစ္စလာမ်)၏ သြ၀ါဒများကို(လည်း တသွေမတိမ်း)]လိုက်နာ ကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ် သည် ကျွန်တော်မျိုးတို့အား သက်သေခံသူအပေါင်း နှင့်အတူ ရေးမှတ်တော်မူပါ (ဟု အလ္လာဟ်အရှင်မြတ် အထံတော်၌ ဆက်လက်၍ ဆုတောင်း ပတ္ထနာပြုကြကုန်သတည်း)။(3;53)

 رَ‌بَّنَا اغْفِرْ‌ لَنَا ذُنُوبَنَا وَإِسْرَ‌افَنَا فِي أَمْرِ‌نَا وَثَبِّتْ أَقْدَامَنَا وَانصُرْ‌نَا عَلَى الْقَوْمِ الْكَافِرِ‌ينَ ﴿١٤٧
 အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ အပြစ်များကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ အရေးကိစ္စတွင် ကျွန်တော်မျိုးတို့၏ အလွန်အကျွန် ပြုမူခဲ့ခြင်းများကိုလည်းကောင်း၊ ချမ်းသာခွင့်ပေးသနားတော်မူပါ။ ထိုမှတပါး အသျှင်မြတ်သည်ကျွန်တော်မျိုး တို့၏ခြေများကို (ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်အပေါ်၌) တည်တံ့ခိုင်မြဲစေတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား ကာဖိရ် ယုံကြည်ခြင်းသဒ္ဓါတရားကင်းမဲ့သော သူတို့အပေါ်၌ အောင်မြင် ခြင်းကို ပေးသနားတော်မူပါ(3;147)

 رَ‌بَّنَا مَا خَلَقْتَ هَـٰذَا بَاطِلًا سُبْحَانَكَ فَقِنَا عَذَابَ النَّارِ‌ ﴿١٩١
အို-ကျွန်တော်မျိုးတို့၏ အရှင်၊အရှင်မြတ်သည် ဤ(ဖန်ဆင်းထားသောအရာများ)ကို အချည်းနှီး ဖန်ဆင်းထားတော်မူသည်မဟုတ်ပါ၊ အရှင်မြတ်သည်ချို့တဲ့ခြင်းအပေါင်းမှ ကင်းစင်တော်မူပါ၏။ သို့ဖြစ်ပါ၍အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ငရဲမီး၏ပြစ်ဒဏ်မှဖယ်ရှားတော်မူပါ(3;191)

  رَ‌بَّنَا إِنَّكَ مَن تُدْخِلِ النَّارَ‌ فَقَدْ أَخْزَيْتَهُ ۖ وَمَا لِلظَّالِمِينَ مِنْ أَنصَارٍ‌ ﴿١٩٢
 အို-ကျွန်တော်မျိုးတို့၏အရှင်၊ ဧကန်မုချ အရှင်မြတ်သည် အကြင်မည်သူ့ကိုမဆို ငရဲမီးထဲသို့ ထည့်သွင်းတော်မူပါလျှင် အရှင်မြတ်သည် ထိုသူအားမုချဂုဏ်ရည်သေးသိမ်အောင်ပြုတော်မူချေပြီ။ ၎င်းပြင် မတရားကျူးလွန်သောသူတို့အဖို့ ကူညီ စောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှမ ရှိပါ။(3;192)

  رَّ‌بَّنَا إِنَّنَا سَمِعْنَا مُنَادِيًا يُنَادِي لِلْإِيمَانِ أَنْ آمِنُوا بِرَ‌بِّكُمْ فَآمَنَّا ۚ رَ‌بَّنَا فَاغْفِرْ‌ لَنَا ذُنُوبَنَا وَكَفِّرْ‌ عَنَّا سَيِّئَاتِنَا وَتَوَفَّنَا مَعَ الْأَبْرَ‌ارِ‌ ﴿١٩٣
 အို- ကျွန်တော်မျိုးတို့၏အရှင်၊ မုချဧကန်၊ ကျွန်တော်မျိုးတို့သည် ကြွေးကြော်သူတစ်ဦး (၏ ကြွေးကြော်သံကို)ကြားကြပါသည်။ ထိုသူသည် (လူခပ်သိမ်းတို့အား) အီမာန်ယုံကြည်ခြင်းတရား ထားရန်အလို့ငှာ(အို-လူအပေါင်းတို့)အသင်တို့ သည် မိမိတို့၏အရှင်မြတ်အား ယုံကြည်ကြကုန်ဟုကြွေးကြော်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်မျိုးတို့သည် (အရှင်မြတ်အား) ယုံကြည်ကြပါပြီ။ အို-ကျွန်တော်မျိုးတို့၏အရှင်၊ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(ကြီးလေးသော) အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ၎င်းပြင်အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(သေးငယ်သော) မကောင်းမှုများကိုလည်း ကျွန်တော်မျိုးတို့ထံမှ ပပျောက်စေ တော်မူပါ။၎င်းပြင် အရှင်မြတ်သည် (မိမိ၏ ကရုဏာတော်အဟုန်ဖြင့်)ကျွန်တော်မျိုးတို့အား သူမွန်သူမြတ်တို့နှင့် အတူတကွ သေဆုံးစေတော်မူပါ(3;193)

 رَ‌بَّنَا وَآتِنَا مَا وَعَدتَّنَا عَلَىٰ رُ‌سُلِكَ وَلَا تُخْزِنَا يَوْمَ الْقِيَامَةِ ۗ إِنَّكَ لَا تُخْلِفُ الْمِيعَادَ ﴿١٩٤
 အို-ကျွန်တော်မျိုးတို့၏အရှင်၊ ၎င်းပြင် အရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော်များမှ တစ်ဆင့် ကျွန်တော်မျိုးတို့အား ကတိပြုတော်မူသော ကုသိုလ်အကျိုးကိုလည်းကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။ ၎င်းပြင်အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကိယာမတ်နေ့တွင်ဂုဏ်ရည် သေးသိမ်အောင် ပြုတော်မမူပါလင့်။ မုချဧကန်အရှင်မြတ်သည် (မိမိထားရှိသော) ကတိတော်ကို (ဘယ်သောအခါမျှ) ဖောက် ဖျက်တော်မူသည် မဟုတ်ပါ။(3;194)

 رَ‌بَّنَا أَخْرِ‌جْنَا مِنْ هَـٰذِهِ الْقَرْ‌يَةِ الظَّالِمِ أَهْلُهَا وَاجْعَل لَّنَا مِن لَّدُنكَ وَلِيًّا وَاجْعَل لَّنَا مِن لَّدُنكَ نَصِيرً‌ا ﴿٧٥
 အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤအကြင်မြို့ရွာမှ ထုတ်ဆောင်တော်မူပါ။ ထိုမြို့ရွာသူမြို့ရွာသားများသည် မတရားနှိပ်စက်ညှဉ်းပန်းသူများဖြစ်ကြပါ၏။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဘို့ မိမိအထံတော်မှ အဆွေခင်ပွန်းတဦးဦးကိုဖန်တီး၍ ပေးသနားတော်မူပါ။ ထိုနည်းတူစွာ အရှင်မြတ်သည်ကျွန်တော်မျိုးတို့အဖို့ မိမိအထံတော်မှ ကာကွယ်စောင့်ရှောက်မည့်သူ တစ်ဦးဦးကိုလည်း ဖန်တီး၍ပေးသနားတော်မူပါ’ ဟုလျှောက်ထား ပန်ကြားလျက် ရှိကြကုန်သတည်း။(4;75)

 رَ‌بَّنَا أَنزِلْ عَلَيْنَا مَائِدَةً مِّنَ السَّمَاءِ تَكُونُ لَنَا عِيدًا لِّأَوَّلِنَا وَآخِرِ‌نَا وَآيَةً مِّنكَ ۖ وَارْ‌زُقْنَا وَأَنتَ خَيْرُ‌ الرَّ‌ازِقِينَ ﴿١١٤
  အိုကျွန်တော်မျိုးတို့ အား မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး တို့အပေါ်သို့ မိုးကောင်းကင်မှ စားဖွယ်သောက်ဖွယ်ကို ချပေးသနား တော်မူပါ၊ ထိုစားဖွယ်သောက် ဖွယ်သည် ကျွန်တော်မျိုးတို့အဖို့ (၀ါ) ကျွန်တော်မျိုးတို့တွင် ရှေးကျသူများ အဖို့လည်းကောင်း၊ ကျွန်တော်မျိုးတို့နောက် လာလတ္တံ့သောသူများအဖို့လည်းကောင်း၊ပျော်ရွှင်ဖွယ်ရာ ဖြစ် ပါစေ၊ ၎င်းပြင် အရှင်မြတ်ထံတော်မှသက်သေလက္ခဏာ တော် တစ်ပါးလည်းဖြစ်ပါစေ။အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။အမှန်စင်စစ် အရှင်မြတ်သည်သာလျှင် အကောင်းဆုံးသောပေးသနားတော်မူသောအရှင် ဖြစ်တော်မူ ပါသည်" ဟုလျှောက်ထားပန်ကြားလေသည်။(5@114)

 رَ‌بَّنَا آمَنَّا فَاكْتُبْنَا مَعَ الشَّاهِدِينَ ﴿٨٣
  "အို - ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့သည် ယုံကြည်ပါပြီ၊ သို့ဖြစ်ပေရာ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်း ယုံကြည်ထောက်ခံသက်သေထွက်ဆိုသော သူတို့နှင့်အတူ အသိအမှတ်ပြုတော်မူပါ" ဟု လျှောက်ထားပန်ကြား ကြကုန်သတည်း။(5;83)

  رَ‌بُّنَا مَعَ الْقَوْمِ الصَّالِحِينَ ﴿٨٤
 အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်က သူတော်စင်တို့တွင် အပါအ၀င်ဖြစ်စေတော်မူမည်ကို မျှော်လင့်လျက်ရှိကြပါသည် (ဟုပြောဆိုကြ၏)။(5;84)

 رَ‌بَّنَا لَا تَجْعَلْنَا مَعَ الْقَوْمِ الظَّالِمِينَ ﴿٤٧
  အိုကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤမတရားကျူးလွန်သော သူတို့နှင့်အတူ ထားတော်မမူပါနှင့် ဟု လျှောက်ထားပန်ကြား ကြလိမ့်မည်။(7;47)

 أَنتَ وَلِيُّنَا فَاغْفِرْ‌ لَنَا وَارْ‌حَمْنَا ۖ وَأَنتَ خَيْرُ‌ الْغَافِرِ‌ينَ ﴿١٥٥
 အရှင်မြတ်သည်ပင်လျှင် ကျွန်တော်မျိုးတို့၏ကိစ္စ(အ၀၀တို့)ကို (ပြီးစီးအောင်) ဆောင်ရွက်ပေးတော်မူသောအရှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားသနားညှာတာတော်မူပါ။ အမှန်စင်စစ်သော်ကားအရှင်မြတ်သည် အကောင်းဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်မြတ်ပင်တည်း(7;155)

 ١٥٦ ﴿﴾ وَاكْتُبْ لَنَا فِي هَـٰذِهِ الدُّنْيَا حَسَنَةً وَفِي الْآخِرَ‌ةِ إِنَّا هُدْنَا إِلَيْكَ

 ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ဤလောက၌လည်းကောင်း၊ နောင်တမလွန်ဘ၀၌လည်းကောင်း၊ ကောင်းကျိုးချမ်းသာကို သတ်မှတ် ပြဌာန်း၍ပေးတော်မူပါ။ ကျွန်တော်မျိုးသည် ဧကန်စင်စစ် အရှင်မြတ်ဘက်တော်သို့သာလျှင် ပြန်၍လှည့်ခဲ့ကြလေပြီ။(7;156)

 حَسْبِيَ اللَّـهُ لَا إِلَـٰهَ إِلَّا هُوَ ۖ عَلَيْهِ تَوَكَّلْتُ ۖ وَهُوَ رَ‌بُّ الْعَرْ‌شِ الْعَظِيمِ ﴿١٢٩
ကျွန်တော်မျိုးတိုအဖို့ အလ္လာဟ်အရှင်မြတ်သည် (အဖက်ဖက်မှ) လုံလောက်တော်မူပေသည်၊ ထိုအရှင်မြတ်မှတစ်ပါး ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိ။ ထိုအရှင်မြတ်အပေါ်၌သာလျှင်ငါသည် (အစစအရာရာတွင် လုံးဝ)ယုံကြည် လွှဲအပ်ခဲ့လေပြီ၊ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကြီးကျယ်မြင့်မြတ် လှစွာသောအရ်ရှ်ပလ္လင်တော်ကို စိုးပိုင်တော်မူ သောအရှင်လည်း ဖြစ်တော်မူပေသတည်း(၉း၁၂၉)

  رَ‌بَّنَا أَفْرِ‌غْ عَلَيْنَا صَبْرً‌ا وَتَوَفَّنَا مُسْلِمِينَ ﴿١٢٦
 အို-ကျွန်တော်မျိုးတို့၏အရှင်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်၌ ကြံ့ခိုင်မှုကို သွန်းလောင်း ၍ ပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (မုစ်လင်မ်) အမိန့်တော်ကို လိုက်နာသူများအဖြစ် သေဆုံးစေတော်မူပါ(7;126)

 رَ‌بَّنَا لَا تَجْعَلْنَا فِتْنَةً لِّلْقَوْمِ الظَّالِمِينَ ﴿٨٥
 "အိုကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေမြူးတော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား နှိပ်စက်ကလူပြုမူကြကုန်သောသူတို့၏ အနှိပ်စက်ခံကြရသူများအဖြစ် ပြုတော်မမူပါနှင့်"(ဟူ၍ လည်းကောင်း)(10;85)

  وَنَجِّنَا بِرَ‌حْمَتِكَ مِنَ الْقَوْمِ الْكَافِرِ‌ينَ ﴿٨٦
  ထိုမှတစ်ပါး အရှင်မြတ်သည် မိမိ၏ကရုဏာတော်နှင့် ကျွန်တော်မျိုးတို့အား ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့(၏အန္တရာယ်များ)မှ ကယ်တင်တော်မူပါ "(ဟူ၍လည်းကောင်း) ပန်ကြားခဲ့ကြလေသတည်း။(10;86)


11:47
 ထို(နဗီတမန်တော်နူဟ်)သည် (ဤသို့)လျှောက်ထားပန်ကြားလေတော့၏။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိမသိသောအရာကို အရှင်မြတ်အထံတော်၌ နောက်နောင်မလျှောက်ထားမိရန် အရှင်မြတ်အားဖြင့် အကာအကွယ်ယူပါ၏။ (တစ်နည်း) အရှင်မြတ်အထံတော်၌ ခိုလှုံပါ၏။ စင်စစ်မူကား အကယ်၍သာ အရှင်မြတ်သည် (ကျွန်တော်မျိုး လွဲချော်၍ ပြုမိခဲ့သောအပြစ်မှ) ကျွန်တော်မျိုးအား ချမ်းသာပေးတော်မမူခဲ့ပါလျှင် ၎င်းပြင်အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ၀န်ချတောင်းပန်ချက်ကို လက်ခံတော်မူခြင်းအားဖြင့်) ကျွန်တော်မျိုးအား သနားကရုဏာပြုတော်မမူခဲ့ပါလျှင် ကျွန်တော်မျိုးသည် ဆုံးရှုံးသူတို့တွင် အပါအ၀င် ဖြစ်သွားရပါတော့မည်။(11;47)


39:46
 (အို-နဗီတမန်တော်၊) အသင်သည် (ဤသို့)လျှောက်ထားပန်ကြားပါလေ။ အို-မိုးကောင်းကင်များ ကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော၊အကွယ်၌ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားသည်ကိုလည်းသိတော်မူသော အလ္လာဟ်အရှင်မြတ်သည်၊ အရှင်မြတ်သည်ပင်မိမိကျွန်တို့၏အကြားဝယ် ၎င်းတို့အချင်းချင်း သဘော ကွဲလွဲလျက်ရှိခဲ့ကြကုန်သော အရေးကိစ္စတို့နှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူမည် ဖြစ်ပါသည်။(39;46)


17:80
 ၎င်းပြင် အသင်သည် “ အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား (မဒီနဟ်မြို့တော်သို့) နှစ်သက်ကောင်းမွန်စွာဝင်ရောက်စေခြင်းမျိုးနှင့်ဝင်ရောက် စေတော်မူပါ။ ထိုနည်းတူစွာအရှင်မြတ်သည် ကျွန်တော်မျိုးအား (မက္ကဟ်မြို့တော်မှ)နှစ်သက်ကောင်းမွန်စွာ ထွက်စေခြင်းမျိုးနှင့် ထွက်စေတော်မူပါ။ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိအထံတော်မှ ကူညီစောင်မမည့် အားအင်စိုးမိုးမှုကို ချီးမြှင့်ပေးသနားတော်မူပါဟု ”လျှောက်ထားလျက်ရှိပါလေ။(17;80)


14:38
 အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ လျှို့ဝှက်ကြသော အချက်တို့ကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့ ထင်ရှားစေကြကုန်သောအချက်တို့ကို လည်းကောင်း၊ သိရှိတော်မူပါ၏။စင်စစ်သော်ကား ပထ၀ီမြေ၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ် အရှင်မြတ်အပေါ်၌ ဖုံးအုပ်လျက်အလျင်းမရှိပေ။
(14;38)


14:40
 အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးအား အမြဲတစေ 'ဆွလာတ်' ၀တ်ပြုသူ ပြုလုပ်တော်မူပါ။ ထိုနည်းတူစွာ ကျွန်တော်မျိုး၏နောက်သားနောက်မြေးတို့အနက်မှလည်း (ဆွလာတ်ဝတ်ပြုသူများပြုလုပ်တော်မူပါ)။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၏(ဤ) ဆုမွန်ပတ္ထနာကို သဘောတူ လက်ခံတော်မူပါ။(14;40)


14:41
 အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် စစ်ဆေးမှုဖြစ်ပေါ်လာမည့်နေ့တွင် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏မိဘနှစ်ပါးအားလည်းကောင်း၊မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အားလည်းကောင်း၊ (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ(14;41)

 رَّ‌بِّ ارْ‌حَمْهُمَا كَمَا رَ‌بَّيَانِي صَغِيرً‌ا ﴿٢٤
 အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်၊ ထိုမိဘနှစ်ပါးသည်ကျွန်တော် မျိုးအား ငယ်စဉ်တောင်ကျေး ကလေးဘ၀၌ ပြုစုပျိုးထောင်ခဲ့ကြသကဲ့သို့ပင် အရှင်မြတ်သည်လည်း ၎င်းတို့နှစ်ပါးအပေါ်၌ ကရုဏာပြုတော်မူပါဟု လျှောက်ထားပန်ကြားပါလေ။(17;24)

 رَ‌بَّنَا آتِنَا مِن لَّدُنكَ رَ‌حْمَةً وَهَيِّئْ لَنَا مِنْ أَمْرِ‌نَا رَ‌شَدًا ﴿١٠
 ကျွန်တော်မျိုးတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား မိမိအထံတော်မှ ကရုဏာတော်ကို ချီးမြှင့်ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ကျွန်တော်မျိုးတို့၏အရေးကိစ္စ၌ ဖြောင့်မတ်မှုကို ပေးသနားတော်မူပါဟု လျှောက်ထား(အသနား)ခံခဲ့ ကြကုန်၏။(18;10)


20:25
 (ထိုအခါ) ယင်းမူစာက(ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏ ရင်ကို ကျယ်ဝန်းကြည်လင်စေတော်မူပါ။(20;25)


20:26
 ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုး၏အရေးကိစ္စကို လွယ်ကူစေတော်မူပါ(20;26)


20:27
 ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုး၏ လျှာမှအထုံးကို ဖြေ၍ ပေးတော်မူပါ။(20;27)


20:28
 ကျွန်တော်မျိုး၏ စကားကို (လူသားတို့) နားလည်နိုင်ကြရန်(20;28)

  رَّ‌بِّ زِدْنِي عِلْمًا ﴿١١٤
 အိုကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၌ အသိပညာကို တိုးပွားစေတော်မူပါ” ဟု လျှောက်ထား (အသနားခံ)ပါလေ။(20;114)
 
 http://mgnyinyilatt.blogspot.com